အကောင့်တု တစ်ခုနဲ့ အဖွခံနေရတဲ့ မေသက်ခိုင်






Zawgyi -

ယခုနောက်ပိုင်း သရုပ်ဆောင်လောကနှင့် ဝေးကွာနေခဲ့သော်လည်း ယခင်က နာမည်တစ်လုံးရခဲ့သူ။ ပြက္ခဒိန် ပိုစတာများစွာ ရိုက်ခဲ့ရသူ မင်းသမီး မေသက်ခိုင်တစ်ယောက် ဖေ့ဘုတ်လူမှုစာမျက်နှာပေါ်တွင် အကောင့်တု တစ်ခုနဲ့ အလိမ်ခံနေရပါတယ် ဆိုပြီး တင်တားတာတွေ့ရသည်။

မေသက်ခိုင်အသုံးပြုသော အကောင့်မှာ A Thet ဖြစ်ပြီး။ သူမ အသုံးမပြုသော မေသက်ခိုင် ဆိုသည့် ပေ့ချတစ်ခုမှ သူမ ဓာတ်ပုံများပြည်လည်ယူသုံးကာ စာသားများလည်း ရေးနေတင်နေခဲ့သည်။ ဖိအားတွေများတဲ့အတွက်ကြောင့် အကောင့်သစ် သူတစ်ပါးကို ဖွင့်ခိုင်းပြီး အသုံးပြုနေပါတယ်လို့ လိမ်ညာပြီး တင်ထားသည်။  ဒါကို သူမက 

''အော် mtk က fb acc တောင်မဖွင့်တတ်တော့တဲ့ဘဝပါလား
ပရိတ်သတ်တွေကိုမညာပါနဲ့ရှင်
ကျွန်မဒီ acc တစ်ခုနဲ့ pagecတစ်ခုပဲသုံးပါတယ်
မိသားစုတွေ သူငယ်ချင်းတွေအတွက် private acc တစ်ခုလည်း
ကျွန်မအတွက် fb က တရားဝင်ခွင့်ပြုပေးထားပါတယ်
ဒီ acc ကလည်း 2011 ထဲကသုံးနေတာပါ
ဘာလို့ကျွန်မပရိတ်သတ်တွေကိုလာလိမ်နေတာလဲ
fan တွေက လာလာမေးကြတဲ့အခါ ကျွန်မလည်းအားနာနေရတယ်
အေးအေးချမ်းချမ်းပဲနေပါရစေ ''

လို့ ရေးပြီး ပရိတ်သတ်ကို ရှင်းပြခဲ့သည်။
ယင်း ပို့စ်၏ ကောမန့်တွင်လည်း 

''ချစ်လို့ ခင်လို့ ဓာတ်ပုံယူသုံးတာကိုလက်ခံပေမဲ့
အခုလိုစာတင်ပြီး ပရိတ်သတ်တွေကိုညာတာကိုတော့
တကယ်ပဲလက်မခံပါဘူး '' ဟု ရေးသားခဲ့သည်

PannPwint
Photo-May Thet Khine Facebook

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...