ေဆးစြဲတဲ႔ မိဘႏွစ္ဦးက ေရာင္းစားခံရမွာေၾကာက္ျပီး ထြက္ေျပးလာတဲ့ ကေလးငယ္ ၃ဦးမွ ၂ဦး အာဟာရျပတ္ ေသဆံုး


ရွမ္းျပည္နယ္ေျမာက္ပိုင္း မုိးမိတ္ၿမိဳ႕နယ္ ေက်ာက္လံုးႀကီးေက်းရြာတြင္ မူးယစ္ေဆးစြဲေနသည့္ မိဘႏွစ္ဦးက သားသမီး သံုးဦးကို ေရာင္းစားရန္စီစဥ္ေနသည့္အတြက္ေၾကာင့္ အႀကီးဆံုုးျဖစ္သူ ၁၂ႏွစ္အရြယ္သမီးက ဦးေဆာင္ကာ ႏွစ္ႏွစ္အ ရြယ္ႏွင့္ ရက္ ၂၀ အရြယ္ရွိ မိန္းကေလးႏွစ္ဦးကို ဇူလိုင္လ ၂၃ရက္ေန႔၌ မိုးမိတ္သို႔ေခၚယူထြက္ေျပးလာရာ ဇူလိုင္လ ၂၄ ရက္ နံနက္ ၁၀နာရီတြင္ ၂ႏွစ္အရြယ္ ကေလးငယ္တစ္ဦး ေသဆံုးသြားေၾကာင္း သိရသည္။ ဇူလိုင္လ ၂၈ရက္ နံနက္ ၁၀ နာရီတြင္ က်န္ရွိသည့္ ကေလးငယ္ႏွစ္ဦးကို မိုးကုတ္ေဆး႐ံုသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး ယေန႔ နံ နက္ ဇူလိုင္ ၂၉ ရက္ ၈ နာရီ၌ ရက္ ၂၀ သာရွိေသးသည့္ လသားမိန္းကေလးငယ္တစ္ဦး ထပ္မံေသဆံုးသြားခဲ့ေၾကာင္း သိရသည္။ မိုးမိတ္ၿမိဳ႕ခံျဖစ္သူ ကိုထြန္းထြန္းက “မိဘႏွစ္ပါးက မူးယစ္ေဆးဖိုးအတြက္ တစ္သိန္းနဲ႔ေရာင္းမလို႔ေလ။ အဲဒါကို အႀကီး ဆံုး အစ္မက ညီမေလးႏွစ္ေယာက္ကိုေခၚၿပီး ၂၃ရက္ေန႔က ထြက္ေျပးလာတာ။ သူတို႔ အဟာရဓာတ္လည္း မရွိေတာ့ ဘူး။ သူတို႔ရြာကေန ရြာသားေတြကို အကူအညီေတာင္းခံၿပီးေတာ့ ေျပးလာတာ။ ေဆး႐ံုေရာက္ေတာ့ ေကာင္မေလး လက္ထဲ ပိုက္ဆံ သံုးေထာင္ပဲရွိတယ္။ မိုးမိတ္ေရာက္ၿပီး အေၾကာင္းၾကားေတာ့ အေဒၚျဖစ္သူက ေဒၚလွလွဝင္းက လာ ကူညီေပးတယ္။ က်န္တဲ့ လူမႈအဖြဲ႔အစည္းေတြလည္း လာေရာက္ကူညီေပးခဲ့ၾကတယ္” ဟု ေျပာပါသည္။ မိုးမိတ္ေဆး႐ံုတြင္ ၿပီးခဲ့သည့္ ဇူလိုင္လ ၂၄ရက္တြင္ ေသဆံုးသြားသည့္ ၂ႏွစ္အရြယ္ရွိ မိန္းကေလးတစ္ဦးမွာ အာဟာရ ဓာတ္ ခ်ဳိ႕တဲ့မႈျဖင့္ ေသဆံုးသြားခဲ့ျခင္းျဖစ္ေၾကာင္း မိုးမိတ္ေဆး႐ံုအုပ္ႀကီး ေဒါက္တာစိုးညီညီက အတည္ျပဳ ေျပာၾကားခဲ့ သည္။ ေမြးခ်င္း ၅ ဦိးအနက္ ၁၂ႏွစ္အရြယ္ရွိ သမီးငယ္ေလးမွာ အႀကီးဆံုးျဖစ္ၿပီး အာဟာရဓာတ္ခ်ဳိ႕တဲ့ေနသည့္ ညီမေလးႏွစ္ ဦးကို ေခၚယူကာ ထြက္ေျပးတိမ္းေရွာင္ခဲ့ျခင္းျဖစ္ၿပီး ရြာတြင္လည္း မိဘမ်ား မူးယစ္ေဆးစြဲေနသည့္အတြက္ လယ္ယာ လုပ္ငန္းျဖင့္ မိဘမ်ားကို ျပန္လည္လုပ္ေကြ်းေနရေၾကာင္း၊ ကေလးငယ္ ၂ဦးသည္လည္း ေက်းရြာတြင္ က်န္ခဲ့ေၾကာင္း ၎မိန္းကေလး၏ ေျပာျပခ်က္အရ သိရသည္။
Photo- Ko Tun Tun Marnagar News Journal https://www.facebook.com/marnagarnewsjournal

Unicode ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ် ကျောက်လုံးကြီးကျေးရွာတွင် မူးယစ်ဆေးစွဲနေသည့် မိဘနှစ်ဦးက သားသမီး သုံးဦးကို ရောင်းစားရန်စီစဉ်နေသည့်အတွက်ကြောင့် အကြီးဆုံးဖြစ်သူ ၁၂နှစ်အရွယ်သမီးက ဦးဆောင်ကာ နှစ်နှစ်အ ရွယ်နှင့် ရက် ၂၀ အရွယ်ရှိ မိန်းကလေးနှစ်ဦးကို ဇူလိုင်လ ၂၃ရက်နေ့၌ မိုးမိတ်သို့ခေါ်ယူထွက်ပြေးလာရာ ဇူလိုင်လ ၂၄ ရက် နံနက် ၁၀နာရီတွင် ၂နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးသွားကြောင်း သိရသည်။ ဇူလိုင်လ ၂၈ရက် နံနက် ၁၀ နာရီတွင် ကျန်ရှိသည့် ကလေးငယ်နှစ်ဦးကို မိုးကုတ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ယနေ့ နံ နက် ဇူလိုင် ၂၉ ရက် ၈ နာရီ၌ ရက် ၂၀ သာရှိသေးသည့် လသားမိန်းကလေးငယ်တစ်ဦး ထပ်မံသေဆုံးသွားခဲ့ကြောင်း သိရသည်။ မိုးမိတ်မြို့ခံဖြစ်သူ ကိုထွန်းထွန်းက “မိဘနှစ်ပါးက မူးယစ်ဆေးဖိုးအတွက် တစ်သိန်းနဲ့ရောင်းမလို့လေ။ အဲဒါကို အကြီး ဆုံး အစ်မက ညီမလေးနှစ်ယောက်ကိုခေါ်ပြီး ၂၃ရက်နေ့က ထွက်ပြေးလာတာ။ သူတို့ အဟာရဓာတ်လည်း မရှိတော့ ဘူး။ သူတို့ရွာကနေ ရွာသားတွေကို အကူအညီတောင်းခံပြီးတော့ ပြေးလာတာ။ ဆေးရုံရောက်တော့ ကောင်မလေး လက်ထဲ ပိုက်ဆံ သုံးထောင်ပဲရှိတယ်။ မိုးမိတ်ရောက်ပြီး အကြောင်းကြားတော့ အဒေါ်ဖြစ်သူက ဒေါ်လှလှဝင်းက လာ ကူညီပေးတယ်။ ကျန်တဲ့ လူမှုအဖွဲ့အစည်းတွေလည်း လာရောက်ကူညီပေးခဲ့ကြတယ်” ဟု ပြောပါသည်။ မိုးမိတ်ဆေးရုံတွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၄ရက်တွင် သေဆုံးသွားသည့် ၂နှစ်အရွယ်ရှိ မိန်းကလေးတစ်ဦးမှာ အာဟာရ ဓာတ် ချို့တဲ့မှုဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း မိုးမိတ်ဆေးရုံအုပ်ကြီး ဒေါက်တာစိုးညီညီက အတည်ပြု ပြောကြားခဲ့ သည်။ မွေးချင်း ၅ ဦိးအနက် ၁၂နှစ်အရွယ်ရှိ သမီးငယ်လေးမှာ အကြီးဆုံးဖြစ်ပြီး အာဟာရဓာတ်ချို့တဲ့နေသည့် ညီမလေးနှစ် ဦးကို ခေါ်ယူကာ ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်းဖြစ်ပြီး ရွာတွင်လည်း မိဘများ မူးယစ်ဆေးစွဲနေသည့်အတွက် လယ်ယာ လုပ်ငန်းဖြင့် မိဘများကို ပြန်လည်လုပ်ကျွေးနေရကြောင်း၊ ကလေးငယ် ၂ဦးသည်လည်း ကျေးရွာတွင် ကျန်ခဲ့ကြောင်း ၎င်းမိန်းကလေး၏ ပြောပြချက်အရ သိရသည်။

Cheap Offers: http://bit.ly/gadgets_cheap

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...