မိတၳီလာတြင္ ခြင့္ျပဳခ်က္မရွိဘဲေဆာက္လုပ္သည့္ ဘာသာေရးအေဆာက္အဦးကို ဖ်က္သိမ္း

မႏၲေလးတိုင္းေဒသႀကီး၊ မိတၳီလာၿမိဳ႕နယ္၊ ခ်မ္းေအးသာယာရပ္ကြက္ႏွင့္ နန္းေတာ္ကုန္းရပ္ကြက္တို႔တြင္ ေႏြရာ သီေက်ာင္းပိတ္ရက္၌ ဘာသာေရးစာေပမ်ား သင္ၾကားပို႔ခ်ရန္ ေဆာက္လုပ္ခဲ့သည့္ အေဆာက္အဦအား မတ္လ ၁၂ ရက္ေန႔က ျပန္လည္ဖ်က္သိမ္းခဲ့ေၾကာင္း သိရသည္။
၂၀၁၇ မတ္လ ၈ ရက္ေန႔တြင္ မိတၳီလာၿမိဳ႕ နန္းေတာ္ကုန္းႏွင့္ ခ်မ္းေအးသာယာရပ္တြင္ ေနထိုင္ေသာ ဦးေအာင္ေဌး၊ ဦးေဌးလြင္ (ခ) ကဖူးလ္တို႔မွ ေႏြရာသီေက်ာင္းပိတ္ရက္တြင္ ကေလးမ်ားအား ဘာသာေရးစာေပ မ်ား သင္ၾကားပို႔ခ်ရန္ ရပ္ကြက္အတြင္းရွိ ေျမကြက္လပ္တြင္ ယာယီမိုးကာတဲျဖင့္ ေဆာက္လုပ္သင္ၾကားခြင့္ ျပဳရန္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးဆန္းညြန္႔ထံတင္ျပရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမွ ယာယီျဖစ္၍ ခြင့္ျပဳခဲ့ေသာ ေၾကာင့္ ထိုေန႔မွာပင္ ၂၄ ေပပတ္လည္ ေျမစိုက္၊ သံထည္၊ အုတ္တိုင္မ်ားျဖင့္ အခိုင္အမာေဆာက္လုပ္ခဲ့ေၾကာင္း အဆိုပါ ရပ္ကြက္ေနထိုင္သူမ်ားထံမွ သိရသည္။
ယင္းသို႔ ေဆာက္လုပ္ေနစဥ္ ရပ္ကြက္ေနျပည္သူမ်ား၏ အသိေပးခ်က္အရႏွင့္ အထက္အဖြဲ႕အစည္းအဆင့္ဆင့္၏ ညႊန္ၾကားခ်က္အရ နန္းေတာ္ကုန္းရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး႐ုံး၏ ၁၂.၃.၂၀၁၇ ရက္စြဲပါ စာအမွတ္ ၁/၁-၅ ျဖင့္ ၄င္းအေဆာက္အဦးကို ျပန္လည္ဖ်က္သိမ္းရန္ အေၾကာင္းၾကားမႈေၾကာင့္ အဆိုပါ ေက်ာင္းအေဆာက္အဦအား ျပန္လည္ဖ်က္သိမ္းခဲ့ေၾကာင္း သိရသည္။
ခ်မ္းေအးသာယာရပ္ကြက္ႏွင့္ နန္းေတာ္ကုန္းရပ္ကြက္မ်ားသည္ ၂၀၁၃ ခုႏွစ္ မတ္လအတြင္းျဖစ္ပြားခဲ့ေသာ ပဋိပကၡျဖစ္စဥ္၌ မီး႐ိႈ႕ဖ်က္ဆီးခံရေသာ ရပ္ကြက္မ်ားျဖစ္၍ ပ်က္စီးသြားေသာ လူေနအိမ္မ်ားကိုသာ ျပန္လည္ေဆာက္လုပ္ခြင့္ျပဳခဲ့ေသာ္လည္း ဘာသာေရးအေဆာက္အဦ တည္ေဆာက္ခြင့္ မျပဳထားေၾကာင္း ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးထံမွ သိရသည္။
လက္ရွိတြင္ နန္းေတာ္ကုန္း၊ ခ်မ္းေအးသာယာ၊ ရန္မ်ဳိးေအာင္၊ ၀န္ဇင္းရပ္ကြက္မ်ားရွိ အစၥလာမ္ဘာသာ၀င္ေနအိမ္အခ်ဳိ႕တြင္ ေဘးအဖီဆြဲ၍ ကေလးမ်ားကုိ ဘာသာေရးစာေပမ်ား သင္ၾကားေပးေနေၾကာင္း ရပ္ကြက္ေနျပည္သူအခ်ဳိ႕ထံမွ သိရသည္။
“ခ်မ္းေအးသာယာရပ္ကြက္မွာက ဘာသာေရးစာေပသင္ၾကားတဲ့ ေက်ာင္းမရွိေတာ့ လူေနအိမ္ကို ေဘးကေန တဲထပ္ထုိးၿပီး အစၥလာမ္ဘာသာေရးစာေပေတြ သင္ၾကားေပးတာ ကေလးေပါင္း ၆၀၀ ေလာက္ရွိတယ္”ဟု ခ်မ္းေအးသာယာရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္ေက်ာ္ႏုိင္က ေျပာသည္။
ယာယီဟုေျပာၿပီး သံေခ်ာင္းမ်ား၊ ဘိလပ္ေျမမ်ား၊ သြပ္မ်ားႏွင့္ အခိုင္အမာတည္ေဆာက္ရန္ျပဳလုပ္သည္မွာ မသင့္ေတာ္ေၾကာင္း၊ မလိုလားအပ္ေသာ ျပႆနာမ်ား ျဖစ္ပြားလာမည္ကို စိုးရိမ္မိေၾကာင္း ေအးခ်မ္းသာယာႏွင့္ နန္းေတာ္ကုန္းရပ္ကြက္ေနျပည္သူမ်ားက ေျပာသည္။
ေရႊေမာင္
 http://burmese.dvb.no

မိတ္ထီလာတွင် ခွင့်ပြုချက်မရှိဘဲဆောက်လုပ်သည့် ဘာသာရေးကျောင်း အဆောက်အဦ ဖျက်သိမ်း
------ ------ ------ ------ ------
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ချမ်းအေးသာယာရပ်ကွက်နှင့် နန်းတော်ကုန်းရပ်ကွက်တို့တွင် နွေရာ သီကျောင်းပိတ်ရက်၌ ဘာသာရေးစာပေများ သင်ကြားပို့ချရန် ဆောက်လုပ်ခဲ့သည့် အဆောက်အဦအား မတ်လ ၁၂ ရက်နေ့က ပြန်လည်ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

၂၀၁၇ မတ်လ ၈ ရက်နေ့တွင် မိတ္ထီလာမြို့ နန်းတော်ကုန်းနှင့် ချမ်းအေးသာယာရပ်တွင် နေထိုင်သော ဦးအောင်ဌေး၊ ဦးဌေးလွင် (ခ) ကဖူးလ်တို့မှ နွေရာသီကျောင်းပိတ်ရက်တွင် ကလေးများအား ဘာသာရေးစာပေ များ သင်ကြားပို့ချရန် ရပ်ကွက်အတွင်းရှိ မြေကွက်လပ်တွင် ယာယီမိုးကာတဲဖြင့် ဆောက်လုပ်သင်ကြားခွင့် ပြုရန် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဆန်းညွန့်ထံတင်ပြရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ယာယီဖြစ်၍ ခွင့်ပြုခဲ့သော ကြောင့် ထိုနေ့မှာပင် ၂၄ ပေပတ်လည် မြေစိုက်၊ သံထည်၊ အုတ်တိုင်များဖြင့် အခိုင်အမာဆောက်လုပ်ခဲ့ကြောင်း အဆိုပါ ရပ်ကွက်နေထိုင်သူများထံမှ သိရသည်။

ယင်းသို့ ဆောက်လုပ်နေစဉ် ရပ်ကွက်နေပြည်သူများ၏ အသိပေးချက်အရနှင့် အထက်အဖွဲ့အစည်းအဆင့်ဆင့်၏ ညွှန်ကြားချက်အရ နန်းတော်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၏ ၁၂.၃.၂၀၁၇ ရက်စွဲပါ စာအမှတ် ၁/၁-၅ ဖြင့် ၎င်းအဆောက်အဦးကို ပြန်လည်ဖျက်သိမ်းရန် အကြောင်းကြားမှုကြောင့် အဆိုပါ ကျောင်းအဆောက်အဦအား ပြန်လည်ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

ချမ်းအေးသာယာရပ်ကွက်နှင့် နန်းတော်ကုန်းရပ်ကွက်များသည် ၂၀၁၃ ခုနှစ် မတ်လအတွင်းဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်၌ မီးရှို့ဖျက်ဆီးခံရသော ရပ်ကွက်များဖြစ်၍ ပျက်စီးသွားသော လူနေအိမ်များကိုသာ ပြန်လည်ဆောက်လုပ်ခွင့်ပြုခဲ့သော်လည်း ဘာသာရေးအဆောက်အဦ တည်ဆောက်ခွင့် မပြုထားကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

လက်ရှိတွင် နန်းတော်ကုန်း၊ ချမ်းအေးသာယာ၊ ရန်မျိုးအောင်၊ ဝန်ဇင်းရပ်ကွက်များရှိ အစ္စလာမ်ဘာသာဝင်နေအိမ်အချို့တွင် ဘေးအဖီဆွဲ၍ ကလေးများကို ဘာသာရေးစာပေများ သင်ကြားပေးနေကြောင်း ရပ်ကွက်နေပြည်သူအချို့ထံမှ သိရသည်။

“ချမ်းအေးသာယာရပ်ကွက်မှာက ဘာသာရေးစာပေသင်ကြားတဲ့ ကျောင်းမရှိတော့ လူနေအိမ်ကို ဘေးကနေ တဲထပ်ထိုးပြီး အစ္စလာမ်ဘာသာရေးစာပေတွေ သင်ကြားပေးတာ ကလေးပေါင်း ၆၀၀ လောက်ရှိတယ်”ဟု ချမ်းအေးသာယာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်နိုင်က ပြောသည်။

ယာယီဟုပြောပြီး သံချောင်းများ၊ ဘိလပ်မြေများ၊ သွပ်များနှင့် အခိုင်အမာတည်ဆောက်ရန်ပြုလုပ်သည်မှာ မသင့်တော်ကြောင်း၊ မလိုလားအပ်သော ပြဿနာများ ဖြစ်ပွားလာမည်ကို စိုးရိမ်မိကြောင်း အေးချမ်းသာယာနှင့် နန်းတော်ကုန်းရပ်ကွက်နေပြည်သူများက ပြောသည်။

ရွှေမောင်

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...