စွပ်ပြုပ်လုပ်ခံရမည် ခွေးပေါက် ၁၄၉ ကောင်ကို တောင်ကိုရီးယားတွင် ကယ်တင်















Zawgyi -

တောင်ကိုရီးယားနိုင်ငံရှိ သန်းပေါင်းများစွာသော ခွေးများသည် အသားစားရန်မွေးမြူခံထားရပြီး။ လျှစ်စစ်ရှော့တိုက် သတ်ဖြတ်ကာ အသားခုတ်ထစ်ပြီး အသားဈေးကွက်များအတွင်းသို့ တင်ပို့ရောင်းချခြင်းခံနေရသည်။ ခုတော့ ခွေးပေါက် ၁၄၉  ကောင်ကို စွပ်ပြုတ်လုပ်ခံရမည့်ဘေးမှ ကယ်တင်ခဲ့သည်။

ခွေးအသက် ကယ်တင်မှုလုပ်ငန်းကို ကိုရီယားနိုင်ငံ၏ ဘွက်နယ်လ် ရာသီစစချင်းမှာပဲ ပြုလုပ်ခဲ့သည်။ ဘွက်နယ်ကာလ ဆိုသည်မှာ သန်းနှင့်ချီသော ခွေးများကို သတ်ပြီး စွပ်ပြုတ်လုပ်ကာ အရသာခံ စားသောက်ကြသော အချိန်ကာလဖြစ်သည်။ 

ယင်းခွေးစွပ်ပြုတ်များသည် ပူသောရာသီဥတုအခြေနေများတွင် သွေးအားကောင်းစေသည်၊ စွမ်းအားပြည့်စေသည် ဟု ယုံကြည်ကြသည်။

ရီစန် ကျေးလက်မှာရှိသော အသားအတွက် မွေးထားသည့် ခွေးခြံတစ်ခုမှ ပိုင်ရှင်က နိုင်ငံတကာ အကြင်နာတရား အသင်း HSI ကို အကူညီတောင်းကာ ဆက်မွေးမြူမည့်အစား သူ့ခြံကို ပိတ်ဖို့ ဆုံးဖြတ်ခဲ့သည်။ 

ခုတော့ ကယ်တင်ထားသော ခွေးများကို အမေရိကန်နိုင်ငံသို့ တင်ပို့နေပြီဖြစ်သည်။ သူတို့ကို အမေရိကန်နိုင်ငံ ဖလော်ရီရာပြည်နယ်၊ အီလီနွိုင်ပြည်နယ်၊ အင်ဒီယားနားပြည်နယ်၊ နယူးဂျာစီပြည်၊ နယူးယောက်နှင့် ပန်ဆယ်ဗေးနီယားတို့တွင် သင့်တော်သလို တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေး ခြံများတွင် ထားမည်ဖြစ်သည်။ သူတို့ရဲ့ဘ၀သစ်ကတော့ မိတ်ဆွေသစ်များဖြင့် တကယ်ကို ပြောင်းလဲတော့မည်ဖြစ်သည်။

၁၅ ကောင်ကတော့ တင်ပို့ဖို့အတွက် ငယ်လွန်းသေးသောကြောင့် တောင်ကိုရီးယားမှာပဲ ကျန်ခဲ့ဦးမည်ဖြစ်ပြီး အရွယ်ရောက်မှ အမေရိကန်သို့တင်ပို့မည် ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံ တစ်ဝှမ်းတွင် တစ်နှင်လျှင် ခွေး ကောင်ရေ ၂.၅ သန်းခန် အသားအတွက် မွေးမြူခံနေရသည်

PannPwint

ref:dailymail

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...