ခင်ပွန်းဖြစ်သူသေဆုံးပြီး နှစ်နှစ်ကျော်ကြာမှ ဇနီးသည်ကိုယ်ဝန်ဆောင်ပြီး မီးဖွားခဲ့






Unicode

လွန်ခဲ့တဲ့ နှစ်နှစ်ကျော်တုန်းက အသတ်ခံခဲ့ရတဲ့ နယူးယောက်မြို့တော်က ရဲသားတစ်ဦးရဲ့ ကလေး ငယ်ကို ဇနီးသည်ဖြစ်သူက ဒီကနေ့မှာ မီးဖွားပေးခဲ့တယ်လို့ သိရပါတယ်။ ဝန်ဂျီအန်လူ လို့ အမည်ရတဲ့ ရဲသားက မြို့တော်မှာ တာဝန်ထမ်းဆောင်ရင်းနဲ့ ရန်သူအပြစ်သားတစ်ဦးရဲ့ ချောင်းမြောင်းတိုက်ခိုက် ခံရပြီးနောက်မှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

ဝန်သေဆုံးပြီး နှစ်နှစ်ကျော်ကြာမှ ဝန်ရဲ့ သမီးလေး အန်ဂျယ်လီနာကို ဇနီးသည်ဖြစ်သူက ကိုယ်ဝန် ဆောင်ပြီး မီးဖွားပေးနိုင် ခဲ့တာဖြစ်ပါတယ်။ ဇနီးသည် ဆန်နီလီယူက ခင်ပွန်းဖြစ်သူ မသေဆုံးခင်အ ချိန်တုန်းက ခင်ပွန်းဖြစ်သူရဲ့ သုတ်ပိုးကိုထုတ်ယူထားပြီး သိမ်းဆည်းထားကာ သူမတို့ဇနီးမောင်နှံနှစ် ဦးစလုံးရဲ့ ရည်မှန်းချက်တွေ ပြည့်တဲ့အချိန်မှသာ ကလေးယူဖို့ စိတ်ကူးအတွက် စီစဉ်ထားခဲ့ တာဖြစ်ပါ တယ်။

သေနတ်နဲ့ပစ်သတ်ခံခဲ့ရပြီး ကံမကောင်းအကြောင်းမလှလို့ သေဆုံးသွားခဲ့ရတဲ့ ခင်ပွန်းဖြစ်သူအတွက် အသက်ရှင်စဉ်အချိန်မှာ ကလေးမယူနိုင်ပေးခဲ့ပေမယ့်လည်း ခင်ပွန်းသည် ကွယ်လွန်ပြီး နှစ်နှစ်ခွဲ ကျော်ကြာအချိန်မှာသာ ဇနီးသည်လီ ယူက သိမ်းဆည်းပြီးအေး ခဲထားတဲ့ခင်ပွန်းရဲ့ သုတ်ပိုးနဲ့ ကိုယ် ဝန်ကိုဆောင်ပြီး သမီးငယ်လေးကို မွေးဖွားနိုင်ခဲ့တာဖြစ်ပါတယ်။ သမီးလေးအတွက်တော့ ဖခင်မဲ့ ခြင်းက သိပ်ကြေကွဲစရာပါပဲ။

ဘရွတ်ကလင်မှာ သေနတ်သမားတစ်ဦးရဲ့ လုပ်ကြံပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ရတဲ့ ရဲသားဝန်ဂျီအန်ရဲ့ အသုဘအခမ်းအနားကို လူပေါင်းများစွာတက်ရောက်ပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ်တွေ လည်းပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

Credit – သဒ္ဒါချို(ရွှေအင်းလေး)

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...