ဦးကိုနီအား လုပ္ႀကံ သတ္ျဖတ္ခဲ့ေသာ အင္အားစုဟုေျပာ

ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္၏ ဥပေဒအႀကံေပး ဦးကုိနီ လုပ္ႀကံ သတ္ျဖတ္ခံခဲ့ရျခင္းသည္ ဒီမုိကေရစီျပဳျပင္ေရးႏွင့္ ဖက္ဒရယ္ကုိ မလုိလားေသာ အင္အားစုမ်ား၏ လက္ခ်က္ျဖစ္ေၾကာင္း ရခုိင္ျပည္အမ်ဳိးသားေကာင္စီမွ ေျပာၾကားလုိက္သည္။

“ သမုိင္းတေလွ်ာက္လုံးမွာ ျဖစ္ခဲ့တဲ့ တုိင္းျပည္ရဲ႕ အေျခအေနေတြကုိ ၾကည့္ရင္ ဒီလုိႀကီးမားတဲ့ လုပ္ၾကံမႈေတြက အမႈမွန္ တစ္ခါမွ မေပၚေပါက္ခဲ့ပါဘူး။ မၾကာခင္ကမွ ျဖစ္ေပၚခဲ့တာေတြေပါ့  ။ ေလးေလာင္းၿပဳိင္၊ ေျခာက္ေလာင္းၿပဳိင္လူသတ္မႈေတြ စတဲ့ ရာဇဝတ္မႈႀကီးေတြေပါ့ ။ ဒီကေန႔ခ်ိန္ထိ လက္သည္တရားခံ မေပၚေသးဘူး။ ဒါေၾကာင့္ ယခုလို လက္ရဲဇက္ရဲ ျဖစ္လာၾကတယ္။ ဒါေတြက တုိင္းျပည္မွာ အစဥ္အလာလုိ ျဖစ္ေနတယ္” ဟု ရခုိင္ျပည္အမ်ဳိးသားေကာင္စီ ANC ၏ အေထြေထြ အတြင္းေရးမွဴး ဦးထြန္းေဇာ္က ေျပာသည္။

ယင္းအျပင္ ေကာင္စီမွ ေဖေဖၚဝါရီ ၂ ရက္ေန႔က ေၾကညာခ်က္တစ္ေစာင္ ထုတ္ျပန္ခဲ့ၿပီး အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ (NLD) ၏ ဥပေဒေရးရာအႀကံေပးႏွင့္ တရား႐ံုးခ်ဳပ္ေ႐ွ႕ေနတစ္ဦးျဖစ္ေသာ ဦးကိုနီ လုပ္ႀကံသတ္ျဖတ္ခံရျခင္း၏ ေနာက္ကြယ္တြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္၏ ေ႐ြးေကာက္ပြဲ ကတိကဝတ္မ်ားကုိ ပ်က္စီးေစလုိေသာ၊ ဒီမိုကေရစီျပဳျပင္ ေျပာင္းလဲေရး၊ အမ်ိဳးသားတန္းတူေရးႏွင့္ ကိုယ္ပိုင္ျပ႒ာန္းခြင့္ကို အာမခံေသာ ဖက္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စု တည္ေဆာက္ေရးကို လက္မခံလိုေသာ ၊ ဘာသာေရး၊ လူမ်ိဳးေရးအဓိက႐ုဏ္းျဖင့္ ႏိုင္ငံေရးအာ႐ံုလႊဲကာ ႏိုင္ငံေတာ္၏ ၿငိမ္းခ်မ္းေရးႏွင့္ ဖြံ႔ျဖိဳးေရးကို မလိုလားေသာ၊ ခါးပိုက္ေဆာင္တပ္၊ လူမိုက္ဂိုဏ္းမ်ား (Proxy Mafia) ျဖင့္ လူထုအတြင္း အေၾကာက္တရားလႊမ္းမိုးေစလွ်က္ ႏိုင္ငံ့အာဏာကို တရားမဝင္ လက္ဝယ္ထိန္းသိမ္းထားလိုေသာ အင္အားစုမ်ား ပါဝင္ေနမည္ဟု ယုံၾကည္ေၾကာင္း ေဖာ္ျပထားသည္။

“ ဦးကုိနီဟာ ကၽြန္ေတာ္တုိ႔တုိင္းျပည္ အေျပာင္းအလဲထဲမွာ ဖြဲ႔စည္းပုံေျပာင္းလဲႏုိင္ဖုိ႔ ထဲထဲဝင္ဝင္ အဓိက ပါဝင္ပတ္သက္ေနသူတစ္ဦးလည္း ျဖစ္ပါတယ္။ ေအာက္ေျခအဆင့္ကေန ႏုိင္ငံေတာ္အဆင့္အထိ ဥပေဒေရးရာအရ အႀကံေပး၊ ပညာေပးေနသူလည္း ျဖစ္ပါတယ္။ ဒီလုိပဲ ကၽြန္ေတာ္တုိ႔ UNFC တပ္ေပါင္းစုက ေတာင္းဆုိမႈေတြနဲ႔ ပတ္သက္ၿပီးေတာ့လည္း သူက ထပ္တူထပ္မွ် ျဖစ္တယ္။ သူ ဆုံးရႈံးသြားတာဟာ အားလုံးအတြက္ နစ္နာမႈတစ္ရပ္ပါ။ ဒါ့အျပင္ ဖြဲ႔စည္းပုံျပင္ဆင္ေရးနဲ႔ ပတ္သက္ၿပီးေတာ့လည္း သြယ္၀ုိက္ေသာအားျဖင့္ ၿခိမ္းေျခာက္ခံလုိက္ရတာလည္း ျဖစ္ပါတယ္ ” ဟု UNFC တပ္ေပါင္းစု၏ တြဲဘက္အတြင္းေရးမွဴး (၁)၊ ရခုိင္ျပည္အမ်ဳိးသားေကာင္စီ ANC ၏ အေထြေထြအတြင္းေရးမွဴး ျဖစ္သူ ဦးထြန္းေဇာ္က ေျပာသည္။

ႏုိင္ငံေတာ္ ဥပေဒအႀကံေပး ဦးကုိနီသည္ ဇန္နဝါရီ ၂၉ ရက္ေန႔က ရန္ကုန္အျပည္ျပည္ဆုိင္ရာ ေလဆိပ္တြင္ ေသနပ္ျဖင့္ အနီးကပ္ လုပ္ႀကံ သတ္ျဖတ္ခံခဲ့ရျခင္း ျဖစ္ၿပီး လုပ္ႀကံသူ ၾကည္လင္းကုိ ဖမ္းမိထားၿပီး ျဖစ္ကာ လုိအပ္ေသာ စုံစမ္းစစ္ေဆးမႈမ်ားကုိ ျပဳလုပ္ေနသည္ဟု သိရသည္။

ဦးကုိနီ ေသဆုံးမႈႏွင့္ ပတ္သက္၍ ျပည္တြင္း၊ ျပည္ပ ႏုိင္ငံေရးႏွင့္ အိန္စတီးက်ဴးရွင္းအဖြဲ႔မ်ားမွ ႏုိင္ငံေတာ္လုပ္ႀကံမႈ တစ္ရပ္ျဖစ္ေၾကာင္း ေထာက္ျပထားၾကသည္။

Credit - mizzimaburmese
http://www.mizzimaburmese.com/article/23118
===============

Unicode>>>
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေအကြံပေး ဦးကိုနီ လုပ်ကြံ သတ်ဖြတ်ခံခဲ့ရခြင်းသည် ဒီမိုကရေစီပြုပြင်ရေးနှင့် ဖက်ဒရယ်ကို မလိုလားသော အင်အားစုများ၏ လက်ချက်ဖြစ်ကြောင်း ရခိုင်ပြည်အမျိုးသားကောင်စီမှ ပြောကြားလိုက်သည်။

“ သမိုင်းတလျှောက်လုံးမှာ ဖြစ်ခဲ့တဲ့ တိုင်းပြည်ရဲ့ အခြေအနေတွေကို ကြည့်ရင် ဒီလိုကြီးမားတဲ့ လုပ်ကြံမှုတွေက အမှုမှန် တစ်ခါမှ မပေါ်ပေါက်ခဲ့ပါဘူး။ မကြာခင်ကမှ ဖြစ်ပေါ်ခဲ့တာတွေပေါ့  ။ လေးလောင်းပြိုင်၊ ခြောက်လောင်းပြိုင်လူသတ်မှုတွေ စတဲ့ ရာဇဝတ်မှုကြီးတွေပေါ့ ။ ဒီကနေ့ချိန်ထိ လက်သည်တရားခံ မပေါ်သေးဘူး။ ဒါကြောင့် ယခုလို လက်ရဲဇက်ရဲ ဖြစ်လာကြတယ်။ ဒါတွေက တိုင်းပြည်မှာ အစဉ်အလာလို ဖြစ်နေတယ်” ဟု ရခိုင်ပြည်အမျိုးသားကောင်စီ ANC ၏ အထွေထွေ အတွင်းရေးမှူး ဦးထွန်းဇော်က ပြောသည်။

ယင်းအပြင် ကောင်စီမှ ဖေဖေါ်ဝါရီ ၂ ရက်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ဥပဒေရေးရာအကြံပေးနှင့် တရားရုံးချုပ်ရှေ့နေတစ်ဦးဖြစ်သော ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရခြင်း၏ နောက်ကွယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲ ကတိကဝတ်များကို ပျက်စီးစေလိုသော၊ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို လက်မခံလိုသော ၊ ဘာသာရေး၊ လူမျိုးရေးအဓိကရုဏ်းဖြင့် နိုင်ငံရေးအာရုံလွှဲကာ နိုင်ငံတော်၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကို မလိုလားသော၊ ခါးပိုက်ဆောင်တပ်၊ လူမိုက်ဂိုဏ်းများ (Proxy Mafia) ဖြင့် လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေလျှက် နိုင်ငံ့အာဏာကို တရားမဝင် လက်ဝယ်ထိန်းသိမ်းထားလိုသော အင်အားစုများ ပါဝင်နေမည်ဟု ယုံကြည်ကြောင်း ဖော်ပြထားသည်။

“ ဦးကိုနီဟာ ကျွန်တော်တို့တိုင်းပြည် အပြောင်းအလဲထဲမှာ ဖွဲ့စည်းပုံပြောင်းလဲနိုင်ဖို့ ထဲထဲဝင်ဝင် အဓိက ပါဝင်ပတ်သက်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ အောက်ခြေအဆင့်ကနေ နိုင်ငံတော်အဆင့်အထိ ဥပဒေရေးရာအရ အကြံပေး၊ ပညာပေးနေသူလည်း ဖြစ်ပါတယ်။ ဒီလိုပဲ ကျွန်တော်တို့ UNFC တပ်ပေါင်းစုက တောင်းဆိုမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း သူက ထပ်တူထပ်မျှ ဖြစ်တယ်။ သူ ဆုံးရှုံးသွားတာဟာ အားလုံးအတွက် နစ်နာမှုတစ်ရပ်ပါ။ ဒါ့အပြင် ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့လည်း သွယ်ဝိုက်သောအားဖြင့် ခြိမ်းခြောက်ခံလိုက်ရတာလည်း ဖြစ်ပါတယ် ” ဟု UNFC တပ်ပေါင်းစု၏ တွဲဘက်အတွင်းရေးမှူး (၁)၊ ရခိုင်ပြည်အမျိုးသားကောင်စီ ANC ၏ အထွေထွေအတွင်းရေးမှူး ဖြစ်သူ ဦးထွန်းဇော်က ပြောသည်။

နိုင်ငံတော် ဥပဒေအကြံပေး ဦးကိုနီသည် ဇန်နဝါရီ ၂၉ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သေနပ်ဖြင့် အနီးကပ် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ပြီး လုပ်ကြံသူ ကြည်လင်းကို ဖမ်းမိထားပြီး ဖြစ်ကာ လိုအပ်သော စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေသည်ဟု သိရသည်။

ဦးကိုနီ သေဆုံးမှုနှင့် ပတ်သက်၍ ပြည်တွင်း၊ ပြည်ပ နိုင်ငံရေးနှင့် အိန်စတီးကျူးရှင်းအဖွဲ့များမှ နိုင်ငံတော်လုပ်ကြံမှု တစ်ရပ်ဖြစ်ကြောင်း ထောက်ပြထားကြသည်။

Credit - mizzimaburmese
http://www.mizzimaburmese.com/article/23118

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...