ကံ လွဲသူများ…! (အရမ်းကောင်းလို့ ကျော်ခွပြီးမသွားကြပါနဲ့နော်)


လူဘဝဆိုတာ ….
ကုသိုလ် ကံ အကျိုးပေးရဲ့ အသီးအပွင့် တစ်နည်းအားဖြင့်
ကုသိုလ် အကြောင်းခံ ပါလာပြီးသား။
အဲဒီကုသိုလ်က အကြောင်းခံ မတူးဖေါ် မခံစားတတ်ရင်
အကုသိုလ်အကြောင်းတွေကချည်း ဖိစီးနေရာယူ ခြယ်လှယ်ပါလိမ့်မယ် ။

အကုသိုလ်ဆိုတာ အထူးပြုနေစရာမလိုစိတ်ကိုလွတ်ထားလိုက်ရုံနဲ့ ဦးတည်ရာမဲ့
သွားလာကျက်စားမယ့် နေရာဟာ အကုသိုလ်ချည်းမှတ်ပါ ။


*( လူဘဝ တစ်ကြိမ်ရဖို့  တိရစ္ဆာန်ဘဝပေါင်း တစ်ရာလောက် ကျင်လည်ပေးဆပ်ခဲ့ရတာ ဆိုတော့
အဲဒီတိရစ္ဆာန်ဘဝတွေက ပါလာတဲ့ မောဟစတဲ့
တိရစ္ဆာန်စိတ်တွေက မကောင်းမှု အကုသိုလ်တွေဆီ အချိန်မရွေး ဦးတည်ခေါ်ဆောင် သွားနေတယ် ။

အဲဒီတော့ { ပြည်တန်တဲ့ ပတ္တမြား ပဲလှော်နဲ့ လဲစားနေသလို
လူဘဝကို အကုသိုလ်တွေ လုပ်ရင်း အချိန်ဖြု န်းပစ် နေကြတာဟာ ထီဆုကြီးပေါက်ပြီး ထီလက်မှတ် ပျောက်နေတာနဲ့ အတူတူပါပဲ})*

တချို့ ကတော့ ကောင်းတာတွေ လုပ်နေပါလျက်ဘဝကောင်းမရ ။
အကျိုးပေးညံ့နေသေးတာ ဘာကြောင့်ဘာလဲလို့  မေးကြတယ် ၊
အတိတ်သံသရာ ဘဝများစွာက ကိုယ်လုပ်ခဲ့တဲ့ အကုသိုလ်ကံတွေ ပြန်မြင်နိုင်စွမ်းရင်….
( ဒီမေးခွန်းပေါ်ပေါက်လာစရာ အကြောင်းမရှိပါ )
ကောင်းတာတွေ လုပ်နေလို့  ဒီလောက်ခံသာနေသေးတာလို့ ပဲ နှလုံးသွင်းစေချင်ပါတယ် ၊

သို့ သော် အားမလျှော့ပါနဲ့ ၊ စီးပွားဝမ်းစာ ရှာဖွေရာမှာ အကျိုးပေး တုံ့ နှေးနေလို့  ဆိုပြီးမိမိရဲ့ သီလသိက္ခာကို ဘယ်တော့မှ မဖျက်ဆီးပစ်ပါနဲ့ ..
ကုသိုလ်ကောင်းမှု တို့ မည်သည် ဘယ်တော့မှ အရင်းမရှုံး
အတိုးအညွန့်ဖြင့်သာ ခံစားရ ရိုးထုံးစံ ရှိပါတယ် ၊
လက်ရှိကောင်းကံနဲ့ အတိတ်က ကောင်းကံ ဆက်မိရင်ကြီးမားတဲ့ ကုသိုလ်အင်အား အကျိုးပေးချိန်
တစ်လှည့်တစ်ပြန် ရောက်လာမှာပါ ။

*****************************

သူသူ ကိုယ်ကိုယ် အတိတ်ကုသိုလ် ပါလာပြီးသား
* ကံတူးမှားနေလို့ သာ ရေမထွက်တာ *

ကျေးဇူးရှင် ဆရာတော်ဘုရားကြီးက အတိတ်က ကုသိုလ်ကံကောင်းကြီးတွေ
သေသေချာချာ ပါလာခဲ့ပါလျက် ကံတူးမှားလို့  ပြောင်းပြန်အကျိုးပေး ခံစားရရှာတဲ့
သာဓက ဇာတ်ကြောင်းများနဲ့ သက်သေဆောင်ပြပါတယ် ။

အများသိကြတဲ့ အဇာတသတ် ဆိုပါစို့  ။
ဒေဝဒတ်ကို ဆရာတင် လူပေါင်းမှားလို့ သောတာပန်ဖခင် ဗိမ္မသာရမင်းကြီးကို သတ်ဖြတ်ပစ်မှား မိခဲ့တဲ့
ဒီဘဝရဲ့ အကုသိုလ်ကံကြီးထိုက်လို့ သောတာပန်တည်ရမယ့် အတိတ်ကံ ပါလာသော်လည်း
ငရဲလားရရှာတယ် ။

ဒေဝဒတ်က မြှောက်ပေးလို့  သူသတ်လိုက်မိတဲ့ဖခင်ဘုရင်ကြီး ဆိုတာ သောတာပန် သူတော်ကောင်းကြီး
ဖခင်ကို သတ်ပြီးမှ အိပ်မရ စားမဝင်သမားကျော်ဇီဝကပင် ကုလို့ မရတဲ့ရောဂါ ပေါ်လာရတယ်မဟုတ်လား။ ၊
ဒီမှာ ဇီဝက က…
( အရှင်မင်းကြီးရဲ့ ရောဂါ ဘုရားရှင်တော်မှတစ်ပါးကုပေးနိုင်သူမရှိပြီ )ဆိုပြီး
အဇာတသတ်ကို ဘုရားရှင်ထံတော်မှောက် ခေါ်ဆောင်လာတယ် ၊

ဘုရားရှင်ကလည်း အဇာတသတ်ရဲ့ ရောဂါဆိုးကြီးကို တရားရေအေး အမြို က်ဆေးနဲ့ ကုပေးတော်မူပါတယ်..။
( ဘုရားတရား နာကြားပြီး အဇာတသတ်ဟာ ဘယ်လောက်ထိ ပီတိဖြစ်သလဲဆိုရင် အဲဒီနေရာတွင်ပင် သောတာပန်တည်နိုင် သွားတဲ့အထိပါပဲ သို့ သော် အဖသတ်အကုသိုလ်ကံကြီးက ပိတ်ဆီးထားတော့ …
သဒ္ဓါစိတ်ထက်မပိုဘူး ။ ဘုရားဖူးပြီးတဲ့နောက် ကုသိုလ်ကောင်းမှုတွေ ဘယ်လောက်ပဲ လုပ်သွားရှာပေမယ့် ဒီဘဝ အဖသတ်အကုသိုလ်ကံကြီး ထိုက်ပြီးသေတော့ ငရဲရောက်သွားတာပဲ ။

* အတိတ်ကံက အပါယ်တံခါး ပိတ်တဲ့အထိ ပါပြီးသား ။
ပစ္စု ပ္ပန်ကံက အပါယ်တံခါး တွန်းဖွင့်လေတော့
အဇာတသတ်ဟာ ကံတူးမှားသူ ကံလွဲသူ * လို့ ဆိုရမယ် ။

ပြီးတော့ ဘုရားရှင်လက်ထက်တော်အခါ ကာလကပါပဲ ။
ဗာရာဏသီပြည်မှာ ဓနဗလသူဋ္ဌေးသား ဆိုတာ ရှိသေးတယ် ၊
သူကတစ်ဦးတည်းသော သားဆိုတော့ မိဘအမွေ ကုဋေရှစ်ဆယ်လုံး တစ်ဦးတည်း ရလိုက်တယ် ၊
သူနဲ့ အကြောင်းပါတဲ့ သူဋ္ဌေးသမီးကလည်း … တစ်ဦးတည်းသောသမီး သူလိုပဲ ကုဋေရှစ်ဆယ် အမွေရလိုက်တယ် ၊
အမွေနှစ်ရပ်ပေါင်း ကုဋေတစ်ရာ့ခြောက်ဆယ်နဲ့ တကယ့် ဧရာမသူဋ္ဌေးဘွဲ့ထူးကြီး ဆွတ်ခူးလိုက်တော့တာပေါ့။

အဲဒီခေတ်က သူဋ္ဌေးဆိုတာ မင်းတိုင်ပင် အမတ်နေရာကလည်း တာဝန်ယူရတယ် ။ တိုင်းပြည်ရဲ့ စီးပွားရေး သူဋ္ဌေးတွေလုပ်လေ့ရှိတာ
ဘုရင်က အုပ်ချူ ပ်ရေး တရားစီရင်ရေး စသည်လုပ်ရတယ် ။

တိုင်းပြည်ရဲ့ စီးပွားရေး အစီအမံတွေကိုလည်း ဘုရင်ထံ
တစ်နေ့တစ်ကြိမ် တင်ပြ အစီရင်ခံရလေ့ရှိတယ် ၊
အဒီမှာ ဓနဗလသူဋ္ဌေးလေး နန်းတော်ဆီ သွားလေတိုင်း
ဝိုင်းဝန်းကြည့်ငေး အားကျ သူတွေ ရှိခဲ့သလို
သူ့ စည်းစိမ်ကို မနာလို သူကိုဖျ က်ဆီးလိုသူတွေလည်းပဲ
အမြဲစောင့်ကြည့်ခါ ရှိနေခဲ့ပါတယ် ။

ဓနဗလကိုယ်တိုင်က မင်းတိုင်ပင် အမတ်ဖြစ်နေလေတော့
စည်းစိမ်တွေကို လုယက်ဖျ က်ဆီးပစ်ဖို့  ဆိုတာလည်း မဖြစ်နိုင်ဘူး ။ ဒီတော့—-အကြမ်းနည်းနဲ့တော့ မရဘူး
တဖြည်းဖြည်း လှိုက်စား တိုက်စားတဲ့နည်း အနုနည်းနဲ့ ဖျ က်ဆီးဖို့ 
ကြံစည်ကြတော့တာပေါ့  ။

ဒီတော့ ဓနဗလကို ချ ဉ်းကပ်ပြီး
မြှောက်ပင့်တဲ့နည်း အယုံသွင်းတဲ့နည်း အောက်ကျ ခံ တပည့်ခံပေါင်းတဲ့နည်း—နည်းမျိုးစုံနဲ့ ထိုးစစ်ဆင်တော့တယ် ။

လူ ဆိုတာ အမြှောက်ကြို က် အရိုအသေကြို က် *
ဒီကြို က်စိတ် အားနည်းချ က် * ကို ဖိနင်းပြီး
ဓနဗလ သူဋ္ဌေးသားကို ချ ဉ်းကပ်ပေါင်းသင်း ကြတယ် ။

ပြီးတော့ …
* လူဆိုတာ အဆိုးလောကဓံ ကိုသာ တောင့်တင်းခံ အံကြိတ်ခံနိုင်တာ
အကောင်းလောကဓံကျ တော့ ခံလို့ ခံနေရမှန်းမသိတော့ တတိတိ တအိအိ နဲ့ တရိရိ လိုက်စား ဖျ က်ဆီးခြင်း ခံနေရပြီနော် *

အပေါင်းအသင်းတွေက… ဓနဗလကို သောက်စားပျော်ပါးဖို့ 
စည်းရုံးသိမ်းသွင်းကြတယ် ။ တစ်ကြိမ် နှစ်ကြိမ် သုံးလေးငါးကြိမ် အထိတော့ ဓနဗလငြင်းနိုင် ပါသေးတယ် ။ ကြာတော့ ငြင်းအား
မရှိတော့ဘူး။
အဲဒီမှာ *( ပျ က်စီးခြင်းရဲ့ လမ်းစဆိုတာ အရက်သေရည် မူးယစ်က
စတာ)*။

ဘာလို့ လဲ–
* မူးရင်မေ့ မေ့ရင်ပျ က် ၊ ရှင်လျ က်နဲ့ သေနေတာနဲ့ မခြားဘူး တဲ့ ။
အပျော် အပျ က် ဆိုတဲ့အတိုင်း အပျော်လွန်တော့ ပျ က်လာပြီ ။* စမ်းသောက်ရာက စွဲလာပြီ ။

အချိန်ပြည့်မူးမေ့နေတော့ စာရင်းဇယားတွေလည်း
အမှန်အမှား မခွဲခြားနိုင်တော့ဘူး ။
လုပ်ငန်းကိစ္စတွေလည်း အမှန်အကန် မစီမံနိုင်တော့ဘူး။
ငွေရေးကြေးရေး တွေလည်း အပေးလား အယူလား မခွဲခြားနိုင်တော့ဘူး။
ရတနာစသည့် ပစ္စည်းပစ္စယတွေလည်း ဘယ်သူယူလို့  ယူမှန်းမသိတော့ ဘယ်နားထားလို့  ထားမှန်းမသိတော့ဘူး ။
စီးပွားဥစ္စာတွေ ကုန်ဆုံးလို့  ကုန်ဆုံးမှန်း မသိတော့ဘူး ။

စိတ်အထင်ကတော့ နဂိုရှိပြီးသား ကုဋေများစွာ အပေါ်မှာပဲ ရှိနေတယ် ။
ဒါပေမဲ့ တကယ်အရှိကတော့ လုံးပါးပါးနေပြီ ။
ချေးပြီးပြန်မဆပ်တာတွေ ပေးပြီးပြန်မရတာတွေ နေ့ စဉ် ပျော်ပါးဝါကြွားတဲ့ အသုံးစရိတ်တွေ ဘာအလုပ်မှ ဆက်မလုပ်တော့ဘဲသောက်စားမူးယစ် နေတာတွေနဲ့ ကြာတော့ …
ချ မ်းသာကြွယ်ဝသမျှ ကုဋေများစွာ ငွေကြေးပမာဏ ကုန်ပါလေရောတဲ့ ။

ဒီလိုနဲ့ ရှိတာတွေ ပေါင်နှံရောင်းချ သုံးစားပျော်ပါး လိုက်တာ…
ဘာမှ မကျ န်တော့အောင်ပဲတဲ့ ။

*( ဒီအချိန်မှာ ကိုယ်ပစ္စည်းတန်ဖိုးက သေးပြီး
အရက်တန်ဖိုးက ကြီးနေပြီ ။
ဒီလိုပဲ—ကိုယ်ကြို က်တဲ့ဘက်က တန်ဖိုးကြီးပြီး
မကြို က်တဲ့ဘက်က တန်ဖိုးသေးနေမှာ ဓမ္မတာပဲ )*

ဒီတော့ အရက်ဖိုးရပြီးရော သူပစ္စည်းတွေ မတန်တဆနဲ့ချ ည်း ရောင်းပစ်ရတယ် ။
တစ်ရာတန်ပေမယ့် တစ်ဆယ်ပဲ ရချ င်ရမယ် ။
ဒီလိုနဲ့ ရှိသမျှ ကုန်တော့ …
ဇနီးမောင်နှံနှစ်ယောက် သူတောင်းစားဘဝ ရောက်သွားတယ်။

*( သင်္ခါရဆိုတဲ့ ပြု ပြင်ပြီး ဖြစ်လာတာ မှန်သမျှ …
ပျ က်ရတာချ ည်းပဲ )*

ဒီလိုနဲ့ ကုဋေကြွယ်သူဋ္ဌေးဘဝ တစ်ဖြစ်လဲ သူတောင်းစား ဇနီးမောင်နှံဟာ လှည့်လည်တောင်းရမ်းစား သောက်ရင်း ….
တစ်ရက်တော့ မိဂဒါဝုန်ဘက် ရောက်လာတယ် ။

အဲဒီမှာ နန္ဒိယသူတို့ သား ဆောက်လုပ်လှူ ဒါန်းထားတဲ့ အံ့မခန်းဆန်း
ကြယ်တဲ့ ဘုရားရှင်သီတင်းသုံး တော်မူရာ ကျောင်းတော်ကြီး ရှိတယ် ဒီကျောင်းတော်ကြီး အနား… သူတောင်းစား မောင်နှံ ရောက်လာပြီး ဆွမ်းကျ န်ဟင်းကျ န်စားဖို့ စောင့်စားနေချိန်
ဘုရားရှင်မြင်တော့ ပြုံးတော်မူတယ် ။

ဘုရားရှင်တို့  မည်သည် အကြောင်းမရှိဘဲ ပြုံးတော်မူရိုးထုံးစံမရှိ ၊
ဒါကိုသိတဲ့ အရှင်အာနန္ဒာက ပြုံးတော်မူရခြင်း အကြောင်းရင်းကို မေးလျှောက်တာပေါ့ ၊
ဒီတော့ ဘုရားရှင် ရှင်းပြ ဆုံးမတော်မူတာက …

( ချ စ်သား အာနန္ဒာ )
အဲဒီ–သူတောင်းစားမောင်နှံမှာ
* လောကီ လောကုတ္တရာ နှစ်ဖြာသော အတိတ်ကုသိုလ်ကံ ပါလာပြီးသား ၊ လောကီစီးပွားဘက်မှာ ကြိုးစားရှာဖွေမယ် ဆိုရင် ပထမအရွယ်မှာ စီးပွားရှာဖွေမယ်ဆိုရင် ပထမတန်းစား သူဋ္ဌေးကြီးဖြစ်မှာ

တကယ်လို့  ပထမအရွယ်မှာ စီးပွားမရှာဘူးပဲထား
ဒုတိယအရွယ်ရောက်မှ စီပွားရှာမယ်ဆိုရင်လည်း ဒုတိယတန်းစား သူဋ္ဌေးကြီး ဖြစ်နိုင်တယ် ။

ဒုတိယအရွယ်မှာ စီးပွားမရှာဖြစ်ဘူးပဲထား
တတိယအရွယ်ရောက်မှ ထလုပ်လည်း တတိယတန်းစား သူဋ္ဌေးကြီးတော့ အေးအေးဆေးဆေး ဖြစ်နိုင်တဲ့ အတိတ်ကံ ပါလာပြီးသား ၊

အတိတ်ကုသိုလ်ကံ ဘယ်လောက်ကောင်းကောင်း လက်ရှိကံကမှ မဖေါ်ထုတ်ရင် မြှုပ်သွားမှာပဲ ။
လောကုတ္တရာဘက်က ကြည့်လိုက်ပြန်ရင်လည်း—
သူတို့ ဇနီးမောင်နှံဟာ ….
ပထမအရွယ်တုန်းက တရားရှာလိုက်ရင် လင်က ရဟန္တာ
မယားက အနာဂါမ်ဖြစ်မယ့်ပုဂ္ဂို လ်တွေ
ဒုတိယအရွယ်မှာသာ ကျ င့်မယ်ဆိုရင် လင်က အနာဂါမ် မယားက သကဒါဂါမ် ဖြစ်မယ့်ပုဂ္ဂို လ်တွေ ၊
ပထမ ဒုတိယအရွယ်တွေမှာ တရားမရှာနိုင်ဘူးပဲထား ။
တတိယအရွယ်မှာများ တရားရှာခဲ့ရင် လင်က သကဒါဂါမ် မယားက သောတာပန် ။ ဧကန်မုချဖြစ်နိုင်သူတွေ—-။

ခုတော့ လောကီဘက်မှာလည်း ဘာစီးပွားမှ မပွားစီး ၊
လောကုတ္တရာဘက်မှာလည်း အချ ည်းနှီး ။

အတိတ်ကုသိုလ် ကံ အားကြီးသော်လည်း …
လက်ရှိ ကုသိုလ်ကံ ကောင်းအောင်မပြု ။
အကုသိုလ်ဘက် လေ့ကျ က်လိုက်စားရင်း …
ကုဋေကြွယ် သူဋ္ဌေးဘဝမှ သူတောင်းစားဘဝသို့ 
ကျရောက်သွားနိုင်ကြောင်း ဘုရားရှင်က ဆုံးမဟောပြ
တော်မူပါတယ် ။

ကျေးဇူးရှင် ဆရာတော်ဘုရားကြီး ကတော့….
*( အတိတ်ကုသိုလ်ကံ ပါလာပါလျက်
ကုသိုလ်ဆက်ဖို့  မကြိုးစားကြခြင်းဟာ… ပြည်တန်တဲ့ ပတ္တမြား
ပဲလှော်နဲ့ လဲစားနေတာလို့  ဆုံးမဖော်ပြပါတယ်)*

* ကုသိုလ်ကံကောင်းကို မတူးဖော် ၊
အကုသိုလ် ဒုစရိုက်တွေကြား အာရုံငါးပါး
ပျော်ပါးလိုက်စား နေသူများဟာ …
တစ်နည်းအားဖြင့်တော့ ကံလွဲသူများ လို့ ပဲ ဆိုရတော့မှာ
ဖြစ်ပါတယ် *။

အညွှန်း။ ။၁၄-၉-၉၉ ၊ နတ်တလူတောရ တရားပွဲ ။

(မောင်သွေးချွန်၏
ဆယ်ဆသာရမယ် မှ ကူးယူပူဇော်ပါ၏)

Photo #Crd = May .MTDS

လူဘဝဆိုတာ ….



အဲဒီတိရစ်ဆာနျဘဝတှကေ ပါလာတဲ့ မောဟစတဲ့



သို ့သောျ အားမလြှော့ပါနဲ့ ၊ စီးပှားဝမျးစာ ရှာဖှရောမှာ အကြိူ းပေး တုံ ့နှေးနလေို ့ ဆိုပွီးမိမိရဲ့ သီလသိက်ခာကို ဘယျတော့မှ မဖကြျဆီးပစျပါနဲ့ ..

*****************************





သဒ်ဓါစိတျထကျမပိုဘူး ။ ဘုရားဖူးပွီးတဲ့နောကျ ကုသိုလျကောငျးမှုတှေ ဘယျလောကျပဲ လုပျသှားရှာပမေယျ့ ဒီဘဝ အဖသတျအကုသိုလျကံကွီး ထိုကျပွီးသတေော့ ငရဲရောကျသှားတာပဲ ။

* အတိတျကံက အပါယျတံခါး ပိတျတဲ့အထိ ပါပွီးသား ။

ဗာရာဏသီပွညျမှာ ဓနဗလသူဋ်ဌေးသား ဆိုတာ ရှိသေးတယျ ၊
အမှနှေစျရပျပေါငျး ကုဋတေစျရာ့ခွောကျဆယျနဲ့ တကယျ့ ဧရာမသူဋ်ဌေးဘှဲ့ထူးကွီး ဆှတျခူးလိုကျတော့တာပေါ့။












မကွို ကျတဲ့ဘကျက တနျဖိုးသေးနမှော ဓမ်မတာပဲ )*






( ခြ စျသား အာနန်ဒာ )



မယားက အနာဂါမျဖွစျမယျ့ပုဂ်ဂို လျတှေ


ကုဋကွှေယျ သူဋ်ဌေးဘဝမှ သူတောငျးစားဘဝသို ့




ဆယျဆသာရမယျ မှ ကူးယူပူဇောျပါ၏)

Photo #Crd = May .MTDS

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...