တေစၧဝင္ပူးျခင္း နဲ႔ သိပၸံအျမင္ ..!



“တေစၧဝင္ပူးျခင္း” ဆိုတာကေတာ့ အျခားေလာကက မေကာင္းဆိုးဝါးတစ္ခုခုက လူတစ္ေယာက္ရဲ့ ခႏၶာကိုယ္ထဲကို ဝင္ၿပီး အဲ့ဒီလူမလုပ္မယ့္ အရာေတြ လုပ္ေဆာင္သြားတယ္လို႔ အဓိပၸာယ္ဖြင့္ရပါမယ္။ ဒီလိုျဖစ္စဥ္ဟာ ကမၻာတစ္ဝန္းမွာ အေတာ္အတန္နာမည္ႀကီးခဲ့ၿပီး အလယ္ေခတ္ကစလို႔ တေစၧဝင္ပူးျခင္း(demonic possession) ဆိုၿပီး စတင္ေခၚဆိုခဲ့ၾကပါတယ္။ နာမည္ေက်ာ္ Exorcist ကားထဲမွာဆိုရင္လဲ တစ္စုံတစ္ေယာက္ဟာ ဝင္ပူးခံရၿပီးရင္ အျခားေသာ ဘာသာစကားမ်ားပါ ေျပာဆိုလာနိုင္တာကို ေတြ႕ရပါတယ္။ လူတစ္ေယာက္ထက္ ပိုမိုသန္မာတဲ့ ခြန္အားေတြ၊ အစြမ္းေတြ ရွိေနတာဟာ အံ့ၾသစရာပါ။
အခုဆိုရင္လဲ ကၽြန္ေတာ္တို႔ ျမန္မာနိုင္ငံမွာ ဒီကိစၥကို အသဲအသန္ ၾကဳံေတြ႕ေနရတာကို ၾကားျမင္ေနရပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီးကၽြန္ေတာ္အနည္းငယ္ေလ့လာၾကည့္လိုက္တဲ့အခါမွာေတာ့ ဒီကိစၥဟာ နည္းလမ္းႏွစ္မ်ိဳးနဲ႔ ေျဖရွင္းျပနိုင္တယ္လို႔ ေတြ႕ရပါတယ္။ ဘာသာေရးနည္းလမ္း နဲ႔ ေဆးပညာနည္းလမ္း ပါပဲ။

၁) ဘာသာေရးနည္းလမ္း
ကမၻာတစ္ဝန္းက ဘာသာေရးေတာ္ေတာ္မ်ားမ်ားမွာ ဒီကိစၥဟာ လက္ခံထားတဲ့ အရာတစ္ခုျဖစ္ေနပါတယ္။ ကၽြန္ေတာ္တို႔ ေလာကမွာမရွိတဲ့ မေကာင္းဆိုးဝါးက ခႏၶာကိုယ္ထဲကို ဝင္ပူးၿပီး သူေျပာခ်င္တဲ့စကားမ်ား၊ သတိေပးမႈမ်ား၊ ၿခိမ္းေျခာက္မႈမ်ား ျပဳလုပ္တတ္တာကို ေတြ႕ရပါတယ္။ အဲ့ဒီအခ်ိန္မွာ ပရိတ္ရည္ျဖင့္ ပက္ဖ်န္းျခင္း၊ ႀကိမ္လုံးျဖင့္ ရိုက္ႏွက္၍ ထိုမေကာင္းဆိုးဝါးဟာ ျပန္လည္ၿခိမ္းေျခာက္ျခင္း၊ ႀကိမ္းေမာင္းျခင္းမ်ား ျပဳလုပ္တတ္ပါတယ္။

အလယ္ေခတ္ ကမၻာတစ္ဝန္း(အထူးသျဖင့္ ဥေရာပ)မွာေတာ့ တိရိစၧာန္သို႔မဟုတ္ လူတစ္ေယာက္ဟာ မေကာင္းဆိုးဝါးဝင္ပူးျခင္းခံလိုက္ရၿပီဆိုရင္ ေအာက္ပါ ျဖစ္ရပ္မ်ားကို လုပ္ေဆာင္တတ္တယ္လို႔ သိရပါတယ္။

– ဘာမွန္းမသိရေသာဘာသာစကားမ်ားျဖင့္ ေျပာဆိုျခင္း၊ က်ိန္စာတိုက္ျခင္း
– သာမန္အေျခအေနနဲ႔ မလုပ္ေဆာင္နိုင္ေသာ အရာမ်ားကို လုပ္ေဆာင္ျပျခင္း
– သင့္စိတ္ကို ဖတ္ရႈျခင္း သို႔မဟုတ္ အနာဂတ္ကို ေျပာျပျခင္း
– လက္ဝါးကပ္တိုင္ သို႔မဟုတ္ ဘုရား႐ုပ္တု၊ပုံမ်ားကို ေၾကာက္ရြံ့ျခင္း
– ဘုရားစာကို လုံးဝ မရြတ္နိုင္ျခင္း
– မတန္တဆ တံေတြးေထြးျခင္း သို႔မဟုတ္ ေအာ့အန္ျခင္း

စသည္တို႔ကို လုပ္တတ္တယ္လို႔ ေရးသားေဖာ္ျပၾကတာကို ေတြ႕ရပါတယ္။ ဘာသာေရးရႈေထာင့္ကေန တေစၧပူးျခင္းနဲ႔ ပတ္သက္ၿပီး ေျဖရွင္းခ်က္ကေတာ့ ဒီေလာက္ဆို လုံေလာက္ၿပီလို႔ ေျပာနိုင္ပါတယ္။

၂) ေဆးပညာရႈေထာင့္မွ ေျဖရွင္းျခင္း

တေစၧပူးျခင္းဆိုတဲ့ ေခါင္းစဥ္တစ္ခုကို ေဆးပညာက ေျဖရွင္းၾကည့္မယ္ဆိုရင္ေတာ့ ေခါင္းစဥ္ေပါင္းမ်ားစြာနဲ႔ ခြဲၿပီး ေျဖရွင္းနိုင္ပါတယ္။ မ်ားေသာအားျဖင့္ကေတာ့ စိတ္ပညာမ်ားနဲ႔သာ သက္ဆိုင္ေနပါလိမ့္မယ္။ အခ်ိဳ႕ေသာ ေခါင္းစဥ္မ်ားကို ေဖာ္ျပလိုက္ရပါတယ္။

Hysteria : Hysteria ဆိုတာကေတာ့ ကိုယ့္ကိုယ္ကို မထိန္းခ်ဳပ္နိုင္တဲ့ စိတ္ခံစားမႈမ်ား ျဖစ္ျခင္းလို႔ အေပၚယံဘာသာျပန္နိုင္ပါတယ္။ မ်ားေသာအားျဖင့္ေတာ့ ေၾကာက္ရြံ့မႈမ်ားျဖစ္တတ္ပါတယ္။ Hysteria ကို psychosomatic, functional, nonorganic နဲ႔ psychogenic စသျဖင့္လဲ အမ်ိဳးမ်ိဳးေခၚဆိုနိုင္ပါတယ္။

Mania : Mania ဆိုတာကေတာ့ စိတ္ဓာတ္အရမ္းျပင္းထန္ျခင္းရဲ့ ေနာက္ဆက္တြဲ ဆိုးက်ိဳးတစ္ခုျဖစ္ပါတယ္။ သူတို႔ဟာ အလြန္အမင္းခြန္အားျပည့္ျခင္း(energetic) ျဖစ္ၿပီး သာမန္အေတြးအေခၚမ်ားနဲ႔ မတူေအာင္ ေတြးေခၚျခင္းမ်ား လုပ္ေဆာင္လာပါတယ္။

Psychosis : ဆိုက္ကိုစစ္ ရွိတဲ့ လူေတာ္ေတာ္မ်ားမ်ားဟာ ထင္ေယာင္ထင္မွားေတြ ျမင္ေလ့ရွိပါတယ္။ တကယ္ရွိမေနတဲ့အရာကို ရွိတယ္ဆိုၿပီး ေတြးထင္ျမင္ေယာင္ေနတတ္ၾကပါတယ္။ ေတာ္ေတာ္မ်ားမ်ားကေတာ့ အရိုးစြဲေနတဲ့ လြဲမွားေသာ ယုံၾကည္မႈမ်ား နဲ႔ အေတြးအေခၚမ်ားေၾကာင့္ ထိုျမင္ကြင္းေတြကို သူတို႔ဟာသူတို႔ ဖန္တီးယုံၾကည္သြားေလ့ရွိတယ္လို႔ ဆိုပါတယ္။ တစ္ခါတစ္ရံမွာ သူတို႔ရဲ့ personality ေတြပါ ေျပာင္းလဲလာပါတယ္၊ အေတြးအေခၚမ်ား မမွန္ေတာ့ပဲ သူ႔ကို နားလည္ဖို႔ ခက္လာပါတယ္။ ဒီလိုလကၡဏာေတြဟာ တစ္ခုတည္းလဲျဖစ္တတ္သလို ေပါင္းစပ္ၿပီးလဲ ျဖစ္တတ္ပါတယ္။

Schizophrenia : Schizophrenia ရွိတဲ့လူမ်ားဟာ အမွန္တကယ္ရွိတဲ့အရာနဲ႔ မရွိတဲ့အရာမ်ားအေပၚမွာ တမူထူးျခားတဲ့ အေတြးအေခၚမ်ားပိုင္ဆိုင္ေနျခင္းျဖစ္တတ္ပါတယ္။ ဒီေရာဂါဟာ အျပဳအမူမ်ား၊ အေတြးအေခၚမ်ား၊ စိတ္ခံစားမႈမ်ား စတဲ့ေနရာေတြမွာ ျပသနာေတြျဖစ္တတ္ပါတယ္။ Schizophrenia ျပင္းထန္တဲ့လူမ်ားဟာ အမွန္တရားနဲ႔ေဝးကြာတဲ့ ေလာကတစ္ခုမွာ ေနေနရသလို ျဖစ္သြားပါတယ္

Dissociative identity disorder : ဒီေခါင္းစဥ္ကို ႏွစ္မ်ိဳးထပ္ခြဲနိုင္ပါတယ္။ Neutral Identity States (NIS) နဲ႔ Traumatic Identity States (TIS) တို႔ပဲျဖစ္ပါတယ္။ NIS ရွိထားသူမ်ားဟာ သူလုပ္ထားတဲ့ အရာေတာ္ေတာ္မ်ားမ်ားကို ေမ့ေနတတ္ပါတယ္။ TIS သမားမ်ားကေတာ့ တစ္စုံတစ္ခုကို လုပ္ေနရင္းတန္းလန္းနဲ႔ ဘာ့ေၾကာင့္လဲဆိုတာ ျပန္စဥ္းစားတတ္ၾကပါတယ္။

အားလုံးထဲမွာ တေစၧဝင္ပူးျခင္းအတြက္ အျဖစ္နိုင္ဆုံး သို႔မဟုတ္ အျဖစ္အမ်ားဆုံးျဖစ္ရပ္ကေတာ့ Mass hysteria ေခၚ collective hysteria ပဲျဖစ္ပါတယ္။ မ်ားေသာအားျဖင့္ အမ်ိဳးသမီးမ်ားမွာျဖစ္တတ္ပါတယ္။ အပ်ိဳေဖာ္ဝင္စ အမ်ိဳးသမီးမ်ားမွာ အျဖစ္မ်ားပါတယ္။ သူတို႔ဟာ ေဟာ္မုန္းေျပာင္းလဲျခင္း၊ စိတ္ဖိစီးမႈမ်ားျပားျခင္း အဆိုပါအခ်ိန္မ်ိဳးေတြမွာ မိမိကိုယ္မိမိ ထိန္းခ်ဳပ္နိုင္စြမ္းမရွိေတာ့ပဲ မိမိစိတ္ထဲမွာ စြဲေနတဲ့ ပုံစံတစ္မ်ိဳး(တေစၧကဲ့သို႔ ေျပာဆိုျပဳမူျခင္း) ကို ဖြင့္ထုတ္ လုပ္ေဆာင္ေလ့ရွိပါတယ္။ ၁၅ ရာစုနဲ႔ ၁၇ ရာစုၾကားမွာ ဥေရာပတိုက္မွာ ဒီလိုကိစၥေၾကာင့္ တေစၧဝင္ပူးတယ္လို႔ဆိုကာ ကြပ္မ်က္ခံခဲ့ရတဲ့ အမ်ိဳးသမီးေပါင္းဟာ ေထာင္နဲ႔ခ်ီၿပီး ရွိခဲ့တယ္လို႔ ဆိုပါတယ္။

Occam’s Razor ဆိုတဲ့ သီအိုေလာ္ဂ်ီတစ္ခုရွိပါတယ္။ လူတစ္ေယာက္ဟာ ႐ုတ္တရတ္ နားလည္ရခက္တဲ့ ျဖစ္ရပ္တစ္ခုကို ၾကဳံေတြ႕လိုက္ၿပီဆိုရင္ အဲ့ဒီအတြက္ ေျဖရွင္းခ်က္ကို လြယ္ကူၿပီး ေခါင္းရႈတ္မခံရတဲ့ ေျဖရွင္းနည္းတစ္ခုကို ထစ္ထစ္ခ်ယုံၾကည့္လိုက္ပါတယ္။ အျခားေသာ ျဖစ္နိုင္ေခ်ေတြကို ထပ္မံစဥ္းစားဖို႔ သူဟာ စိတ္မဝင္စားေတာ့ပါဘူး။ ဥပမာ သင္တစ္ေယာက္တည္းရွိေနတဲ့အခ်ိန္မွာ အိမ္တံခါးဟာ သူ႔ဟာသူ ပြင့္သြားပါတယ္။ ဒီလိုဆိုရင္ သင့္ေခါင္းထဲမွာ ပထမဆုံးေပၚလာမယ့္ ေျဖရွင္းခ်က္ကေတာ့ သရဲဖြင့္လိုက္တယ္ဆိုပါပဲ။ အျခားေသာ ေျဖရွင္းခ်က္ေတြကို ထပ္မံစဥ္းစားၾကည့္မယ္ဆိုရင္ေတာ့ ေလတိုက္တာလဲျဖစ္နိုင္သလို တံခါးခ်က္ထဲက ေခ်ာစီမမၽွလို႔လဲ ျဖစ္နိုင္ပါတယ္။ ဒါေပမယ့္ ေတာ္ေတာ္မ်ားမ်ားဟာ ပထမအဆင့္မွာတင္ ရပ္သြားေလ့ရွိပါတယ္။
Credit:Thar Htet Aung


#Unicode Version
“တစ္ဆေဝင်ပူးခြင်း” ဆိုတာကတော့ အခြားလောကက မကောင်းဆိုးဝါးတစ်ခုခုက လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ပြီး အဲ့ဒီလူမလုပ်မယ့် အရာတွေ လုပ်ဆောင်သွားတယ်လို့ အဓိပ္ပာယ်ဖွင့်ရပါမယ်။ ဒီလိုဖြစ်စဉ်ဟာ ကမ္ဘာတစ်ဝန်းမှာ အတော်အတန်နာမည်ကြီးခဲ့ပြီး အလယ်ခေတ်ကစလို့ တစ္ဆေဝင်ပူးခြင်း(demonic possession) ဆိုပြီး စတင်ခေါ်ဆိုခဲ့ကြပါတယ်။ နာမည်ကျော် Exorcist ကားထဲမှာဆိုရင်လဲ တစ်စုံတစ်ယောက်ဟာ ဝင်ပူးခံရပြီးရင် အခြားသော ဘာသာစကားများပါ ပြောဆိုလာနိုင်တာကို တွေ့ရပါတယ်။ လူတစ်ယောက်ထက် ပိုမိုသန်မာတဲ့ ခွန်အားတွေ၊ အစွမ်းတွေ ရှိနေတာဟာ အံ့သြစရာပါ။

အခုဆိုရင်လဲ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒီကိစ္စကို အသဲအသန် ကြုံတွေ့နေရတာကို ကြားမြင်နေရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်အနည်းငယ်လေ့လာကြည့်လိုက်တဲ့အခါမှာတော့ ဒီကိစ္စဟာ နည်းလမ်းနှစ်မျိုးနဲ့ ဖြေရှင်းပြနိုင်တယ်လို့ တွေ့ရပါတယ်။ ဘာသာရေးနည်းလမ်း နဲ့ ဆေးပညာနည်းလမ်း ပါပဲ။

၁) ဘာသာရေးနည်းလမ်း
ကမ္ဘာတစ်ဝန်းက ဘာသာရေးတော်တော်များများမှာ ဒီကိစ္စဟာ လက်ခံထားတဲ့ အရာတစ်ခုဖြစ်နေပါတယ်။ ကျွန်တော်တို့ လောကမှာမရှိတဲ့ မကောင်းဆိုးဝါးက ခန္ဓာကိုယ်ထဲကို ဝင်ပူးပြီး သူပြောချင်တဲ့စကားများ၊ သတိပေးမှုများ၊ ခြိမ်းခြောက်မှုများ ပြုလုပ်တတ်တာကို တွေ့ရပါတယ်။ အဲ့ဒီအချိန်မှာ ပရိတ်ရည်ဖြင့် ပက်ဖျန်းခြင်း၊ ကြိမ်လုံးဖြင့် ရိုက်နှက်၍ ထိုမကောင်းဆိုးဝါးဟာ ပြန်လည်ခြိမ်းခြောက်ခြင်း၊ ကြိမ်းမောင်းခြင်းများ ပြုလုပ်တတ်ပါတယ်။

အလယ်ခေတ် ကမ္ဘာတစ်ဝန်း(အထူးသဖြင့် ဥရောပ)မှာတော့ တိရိစ္ဆာန်သို့မဟုတ် လူတစ်ယောက်ဟာ မကောင်းဆိုးဝါးဝင်ပူးခြင်းခံလိုက်ရပြီဆိုရင် အောက်ပါ ဖြစ်ရပ်များကို လုပ်ဆောင်တတ်တယ်လို့ သိရပါတယ်။

– ဘာမှန်းမသိရသောဘာသာစကားများဖြင့် ပြောဆိုခြင်း၊ ကျိန်စာတိုက်ခြင်း
– သာမန်အခြေအနေနဲ့ မလုပ်ဆောင်နိုင်သော အရာများကို လုပ်ဆောင်ပြခြင်း
– သင့်စိတ်ကို ဖတ်ရှုခြင်း သို့မဟုတ် အနာဂတ်ကို ပြောပြခြင်း
– လက်ဝါးကပ်တိုင် သို့မဟုတ် ဘုရားရုပ်တု၊ပုံများကို ကြောက်ရွံ့ခြင်း
– ဘုရားစာကို လုံးဝ မရွတ်နိုင်ခြင်း
– မတန်တဆ တံတွေးထွေးခြင်း သို့မဟုတ် အော့အန်ခြင်း

စသည်တို့ကို လုပ်တတ်တယ်လို့ ရေးသားဖော်ပြကြတာကို တွေ့ရပါတယ်။ ဘာသာရေးရှုထောင့်ကနေ တစ္ဆေပူးခြင်းနဲ့ ပတ်သက်ပြီး ဖြေရှင်းချက်ကတော့ ဒီလောက်ဆို လုံလောက်ပြီလို့ ပြောနိုင်ပါတယ်။

၂) ဆေးပညာရှုထောင့်မှ ဖြေရှင်းခြင်း

တစ္ဆေပူးခြင်းဆိုတဲ့ ခေါင်းစဉ်တစ်ခုကို ဆေးပညာက ဖြေရှင်းကြည့်မယ်ဆိုရင်တော့ ခေါင်းစဉ်ပေါင်းများစွာနဲ့ ခွဲပြီး ဖြေရှင်းနိုင်ပါတယ်။ များသောအားဖြင့်ကတော့ စိတ်ပညာများနဲ့သာ သက်ဆိုင်နေပါလိမ့်မယ်။ အချို့သော ခေါင်းစဉ်များကို ဖော်ပြလိုက်ရပါတယ်။

Hysteria : Hysteria ဆိုတာကတော့ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တဲ့ စိတ်ခံစားမှုများ ဖြစ်ခြင်းလို့ အပေါ်ယံဘာသာပြန်နိုင်ပါတယ်။ များသောအားဖြင့်တော့ ကြောက်ရွံ့မှုများဖြစ်တတ်ပါတယ်။ Hysteria ကို psychosomatic, functional, nonorganic နဲ့ psychogenic စသဖြင့်လဲ အမျိုးမျိုးခေါ်ဆိုနိုင်ပါတယ်။

Mania : Mania ဆိုတာကတော့ စိတ်ဓာတ်အရမ်းပြင်းထန်ခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတစ်ခုဖြစ်ပါတယ်။ သူတို့ဟာ အလွန်အမင်းခွန်အားပြည့်ခြင်း(energetic) ဖြစ်ပြီး သာမန်အတွေးအခေါ်များနဲ့ မတူအောင် တွေးခေါ်ခြင်းများ လုပ်ဆောင်လာပါတယ်။

Psychosis : ဆိုက်ကိုစစ် ရှိတဲ့ လူတော်တော်များများဟာ ထင်ယောင်ထင်မှားတွေ မြင်လေ့ရှိပါတယ်။ တကယ်ရှိမနေတဲ့အရာကို ရှိတယ်ဆိုပြီး တွေးထင်မြင်ယောင်နေတတ်ကြပါတယ်။ တော်တော်များများကတော့ အရိုးစွဲနေတဲ့ လွဲမှားသော ယုံကြည်မှုများ နဲ့ အတွေးအခေါ်များကြောင့် ထိုမြင်ကွင်းတွေကို သူတို့ဟာသူတို့ ဖန်တီးယုံကြည်သွားလေ့ရှိတယ်လို့ ဆိုပါတယ်။ တစ်ခါတစ်ရံမှာ သူတို့ရဲ့ personality တွေပါ ပြောင်းလဲလာပါတယ်၊ အတွေးအခေါ်များ မမှန်တော့ပဲ သူ့ကို နားလည်ဖို့ ခက်လာပါတယ်။ ဒီလိုလက္ခဏာတွေဟာ တစ်ခုတည်းလဲဖြစ်တတ်သလို ပေါင်းစပ်ပြီးလဲ ဖြစ်တတ်ပါတယ်။

Schizophrenia : Schizophrenia ရှိတဲ့လူများဟာ အမှန်တကယ်ရှိတဲ့အရာနဲ့ မရှိတဲ့အရာများအပေါ်မှာ တမူထူးခြားတဲ့ အတွေးအခေါ်များပိုင်ဆိုင်နေခြင်းဖြစ်တတ်ပါတယ်။ ဒီရောဂါဟာ အပြုအမူများ၊ အတွေးအခေါ်များ၊ စိတ်ခံစားမှုများ စတဲ့နေရာတွေမှာ ပြသနာတွေဖြစ်တတ်ပါတယ်။ Schizophrenia ပြင်းထန်တဲ့လူများဟာ အမှန်တရားနဲ့ဝေးကွာတဲ့ လောကတစ်ခုမှာ နေနေရသလို ဖြစ်သွားပါတယ်

Dissociative identity disorder : ဒီခေါင်းစဉ်ကို နှစ်မျိုးထပ်ခွဲနိုင်ပါတယ်။ Neutral Identity States (NIS) နဲ့ Traumatic Identity States (TIS) တို့ပဲဖြစ်ပါတယ်။ NIS ရှိထားသူများဟာ သူလုပ်ထားတဲ့ အရာတော်တော်များများကို မေ့နေတတ်ပါတယ်။ TIS သမားများကတော့ တစ်စုံတစ်ခုကို လုပ်နေရင်းတန်းလန်းနဲ့ ဘာ့ကြောင့်လဲဆိုတာ ပြန်စဉ်းစားတတ်ကြပါတယ်။

အားလုံးထဲမှာ တစ္ဆေဝင်ပူးခြင်းအတွက် အဖြစ်နိုင်ဆုံး သို့မဟုတ် အဖြစ်အများဆုံးဖြစ်ရပ်ကတော့ Mass hysteria ခေါ် collective hysteria ပဲဖြစ်ပါတယ်။ များသောအားဖြင့် အမျိုးသမီးများမှာဖြစ်တတ်ပါတယ်။ အပျိုဖော်ဝင်စ အမျိုးသမီးများမှာ အဖြစ်များပါတယ်။ သူတို့ဟာ ဟော်မုန်းပြောင်းလဲခြင်း၊ စိတ်ဖိစီးမှုများပြားခြင်း အဆိုပါအချိန်မျိုးတွေမှာ မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်းမရှိတော့ပဲ မိမိစိတ်ထဲမှာ စွဲနေတဲ့ ပုံစံတစ်မျိုး(တစ္ဆေကဲ့သို့ ပြောဆိုပြုမူခြင်း) ကို ဖွင့်ထုတ် လုပ်ဆောင်လေ့ရှိပါတယ်။ ၁၅ ရာစုနဲ့ ၁၇ ရာစုကြားမှာ ဥရောပတိုက်မှာ ဒီလိုကိစ္စကြောင့် တစ္ဆေဝင်ပူးတယ်လို့ဆိုကာ ကွပ်မျက်ခံခဲ့ရတဲ့ အမျိုးသမီးပေါင်းဟာ ထောင်နဲ့ချီပြီး ရှိခဲ့တယ်လို့ ဆိုပါတယ်။

Occam’s Razor ဆိုတဲ့ သီအိုလော်ဂျီတစ်ခုရှိပါတယ်။ လူတစ်ယောက်ဟာ ရုတ်တရတ် နားလည်ရခက်တဲ့ ဖြစ်ရပ်တစ်ခုကို ကြုံတွေ့လိုက်ပြီဆိုရင် အဲ့ဒီအတွက် ဖြေရှင်းချက်ကို လွယ်ကူပြီး ခေါင်းရှုတ်မခံရတဲ့ ဖြေရှင်းနည်းတစ်ခုကို ထစ်ထစ်ချယုံကြည့်လိုက်ပါတယ်။ အခြားသော ဖြစ်နိုင်ချေတွေကို ထပ်မံစဉ်းစားဖို့ သူဟာ စိတ်မဝင်စားတော့ပါဘူး။ ဥပမာ သင်တစ်ယောက်တည်းရှိနေတဲ့အချိန်မှာ အိမ်တံခါးဟာ သူ့ဟာသူ ပွင့်သွားပါတယ်။ ဒီလိုဆိုရင် သင့်ခေါင်းထဲမှာ ပထမဆုံးပေါ်လာမယ့် ဖြေရှင်းချက်ကတော့ သရဲဖွင့်လိုက်တယ်ဆိုပါပဲ။ အခြားသော ဖြေရှင်းချက်တွေကို ထပ်မံစဉ်းစားကြည့်မယ်ဆိုရင်တော့ လေတိုက်တာလဲဖြစ်နိုင်သလို တံခါးချက်ထဲက ချောစီမမျှလို့လဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တော်တော်များများဟာ ပထမအဆင့်မှာတင် ရပ်သွားလေ့ရှိပါတယ်။

Credit:Thar Htet Aung

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...