နှာခေါင်းစည်း များ စနစ်တကျမစွန့်ပစ်ပါက ရောဂါ ပိုမိုပြန့်ပွားလာနိုင်ကြောင်း ကျန်းမာရေး ဦးစီး ဌာနသတိပေး


ရာသီတုပ်ကွေး ကာကွယ်ရန် နှာခေါင်းစည်းအသုံးပြုထားသူအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
ရာသီတုပ်ကွေး (H1N1)ကို ကာကွယ်ရန် အသုံးပြုနေသည့် နှာခေါင်းစည်း(Mask)များကို စနစ်တကျ မစွန့်ပစ်ပါကရောဂါပိုမိုပြန့်ပွားနိုင်ကြောင်း ရန် ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်း မာရေးဦးစီးဌာန ဒုဦးစီးမှူး ဒေါက်တာခင်နန်းလုံက ပြောသည်။
တစ်ခါသုံး နှာခေါင်းစည်း (Mask) များ အသုံးပြုပြီးပါက မီးရှို့ခြင်း၊ အရက်ပြန် (သို့မဟုတ်) ပိုးသတ်ဆေးရည်တစ်မျိုးမျိုး စိမ် ပြီးမှသာ စွန့်ပစ်သင့်ကြောင်း ဆို သည်။

‘‘H1N1 ရောဂါ ကို ကာကွယ် ဖို့အတွက် Mask တပ်ဖို့ပဲ သိ တာ။ စွန့်ပစ်ရမယ့်ပုံစံကို မသိ ဘူး။ Mask တွေကို စနစ်တကျ မစွန့်ပစ်နိုင်ဘူးဆိုရင် Mask မ တပ်တာက အကောင်းဆုံးဖြစ် လိမ့်မယ်။ မဟုတ်ရင် ရောဂါပြန့် ပွားမှုကို ပိုအားပေးရာရောက် တယ်’’ ဟု ဒေါက်တာခင်နန်းလုံ ကပြောသည်။

ထို့အပြင် Mask အသုံးပြု သူများနှင့် Mask အခမဲ့ဖြန့်ဝေသူ များ ပြုလုပ်နေသည့် နည်းလမ်း များ လွဲမှားနေခြင်းကြောင့် ရန် ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်း မာရေးဦးစီးဌာနက Mask အသုံး ပြုပုံနှင့် ရှောင်ကြဉ်ရမည့်နည်း လမ်းများကို ထုတ်ပြန်ထားသည်။

Mask ကိုင်တွယ်သူများနှင့် ဖြန့်ဝေသူများသည် ရောဂါ ကူးစက်မှုမရှိစေရန် လက်ကို စင်ကြယ်စွာ ဆေးကြောပြီးမှ ကိုင် တွယ်ခြင်း၊ သန့်ရှင်းမှုရှိစေရန် လက်အိတ်များ ၀တ်ဆင်ခြင်း၊ ချက်ချင်း အသုံးမပြုရသေးသော Mask များကို ပလတ်စတစ်အိတ် ငယ်တွင် ထည့်သွင်းသိမ်းဆည်း ထားခြင်းတို့ ပြုလုပ်သင့်ကြောင်း ဆိုသည်။
‘‘အခုဝေတဲ့သူတွေက လက် အိတ်မစွပ်ဘဲ ဝေနေကြတာလည်း ရှိတယ်။ တချို့ကျတော့ ရထား တဲ့ Mask တွေကို ဟိုနေရာချ ထား၊ ဒီနေရာချထားတယ်။ အဲဒီ Mask တွေက တစ်နည်းမဟုတ် တစ်နည်း ရောဂါပိုးနဲ့ ထိတွေ့နိုင် တယ်။ ပလတ်စတစ်အိတ်မရှိရင် ကြွပ်ကြွပ်အိတ်သန့်သန့်တစ်လုံး ထဲမှာ လုံအောင်ပိတ်ပြီး သိမ်း ဆည်းထားရမယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦး က ပြောသည်။

သုံးစွဲသူများအနေဖြင့် Mask ၏ အတွင်းပိုင်းမျက်နှာပြင် ကို မသန့်ရှင်းသော လက်များဖြင့် ကိုင်တွယ်နေခြင်းကို ရှောင်ရှား ရန်၊ အဲကွန်းဘတ်စ်ကားများစီး သည့်အခါ Mask ကို ဖြုတ်ခြင်း မပြုဘဲ ကားပေါ်ကဆင်းပြီး လူစုလူဝေးနှင့် ဝေးကွာသည့်နေရာသို့ ရောက်မှသာ Mask ကို ပြန်ဖြုတ်ရန် စသည့်အချက်များ လိုက်နာ ရန် လိုအပ်သည်။

ရောဂါ ကာကွယ်နိုင်သည့် N95 Mask များသည် ပြည်တွင်း ပစ္စည်းများပြတ်လပ်နေခြင်း၊ ဈေး နှုန်းကြီးမြင့်နေခြင်းကြောင့် ပြည်သူအများစုသည် ထိရောက်မှု နည်းပါးသည့် တစ်ခါသုံး ရိုးရိုး နှာခေါင်းစည်း များကိုသာ အသုံးပြု နေရသည်။

Credit : 7daydaily
====






Credit : 7daydaily

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...