အာဇာနည်ခေါင်းဆောင်များ ကျဆုံးခဲ့သော ခုနှစ်ကို မှားယွင်းဖော်ပြ
Zawgyi -
PannPwint
လူသိများသည့် ပြည်တွင်းတီဗွီရုပ်သံလိုင်း တစ်ခုမှ အာဇာနည်နေ့တွင်ထုတ်လွှင့်သော အစီအစဉ်တစ်ခုမှာ အာဇာနည်ခေါင်းဆောင်များ ကျဆုံးခဲ့သော ခုနှစ်ကို မှားယွင်း ရေးသားဖော်ပြခဲ့သည်။ ထိုမှားယွင်းမှုကို ဖေ့ဘုတ်လူမှုကွန်ယက် အသုံးပြုသူများကြား ပြောဆိုမှု များပြားနေသည်။
ယင်းပြည်တွင်းရုပ်သံလိုင်းမှာ mntv ရုပ်သံလိုင်းဖြစ်ပြီး။ အာဇာနည်နေ့တိုက်ရိုက်ထုတ်လွှင့်မှုကို ၎င်းတို့၏ လူမှုကွန်ယက် ဖေ့ဘုတ်စာမျက်နှာတွင်လည်း တင်ဆက်ထားသည်။ အမှန်တကယ် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသည့် ခုနှစ်မှာ ၁၉၄၇ ခုနှစ်ဖြစ်သည်။ သိုသော် တီဗွီအစီအစဉ် တင်ဆက်မှုတွင် ၁၉၄၉  ခုနှစ်ဟု မှားယွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ပြန်လည် ရှင်းလင်း တောင်းပန်ခြင်းတော့ မရှိခဲ့ပေ။
နိုင်ငံပိုင်ရုပ်သံလိုင်းများနှင့် တခြားပြည်တွင်း တီဗွီလိုင်းများတွင် ယခင်ကလည်း မှားယွင်းမှုများ ဖြစ်ပေါ်လေ့ရှိသည်။
PannPwint
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...