ဝန်ထမ်းတွေရဲ့ အသားထဲ မိုက်ခရိုချစ်ပ် မြုပ်သွင်းမည့် ကုမ္ပဏီ










PannPwint
ref-Dailymail
အမေရိကန်နိုင်ငံ မြောက်အလယ်ပိုင်း ဝစ်ကွန်စင်ပြည်နယ်မှ ကုမ္ပဏီတစ်ခုဟာ ခုတစ်ပတ်အတွင်း ကြောငြာချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။ သူတို့ရဲ့ အလုပ်သမားတွေ ခြေထောက်ထဲမှာ မိုက်ခရိုချစ်ပ်တစ်ခု ထည့်သွင်းသွားမယ်လို့ဆိုပါတယ်။ ဒါပေမယ့် ဂျီပီအက်စ်နဲ့ ထောက်လှမ်းနေမှာတော့ မဟုတ်ပါဘူး။

Three Square Market လို့ခေါ်တဲ့ ဆော့ဝဲထုတ်လုပ်သည့် ယင်းကုမ္ပဏီတစ်ခုဟာ အမေရိကန်နိုင်ငံမှာ ပထမဆုံး အလုပ်သမားတွေကိုယ်ထဲကို မိုက်ခရိုချစ်ပ်ထည့်သွင်းမည် ကုမ္ပဏီတစ်ခုဖြစ်လာပါမယ်။

ကုမ္ပဏီရဲ့သတင်းထုတ်ပြန်မှုအရ ဒီအစီအစဉ်ကို သြဂုတ်လ ၁ ရက်နေ့မှာ စတင်နိုင်လိမ့်မယ်လို့ဆိုပါတယ်။ 
ထည့်သွင်းမည့် ရေဒီယိုဖရီကွင်စီမှတ်ပုံတင်နည်းပညာ (RFID )ဟာ အလုပ်သမားတွေ လုပ်ငန်းခွင့်အတွင်း တံခါးဖွင့်တဲ့နေရာ၊ ကွန်ပျူတာဖွင့်တဲ့အခါ၊ ကော်ပီကူးစက်များအသုံးပြုတဲ့အခါ စသည်များတွင် အော်တိုပြုလုပ်နိုင်ကြမည်ဖြစ်သည်။ 

''နောက်ပိုင်းမှာတော့ ဒီနည်းပညာကို ပါစ်ပို့လိုမျိုးအသုံးပြုတာ၊ အများပြည်သူကြား သွားလာဝင်ထွက်တာ၊ ငွေပေးချေတာ စတဲ့ အခွင့်အရေးတွေ ဖြစ်ပေါ်လာအောင် အသုံးပြုနိုင်မှာပါ'' ဟု Tree Market Squrae ရဲ့ စီအီးအို တော်ဒီ ဝက်ဘိုင်က ပြောသည်။

ကုမ္ပဏီမှ ရှေ့ဆောင် ဝန်ထမ်း ၅၀ကျော်ကို တပ်ဆင် ဖို့ မျှော်လင့်နေသည်။ ချစ်ပ်ဟာ ဆန်စေ့ တစ်စေ့ ပိုကြီးမည် မဟုတ်ပေ။

ဝန်ထမ်းတွေရဲ့ လက်မနဲ့ လက်ညိုးကြားရှိ အရေပြားထဲတွင် မြုပ်သွင်းမည်ဖြစ်သည်။ တပ်ဆင်ထားတဲ့သူတွေဟာ ပစ္စည်းတွေကို စကန်ဖတ်နိုင်မယ်၊ ဆက်သွယ်ရေးအခန်းတွေဝင်တဲ့အခါ အသိအမှတ်ပြုနိုင်မယ်၊ ငွေချေမှုတွေ လုပ်နိုင်မယ်လို့ ဝက်ဘိုင်က ဆိုသည်။

ချစ်ပ်တစ်ခုလျှင် ဒေါ်လာ ၃၀၀ ကုန်မည်ဖြစ်ပြီး ကုမ္ပဏီမှ အကုန်အကျ ခံမည်ဖြစ်သည်။

PannPwint
ref-Dailymail

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...