ဒီအေလ့အက်င့္ေတြလုပ္ၿပီးမွ ညအိပ္ယာ၀င္ပါ...

ညမအိပ္ခင္ျပဳလုပ္သင့္တဲ့အေလ့အက်င့္မ်ား
လူတစ္ေယာက္အတြက္ ညတစ္ညရဲ႕အိပ္စက္အနားယူခ်ိန္ဟာ အရမ္းအေရးၾကီးတဲ့အခ်ိန္ျဖစ္ပါတယ္။ ညတစ္ညကို ေ ကာင္းေကာင္းအိပ္စက္အနားယူႏိုင္သူေတြအဖို႕ လွပတဲ့မနက္ခင္းေလးကုိလန္းဆန္းစြာဆီးၾကိဳႏိုင္သလို တစ္ေန႕တာလံုးကိုအေကာင္းဆံုးဖန္တီးႏိုင္ဖို႕ ခြန္အားေတြလည္း ျပည့္ဝေနတတ္ၾကပါတယ္။ လူအမ်ဳိးမ်ဳိးစိတ္အေထြေထြရိွၾကရာ တစ္ခ်ဳိ႕က ေကာင္းမြန္တဲ့အေလ့အက်င့္ေကာင္းေတြနဲ႕ အိပ္ယာဝင္တတ္ၾကျပီး ထိုလူမ်ားမွာအမ်ားအားျဖင့္ ေအာင္ျမင္တဲ့ပုဂၢဳိလ္ေတြျဖစ္ၾကေၾကာင္း လူမႈေရးရာကြ်မ္းက်င္ပညာရွင္တို႕က ေျပာဆိုထားၾကပါတယ္။
အိပ္ယာမဝင္ခင္စာဖတ္ျခင္း
ေအာင္ျမင္တဲ့ပုဂၢဳိလ္ေတြဟာညအိပ္ယာမဝင္ခင္မွာစာအုပ္စာေပမ်ားဖတ္ရႈေလ့ရိွၾကပါတယ္။စာေပေတြကိုေလ့လာဖတ္ရႈရင္း၊ေကာင္းမြန္တဲ့အၾကံအစည္ေတြကိုႏွလံုးသားဝယ္သိမ္းဆည္းရင္းအေကာင္းဆံုးအိပ္ယာဝင္တတ္ပါတယ္။စီးပြားေရးလုပ္ငန္းေတြကို ေကာင္းစြာဦးေဆာင္ေနတဲ့ပုဂၢဳိလ္အမ်ားစုဟာသူတို႕ရဲ႕ျပကၡဒိန္မွာမနက္ျဖန္အတြက္လုပ္ေဆာင္ရမယ့္ကိစၥရပ္ေတြကိုသတ္မွတ္ျပီးမွေကာင္းေကာင္းအိပ္စက္အနားယူတတ္ေၾကာင္းInternational Business Speaker တစ္ေယာက္ျဖစ္တဲ့MichaelKerr ကေျပာဆိုထားပါတယ္။ BrarckOhamaလိုပုဂၢဳိလ္ေတြ၊ BillGatesလိုပုဂၢဳိလ္ေတြလည္း ညအိပ္ယာမဝင္မွီမွာ စာေပေတြေလ့လာဖတ္ရႈေလ့ရိွေၾကာင္းေျပာဆိုထားပါတယ္။
အိပ္ယာဝင္ခ်ိန္မွာ ရံုးအလုပ္ေတြကိုေမ့ထားလိုက္ျခင္း
အလုပ္တြဲရက္ပါလာျခင္းဟာ မိမိတို႕ရဲ႕အနားယူခ်ိန္ကို မ်ားစြာခက္ခဲပင္ပန္းေစတာေၾကာင့္ျဖစ္ပါတယ္။ အလုပ္ရဲ႕ဖိစီးမႈက ညဘက္အိပ္စက္ခ်ိန္ကုိ မ်ားစြာထိခိုက္ေစတာေၾကာင့္ ေအာင္ျမင္တဲ့ပုဂိၢဳလ္အမ်ားစုက ညဘက္အိပ္ခ်ိန္ကို အေရးၾကီးတဲ့ကိစၥရပ္ကလြဲျပီး ေရွာင္ရွားတတ္ၾကပါတယ္။ ဒါေပမယ့္မနက္ျဖန္အတြက္ လုပ္ေဆာင္စရာေတြကုိ အိပ္ယာမဝင္မွီကတည္းကပင္ စာရင္းျပဳစုထားခဲ့ၾကပါတယ္။
မိသားစုနဲ႕အခ်ိန္ကုန္ျခင္း
ညေနခ်မ္းအခ်ိန္ေလးေတြကို မိသားစုေတြနဲ႕အခ်ိန္ကုန္ျခင္း၊ မိမိရဲ႕ကေလးေတြနဲ႕ကစားျခင္း၊ လ့က်င့္ခန္းလုပ္ျခင္းျဖင့္ ညေနအိပ္စက္ခ်ိန္ကို ႏွစ္ျခိဳက္စြာ အိပ္စက္ေစျခင္းဘဲျဖစ္ပါတယ္။
စိတ္ကူးယဥ္ျပီးအိပ္ယာဝင္ျခင္း
တစ္ခ်ဳိ႕လူေတြဟာအိပ္ယာမဝင္ခင္မွာ တစ္ေန႕တာအတြင္း လုပ္ေဆာင္ႏိုင္ခဲ့တဲ့ေကာင္းက်ဳိးတရားေတြကို ခ်ေရးေလ့ရိွၾကပါတယ္။ အလားတူေကာင္းက်ဳိးမ်ဳိးကို ေရွ႕ဆက္လုပ္ေဆာင္ႏိုင္ဖို႕အင္အားထပ္မံေမြးဖြားတတ္ၾကပါတယ္။ ဒီလိုလုပ္ေဆာင္ႏိုင္ခဲ့မႈအေပ ၚေက်နပ္ဝမ္းေျမာက္စိတ္ျဖစ္ၾကပါတယ္ ။ေရွ႕ဆက္ျပီးမိမိလုပ္ေဆာင္ရမယ့္အရာနဲ႕ပတ္သက္ျပီးေအာင္ျမင္မႈရရိွေစဖို႕ စိတ္ကူးယဥ္ေမ်ာ္မွန္းခ်က္ေတြထားျပီး အိပ္ယာဝင္တတ္ၾကပါတယ္။ ဒီလိုလူမ်ဳိးေတြဟာအမ်ားအားျဖင့္ ေအာင္ျမင္တဲ့ပုဂၢဳိလ္ေတြအျဖစ္မ်ားၾကပါတယ္။
အိပ္ယာမဝင္ခင္တရားထိုင္ျခင္း
Executive coach Dale Kurow က ညအိပ္ယာမဝင္ခင္ တရားထိုင္ျပီးအိပ္စက္ႏိုင္ျခင္းဟာ
ကိုယ္စိတ္ႏွစ္ပါးက်န္းမာစြာနဲ႕ႏွစ္ႏွစ္ျခိဳက္ျခိဳက္အိပ္ေပ်ာ္ေစဖို့
မ်ားစြာအေထာက္အကူျပဳေၾကာင္း ေထာက္ခံထားပါတယ္။
တကိုယ္ရည္သန္႕ရွင္းေရးကိုဂရုစိုက္ျခင္း
အိပ္ယာမဝင္ခင္မိရိုးဖလာ အေလ့အထမ်ားျဖစ္တဲ့ သြားတိုက္ျခင္း၊ မ်က္ႏွာတိုက္ျခင္း ၊ေျခေထာက္၊လက္ေဆးေၾကာျခင္းတုိ႕ဟာ လူတစ္ေယာက္အတြက္ ေကာင္းမြန္တဲ့အေလ့အက်င့္ေကာင္းတို႕ျဖစ္ျပီး အေလားထားေဆာင္ရြက္သင့္ေၾကာင္း ၊ႏွစ္ျခိဳက္စြာအိပ္စက္ေစႏိုင္ဖုိ႕ အေထာက္အကူျဖစ္သလို တကိုယ္ရည္က်န္းမာသန္႕ရွင္းေရးအတြက္လည္း မ်ားစြာေကာင္းမြန္ေၾကာင္းေျပာဆိုထားၾကပါတယ္။
Credit: yangon life
=============

ညမအိပ်ခင်ပြုလုပ်သင့်တဲ့အလေ့အကျင့်များ
လူတစ်ယောက်အတွက် ညတစ်ညရဲ့အိပ်စက်အနားယူချိန်ဟာ အရမ်းအရေးကြီးတဲ့အချိန်ဖြစ်ပါတယ်။ ညတစ်ညကို ေ ကာင်းကောင်းအိပ်စက်အနားယူနိုင်သူတွေအဖို့ လှပတဲ့မနက်ခင်းလေးကိုလန်းဆန်းစွာဆီးကြိုနိုင်သလို တစ်နေ့တာလုံးကိုအကောင်းဆုံးဖန်တီးနိုင်ဖို့ ခွန်အားတွေလည်း ပြည့်ဝနေတတ်ကြပါတယ်။ လူအမျိုးမျိုးစိတ်အထွေထွေရှိကြရာ တစ်ချို့က ကောင်းမွန်တဲ့အလေ့အကျင့်ကောင်းတွေနဲ့ အိပ်ယာဝင်တတ်ကြပြီး ထိုလူများမှာအများအားဖြင့် အောင်မြင်တဲ့ပုဂ္ဂိုလ်တွေဖြစ်ကြကြောင်း လူမှုရေးရာကျွမ်းကျင်ပညာရှင်တို့က ပြောဆိုထားကြပါတယ်။
အိပ်ယာမဝင်ခင်စာဖတ်ခြင်း
အောင်မြင်တဲ့ပုဂ္ဂိုလ်တွေဟာညအိပ်ယာမဝင်ခင်မှာစာအုပ်စာပေများဖတ်ရှုလေ့ရှိကြပါတယ်။စာပေတွေကိုလေ့လာဖတ်ရှုရင်း၊ကောင်းမွန်တဲ့အကြံအစည်တွေကိုနှလုံးသားဝယ်သိမ်းဆည်းရင်းအကောင်းဆုံးအိပ်ယာဝင်တတ်ပါတယ်။စီးပွားရေးလုပ်ငန်းတွေကို ကောင်းစွာဦးဆောင်နေတဲ့ပုဂ္ဂိုလ်အများစုဟာသူတို့ရဲ့ပြက္ခဒိန်မှာမနက်ဖြန်အတွက်လုပ်ဆောင်ရမယ့်ကိစ္စရပ်တွေကိုသတ်မှတ်ပြီးမှကောင်းကောင်းအိပ်စက်အနားယူတတ်ကြောင်းInternational Business Speaker တစ်ယောက်ဖြစ်တဲ့MichaelKerr ကပြောဆိုထားပါတယ်။ BrarckOhamaလိုပုဂ္ဂိုလ်တွေ၊ BillGatesလိုပုဂ္ဂိုလ်တွေလည်း ညအိပ်ယာမဝင်မှီမှာ စာပေတွေလေ့လာဖတ်ရှုလေ့ရှိကြောင်းပြောဆိုထားပါတယ်။
အိပ်ယာဝင်ချိန်မှာ ရုံးအလုပ်တွေကိုမေ့ထားလိုက်ခြင်း
အလုပ်တွဲရက်ပါလာခြင်းဟာ မိမိတို့ရဲ့အနားယူချိန်ကို များစွာခက်ခဲပင်ပန်းစေတာကြောင့်ဖြစ်ပါတယ်။ အလုပ်ရဲ့ဖိစီးမှုက ညဘက်အိပ်စက်ချိန်ကို များစွာထိခိုက်စေတာကြောင့် အောင်မြင်တဲ့ပုဂ္ဂိုလ်အများစုက ညဘက်အိပ်ချိန်ကို အရေးကြီးတဲ့ကိစ္စရပ်ကလွဲပြီး ရှောင်ရှားတတ်ကြပါတယ်။ ဒါပေမယ့်မနက်ဖြန်အတွက် လုပ်ဆောင်စရာတွေကို အိပ်ယာမဝင်မှီကတည်းကပင် စာရင်းပြုစုထားခဲ့ကြပါတယ်။
မိသားစုနဲ့အချိန်ကုန်ခြင်း
ညနေချမ်းအချိန်လေးတွေကို မိသားစုတွေနဲ့အချိန်ကုန်ခြင်း၊ မိမိရဲ့ကလေးတွေနဲ့ကစားခြင်း၊ လ့ကျင့်ခန်းလုပ်ခြင်းဖြင့် ညနေအိပ်စက်ချိန်ကို နှစ်ခြိုက်စွာ အိပ်စက်စေခြင်းဘဲဖြစ်ပါတယ်။
စိတ်ကူးယဉ်ပြီးအိပ်ယာဝင်ခြင်း
တစ်ချို့လူတွေဟာအိပ်ယာမဝင်ခင်မှာ တစ်နေ့တာအတွင်း လုပ်ဆောင်နိုင်ခဲ့တဲ့ကောင်းကျိုးတရားတွေကို ချရေးလေ့ရှိကြပါတယ်။ အလားတူကောင်းကျိုးမျိုးကို ရှေ့ဆက်လုပ်ဆောင်နိုင်ဖို့အင်အားထပ်မံမွေးဖွားတတ်ကြပါတယ်။ ဒီလိုလုပ်ဆောင်နိုင်ခဲ့မှုအပေ ါ်ကျေနပ်ဝမ်းမြောက်စိတ်ဖြစ်ကြပါတယ် ။ရှေ့ဆက်ပြီးမိမိလုပ်ဆောင်ရမယ့်အရာနဲ့ပတ်သက်ပြီးအောင်မြင်မှုရရှိစေဖို့ စိတ်ကူးယဉ်မျော်မှန်းချက်တွေထားပြီး အိပ်ယာဝင်တတ်ကြပါတယ်။ ဒီလိုလူမျိုးတွေဟာအများအားဖြင့် အောင်မြင်တဲ့ပုဂ္ဂိုလ်တွေအဖြစ်များကြပါတယ်။
အိပ်ယာမဝင်ခင်တရားထိုင်ခြင်း
Executive coach Dale Kurow က ညအိပ်ယာမဝင်ခင် တရားထိုင်ပြီးအိပ်စက်နိုင်ခြင်းဟာ
ကိုယ်စိတ်နှစ်ပါးကျန်းမာစွာနဲ့နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့
များစွာအထောက်အကူပြုကြောင်း ထောက်ခံထားပါတယ်။
တကိုယ်ရည်သန့်ရှင်းရေးကိုဂရုစိုက်ခြင်း
အိပ်ယာမဝင်ခင်မိရိုးဖလာ အလေ့အထများဖြစ်တဲ့ သွားတိုက်ခြင်း၊ မျက်နှာတိုက်ခြင်း ၊ခြေထောက်၊လက်ဆေးကြောခြင်းတို့ဟာ လူတစ်ယောက်အတွက် ကောင်းမွန်တဲ့အလေ့အကျင့်ကောင်းတို့ဖြစ်ပြီး အလေားထားဆောင်ရွက်သင့်ကြောင်း ၊နှစ်ခြိုက်စွာအိပ်စက်စေနိုင်ဖို့ အထောက်အကူဖြစ်သလို တကိုယ်ရည်ကျန်းမာသန့်ရှင်းရေးအတွက်လည်း များစွာကောင်းမွန်ကြောင်းပြောဆိုထားကြပါတယ်။
Credit: yangon life

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...