မြန်မာယဉ်ကျေးမှုတံခါးကို ရိုက်ချိုးဖျက်ဆီးတော့မယ့် ပထမဆုံးမြန်မာအပြာကား


ဒီနေ့ ခေတ်အွန်လိုင်းသုံးစွဲသူ လူငယ်အများစုအတွက် အပြာကားဆိုတာ သိပ်ပြီးမဆန်းသလိုပါပဲ ။
အရွယ်ရောက်ပြီးသူများအတွက် အွန်လိုင်းပေါ်မှာ တွေ့ကြုံမြင်တွေ့ကြားသိနေရတာမို့  အထူးအဆန်းဆိုလျှင် သိပြီးကြည့်ပြီး သားဖြစ်နေတတ်ပါတယ်။

လူမှုကွန်ယက်မှာ ခရမ်းပြာ မြန်မာအပြာကား နဲ့ပတ်သက်ပြီး ဂယက်ထနေပါတယ်။ရင်ဖုံးအကျီင်္ င်္ အဖြူ ၊ထမီ ခရမ်းရောင်ဝတ်မြန်မာအမျိုးသမီးငယ်တစ်ယောက် ပါဝင်သရုပ်ဆောင်ထားတဲ့ဒီဇတ်ကားဟာ သူနာပြု တစ်ယောက်လို ဝတ်စားထားတာကြောင့် ဝေဖန်မှုတွေရှိနေခဲ့ပါတယ်။
အွန်လိုင်းသုံးစွဲသူတစ်ချို့ကလည်း မြန်မာ့ရုပ်ရှင်လောကကို ပတ်သက်မှုမရှိပဲ ထောက်ပြပြောဆိုတာမျိုးလည်းတွေ့ရပါတယ်။
ဒီဇတ်ကားအစအဆုံးကို ၁၀၀၀၀ ကျပ်နဲ့ရောင်းချတာမျိုးဖြစ်ပြီး စိတ်ဝင်တစားနဲ့ အားပေးဝယ်ယူသူတွေလည်းရှိခဲ့ပါတယ်။ ဒီဇတ်ကားကို အွန်လိုင်းပေါ်မှာ ပေါ်ပေါ်တင်တင် ကြော်ငြာရောင်းချခဲ့တာဖြစ်ပြီး trailer ကိုတော့ အမြည်းသဘောနဲ့ ပြသပေးခဲ့ပါတယ်။

ဒါပေမယ့် အဓိက ပြောစရာဖြစ်လာတာကတော့ မြန်မာပြည် မြန်မာ့ယဉ်ကျေးမှု မြန်မာ့ မြင်ကွင်းမှာ ဒီလိုမြန်မာအပြာကားဆိုတာဟာ အင်မတန် ရိုင်းစိုင်းလွန်းနေပါတယ်။ ဒီလို ဇတ်ကားထုတ်လုပ် ရိုက်ကူး ပုံဖော်သူတွေဟာ မြန်မာပြည်အတွင်းကလား ပြည်ပကလား စဉ်းစားစရာ။ ရဲရဲတင်းတင်း နဲ့ထုတ်လုပ်ရောင်းချနေမှုကိုသေချာစုံစမ်းပြီး ထိထိရောက်ရောက်အရေးယူသင့်ပါတယ်။

မြေစမ်း ခရမ်းပျိုးသလို ဒီမိုကရေစီခေတ်မှာ လုပ်လို့ ရနိုင်ကောင်းးပါရဲ့ဆိုပြီး ခရမ်းပြာအစထွက်တာကို ထိထိရောက်ရောက်အရေးမယူနိုင်ခဲ့လျှင် ငါးပွက်ရာငါးစာချမယ့် နောက်ထပ် ထိုးထွက်လာနိုင်မယ့် ဇတ်ကားတွေ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားနိုင်ပါတယ်။

ဥပမာ အရင်က မြန်မာမော်ဒယ်တွေ ကိုယ်လုံးတီး မချွတ်ရဲကြပေမယ့် ယနေ့ ခေတ် မှာတော့ အထူအဆန်းမဟုတ်တော့သလိုမျိုး ဖြစ်သွားနိုင်ပါတယ်။
ပွင့်လင်းမြင်သာမှုရှိတဲ့ ဒီမိုကရေစီကို ဘမ်းပြပြီး
မြန်မာယဉ်ကျေးမှုတံခါးကို တော့ ရိုက်ချိုးမဖျက်ဆီးကြပါနဲ့လို့  ပြောလိုက်ပါရစေ ။

http://www.thadinatin.com/









Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...