ကျောင်းဝင်းအတွင်း ပန်းရောင်းသည့်အမျိုးသမီးကို ရဲများကရိုက်နှက်
PannPwint
ref-Dailymail
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားမှ ပျံကျဈေးသည် အမျိုးသမီးတစ်ဦး သည် အထက်တန်းကျောင်းတစ်ခု၏ ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် ခွင့်ပြုချက်မရှိပဲ ပန်းရောင်းခဲ့သည့်အတွက် ရဲအရာရှိများ၏ အကြမ်းဖက် တိုက်ခိုက်မှုကို ခံခဲ့ရသည်။
ကယ်လီဖိုးယားပြည်နယ်၊ တောင်ပိုင်း ပဲရီစ်မြို့တွင် ပြီးခဲ့သည့်အအတွင်း အထက်တန်းကျောင်း တစ်ခု၏ ဂုဏ်ပြုပွဲကျင်းပနေသော ဘွဲနှင်းသဘင်အနီး ပလက်ဖောင်းပေါ်တွင် ပန်းရောင်းနေသော ဂျူနီတာ မန်ဒ်ဇက် မဒရနိုဆိုသူ အမျိုးသမီးကို ရဲများက ဖမ်းဆီးခဲ့သည်။
ပြီးခဲ့သည့် တနင်္လာနေ့က တွက်ပေါ်လာသော စမတ်ဖုန်းဖြင့် ရိုက်ကူးထားသည့် စိတ်မချမ်းမြေ့ဖွယ် ဗွီဒီယိုဖိုင်ထဲတွင် ပန်းများ ကိုင်ထားသည့် သူမကို ရဲများက လက်မောင်းများကို ကိုင်ရမ်းခြင်း၊ လည်ပင်းကို ကိုင်ရမ်းခြင်း၊ မြေပေါ် တွန်းချခြင်းများ ပြုလုပ်ခဲ့သည်။
မြေပေါ်သို့ မသက်မသာ လဲကျခဲ့ရပြီး။
'' ကောင်းရောင်း ကောင်းဝယ်လုပ်နေတဲ့ သူတွေကို ဘာလို့ လိုက်ဒုက္ခပေးနေတာလဲ '' ''လူဆိုးလူမိုက်တွေကိုတော့ ဘာလို့ မဖမ်းနိုင်သလဲ'' ဟု မဒရန်က အော်ခဲ့သည်။
အာဏာပိုင်တွေကတော့ မဒရန်ဟာ သူတို့အမိန့်ကို လိုက်နာဖို့ ငြင်းဆိုခဲ့သည်။ နာမည်နှင့် လိပ်စာများ မေးမြန်းမှှုကိုလည်း မဖြေကြားခဲ့ဟု ဆိုသည်။
ယခုအဖြစ်အပျက် ဖြစ်နေစဉ်အတွင်း သူမက အကြောင်းအချို့ကို လိမ်ညာပြောဆိုပြီး ထွက်ပေးဖို့ ကြိုးစားခဲ့သည် ဟုဆိုသည်။
PannPwint
ref-Dailymail
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...