ခ်စ္သူနဲ႔ အတူေနၿပီးမွ မိန္းမ မဟုတ္မွန္းသိတဲ့အခါ ဓားနဲ႔(119)ခ်က္ ထုိးသတ္ခဲ့တဲ့ အမ်ိဳးသား


အေမရိကန္လူမ်ိဳးတစ္ဦးျဖစ္တဲ့ Dwanya Hickersonဆိုသူဟာ ခ်စ္သူျဖစ္တဲ့ Dee Whighamနဲ႔ အတူေနၿပီးမွ ခ်စ္သူက မိန္းမအစစ္မဟုတ္ဘဲ အေျခာက္ျဖစ္ေနတာကို သိရတဲ့အခါမွာေတာ့ ဓားနဲ႔(119)ခ်က္ထိုးသတ္ခဲ့ပါတယ္။ အဲဒီျပစ္မႈေၾကာင့္ သေဘာၤသားေဟာင္းျဖစ္တဲ့ Hickersonဟာ ေထာင္ဒဏ္အႏွစ္(40)ခ်မွတ္ခံခဲ့ရပါတယ္။

Dwanya Hickersonနဲ႔ Dee Whighamတို႔ဟာ မူခင္းမျဖစ္ပြားခင္ တစ္လေလာက္ကတည္းက အင္တာနက္မွာခ်စ္ႀကိဳးသြယ္ခဲ့ၾကၿပီး အတူေနခဲ့ၾကတာျဖစ္ပါတယ္။ ေသဆုံးသူ Dee Whighamဟာ Hickersonနဲ႔ ခ်စ္ႀကိဳးသြယ္ေနစဥ္သူမဟာ ေယာက်ာ္းအဂၤါမွ မိန္းမအဂၤါေျပာင္းထားတဲ့သူျဖစ္ေၾကာင္းကို လွ်ိဳ႕၀ွက္ခဲ့ပါတယ္။
အတူေနၿပီးတဲ့အခါမွာေတာ့ Dee Whighamက သူမဟာ အေျခာက္ျဖစ္ေၾကာင္းကို ၀န္ခံခဲ့ပါတယ္။ ဒါေၾကာင့္ Hickersonဟာ အလြန္အမင္းေဒါသထြက္ခဲ့ၿပီး DeeWhighamကို ဓားနဲ႔ထိုးသတ္ခဲ့တာျဖစ္ပါတယ္။ မူခင္းဆိုင္ရာေဆးစစ္ခ်က္အရ Dee Whighamရဲ႕ မ်က္ႏွာနဲ႔ လည္ပင္းတို႔အပါအ၀င္ စုစုေပါင္းဓားခ်က္(119)ခ်က္ ေတြ႕ခဲ့ရပါတယ္။

မႈခင္းျဖစ္ပြားၿပီး (3)ရက္အၾကာမွာ အေမရိကန္အာဏာပိုင္ေတြက ရာဇ၀တ္သား Hickersonကို ဖမ္းမိခဲ့ၿပီး သူကလည္းသတ္ခဲ့ေၾကာင္း ၀န္ခံခဲ့ပါတယ္။ တရားရုံမွာ ေထာင္ဒဏ္ႏွစ္(40)ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရၿပီးေနာက္ပိုင္းမွာေတာ့ Hickersonက ေသဆုံးသူ Dee Whighamရဲ႕မိသားစုကို ေတာင္းပန္ခဲ့သလို သူ႕လုပ္ရပ္ကိုလည္း ေနာင္တရတယ္လို႔ ေျပာခဲ့ပါ
တယ္။

Credit:Shwemom

Unicode

အမေရိကန်လူမျိုးတစ်ဦးဖြစ်တဲ့ Dwanya Hickersonဆိုသူဟာ ချစ်သူဖြစ်တဲ့ Dee Whighamနဲ့ အတူနေပြီးမှ ချစ်သူက မိန်းမအစစ်မဟုတ်ဘဲ အခြောက်ဖြစ်နေတာကို သိရတဲ့အခါမှာတော့ ဓားနဲ့(119)ချက်ထိုးသတ်ခဲ့ပါတယ်။ အဲဒီပြစ်မှုကြောင့် သင်္ဘောသားဟောင်းဖြစ်တဲ့ Hickersonဟာ ထောင်ဒဏ်အနှစ်(40)ချမှတ်ခံခဲ့ရပါတယ်။

Dwanya Hickersonနဲ့ Dee Whighamတို့ဟာ မူခင်းမဖြစ်ပွားခင် တစ်လလောက်ကတည်းက အင်တာနက်မှာချစ်ကြိုးသွယ်ခဲ့ကြပြီး အတူနေခဲ့ကြတာဖြစ်ပါတယ်။ သေဆုံးသူ Dee Whighamဟာ Hickersonနဲ့ ချစ်ကြိုးသွယ်နေစဉ်သူမဟာ ယောကျာ်းအင်္ဂါမှ မိန်းမအင်္ဂါပြောင်းထားတဲ့သူဖြစ်ကြောင်းကို လျှို့ဝှက်ခဲ့ပါတယ်။

အတူနေပြီးတဲ့အခါမှာတော့ Dee Whighamက သူမဟာ အခြောက်ဖြစ်ကြောင်းကို ဝန်ခံခဲ့ပါတယ်။ ဒါကြောင့် Hickersonဟာ အလွန်အမင်းဒေါသထွက်ခဲ့ပြီး DeeWhighamကို ဓားနဲ့ထိုးသတ်ခဲ့တာဖြစ်ပါတယ်။ မူခင်းဆိုင်ရာဆေးစစ်ချက်အရ Dee Whighamရဲ့ မျက်နှာနဲ့ လည်ပင်းတို့အပါအဝင် စုစုပေါင်းဓားချက်(119)ချက် တွေ့ခဲ့ရပါတယ်။

မှုခင်းဖြစ်ပွားပြီး (3)ရက်အကြာမှာ အမေရိကန်အာဏာပိုင်တွေက ရာဇဝတ်သား Hickersonကို ဖမ်းမိခဲ့ပြီး သူကလည်းသတ်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ တရားရုံမှာ ထောင်ဒဏ်နှစ်(40)ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီးနောက်ပိုင်းမှာတော့ Hickersonက သေဆုံးသူ Dee Whighamရဲ့မိသားစုကို တောင်းပန်ခဲ့သလို သူ့လုပ်ရပ်ကိုလည်း နောင်တရတယ်လို့ ပြောခဲ့ပါ
တယ်။

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...