ေသဒဏ္က် ျမန္မာ ၂ ဦးက အစုိးရကုိ ေမတၱာရပ္ခံ


ထိုုင္းႏုုိင္ငံေတာင္ပိုုင္းက လိပ္ကၽြန္းမွာ ၿဗိတိန္ႏိုုင္ငံသားႏွစ္ဦး အသတ္ခံရမႈနဲ႔ ေသဒဏ္ခ်မွတ္ခံထားရ တဲ့ ျမန္မာႏိုုင္ငံသား ၂ ေယာက္က မိသားစုုဝင္ေတြနဲ႔ ဇူလိုုင္လ ၂၆ ရက္ေန႔က ေတြ႔ဆုံရာမွာ အခုု ေနာက္ဆံုုး အယူခံနဲ႔ ပတ္သက္ၿပီး ႏိုုင္ငံေတာ္အစိုုးရနဲ႔ ေရွ႕ေနေတြက အတတ္ႏုိင္ဆုံးကူညီဖုိ႔ ေမတၱာရပ္ခံလုိက္ပါတယ္။

ထိုုင္းႏိုုင္ငံ ဘန္ေကာက္ၿမိဳ႕အနီးက ဘန္ခြမ္ဗဟိုုအက်ဥ္းေထာင္မွာ ေသဒဏ္ခ်မွတ္ခံထားရတဲ့ ျမန္မာႏုုိင္ငံသား ဝင္းေဇာ္ထြန္း နဲ႔ ေဇာ္လင္း တုိ႔ကုိ သူတုိ႔ရဲ႕ မိခင္ေတြ မေန႔က သြားေရာက္ေတြ႔ဆုံရာမွာ လုိက္ပါသြားခဲ့တဲ့့ အိမ္နီးခ်င္း ဦးေက်ာ္ေအးေမာင္ က RFA ကိုု ခုလုိ ေျပာပါတယ္။


“ေဇာ္လင္း ေျပာတာကေတာ့ အမႈနဲ႔ပတ္သက္ၿပီး ေရွ႕ေနေတြကိုု သူေျပာလိုုက္တာကေတာ့ အရင္ ႏွစ္ႀကိမ္ သူတို႔ကိုု ေသဒဏ္ အတည္ျပဳထားၿပီးၿပီ ဒါက ေနာက္ဆံုုး အျမင့္ဆံုုး တရားရံုုးကိုု တက္မွာဆိုုေတာ့ အခ်ိန္ယူၿပီးမွ အေကာင္းဆံုုးျဖစ္ေအာင္ အကူအညီေပးဖိုု႔၊ ႏိုုင္ငံေတာ္ အစိုုးရအေနနဲ႔ကလည္း အတတ္ႏိုုင္ဆံုုးအကူအညီေပးဖို႔ ေမတၱာရပ္ခံအပ္ပါတယ္ ဆုုိၿပီးေတာ့ အဲ့လိုုမွာလိုုက္ပါတယ္။”

ျမန္မာႏိုုင္ငံသား ၂ ဦးကုိ ထိုုင္းႏုုိင္ငံ ေတာင္ပိုုင္း ေကာ့့့စေမြတရားရံုုးကေန ၂၀၁၅ ခုုႏွစ္ ဒီဇင္ဘာလ ၂၄ ရက္ေန႔က ေသဒဏ္ခ်မွတ္ခဲ့ၿပီး တရားခံေရွ႕ေနေတြက ႏွစ္ႀကိမ္ အယူခံတင္ခဲ့ရာမွာ ပယ္ခ်ခံခဲ့ရပါတယ္။ အခုုေနာက္ဆံုုး အယူခံတင္ရမယ့္ရက္ကုိ တရားရုံးက လာမည့္ ၾသဂုုတ္လ ၂၁ ရက္ေန႔အထိ ရက္ထပ္ တိုုးေပးခဲ့ပါတယ္။

ဒီအမႈကိုု လိုုက္ပါေဆာင္ရြက္ေပးေနတဲ့ ထုုိင္းေရွ႕ေနမ်ားေကာင္စီနဲ႔ ျမန္မာေရွ႕ေနေတြက အၿပီးသတ္ျပင္ဆင္မႈေတြ လုုပ္ေဆာင္ေနၿပီလုိ႔ ျမန္မာသံရံုုး အထူးကိုုယ္စားလွယ္အဖြဲ႔ဝင္ ေရွ႕ေန ဦးေအာင္မ်ိဳးသန္႔ ကေျပာပါတယ္။

RFA Burmese

Unicode

ထိုင်းနိုင်ငံတောင်ပိုင်းက လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ သေဒဏ်ချမှတ်ခံထားရ တဲ့ မြန်မာနိုင်ငံသား ၂ ယောက်က မိသားစုဝင်တွေနဲ့ ဇူလိုင်လ ၂၆ ရက်နေ့က တွေ့ဆုံရာမှာ အခု နောက်ဆုံး အယူခံနဲ့ ပတ်သက်ပြီး နိုင်ငံတော်အစိုးရနဲ့ ရှေ့နေတွေက အတတ်နိုင်ဆုံးကူညီဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးက ဘန်ခွမ်ဗဟိုအကျဉ်းထောင်မှာ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသား ဝင်းဇော်ထွန်း နဲ့ ဇော်လင်း တို့ကို သူတို့ရဲ့ မိခင်တွေ မနေ့က သွားရောက်တွေ့ဆုံရာမှာ လိုက်ပါသွားခဲ့တဲ့ အိမ်နီးချင်း ဦးကျော်အေးမောင် က RFA ကို ခုလို ပြောပါတယ်။

“ဇော်လင်း ပြောတာကတော့ အမှုနဲ့ပတ်သက်ပြီး ရှေ့နေတွေကို သူပြောလိုက်တာကတော့ အရင် နှစ်ကြိမ် သူတို့ကို သေဒဏ် အတည်ပြုထားပြီးပြီ ဒါက နောက်ဆုံး အမြင့်ဆုံး တရားရုံးကို တက်မှာဆိုတော့ အချိန်ယူပြီးမှ အကောင်းဆုံးဖြစ်အောင် အကူအညီပေးဖို့၊ နိုင်ငံတော် အစိုးရအနေနဲ့ကလည်း အတတ်နိုင်ဆုံးအကူအညီပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ် ဆိုပြီးတော့ အဲ့လိုမှာလိုက်ပါတယ်။”

မြန်မာနိုင်ငံသား ၂ ဦးကို ထိုင်းနိုင်ငံ တောင်ပိုင်း ကော့စမွေတရားရုံးကနေ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က သေဒဏ်ချမှတ်ခဲ့ပြီး တရားခံရှေ့နေတွေက နှစ်ကြိမ် အယူခံတင်ခဲ့ရာမှာ ပယ်ချခံခဲ့ရပါတယ်။ အခုနောက်ဆုံး အယူခံတင်ရမယ့်ရက်ကို တရားရုံးက လာမည့် သြဂုတ်လ ၂၁ ရက်နေ့အထိ ရက်ထပ် တိုးပေးခဲ့ပါတယ်။

ဒီအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ထိုင်းရှေ့နေများကောင်စီနဲ့ မြန်မာရှေ့နေတွေက အပြီးသတ်ပြင်ဆင်မှုတွေ လုပ်ဆောင်နေပြီလို့ မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့် ကပြောပါတယ်။

RFA Burmese

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...