ဆိုင္းဘုတ္မျဖဳတ္လို႔ မဘသအဖြဲ႔ႀကီး ျပန္လည္ရွင္သန္လာမည္ မဟုတ္ဟု သူရဦးေအာင္ကိုေျပာ



၂၄..၇..၁၇
-
နိုင်ငံ့အတွက် တကယ်လိုအပ်လာတဲ့အချိန်မှာ သာသနာတော်
သန့်ရှင်းရေးကို အင်နဲ့အားနဲ့ လုပ်မယ်၊ ဆိုင်းဘုတ်လေး နှစ်ခုသုံးခု မဖြုတ်လို့လည်း မဘသအဖွဲ့ကြီးက ပြန်လည်ရှင်သန်လာ မှာ မဟုတ်
ဘူးလို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုက ပြောကြားလိုက်ပါတယ်။
-
ဇူလိုင်လ ၂၄ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးအပြီးမှာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မီဒီယာတွေရဲ့ မေးမြန်ချက်တွေကို အခုလို ဖြေဆိုတာပါ။
-
“ရဟန်းသာမဏေတွေထဲမှာ အုတ်ရောရော၊ ကျောက်ရောရော
ရှိနေပါတယ်။ ရှိနေတဲ့ အခါကျတော့ တချို့ရဟန်းသာမဏေတွေက ကြည်ညိုဖွယ်ရာမဆောင်ဘူး၊ ရဟန်း သာမဏေရဲ့ ဂုဏ်အင်္ဂါနဲ့ မပြည့်စုံဘူး၊ မသင့်လျော်တဲ့ ပြုမှုပြောဆိုလုပ်ကိုင်တာတွေရှိတယ်။ အဲဒါတွေကို သံဃာအဖွဲ့အစည်းအဆင့်ဆင့်က နေ့စဉ်ပဲ ဖော်ထုတ်မယ်၊ ဖမ်းဆီးမယ်၊ အရေးယူမယ်၊ လူဝတ်လဲမယ်၊ ပြစ်ဒဏ်ပေးမယ်”လို့ ပြောပါတယ်။
-
မဘသဆိုင်းဘုတ်တွေ ဖြုတ်ချခိုင်းတာနဲ့ပတ်သက်ပြီးလည်း ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုက “နိုင်ငံတော်သံဃ
မဟာနာယကအဖွဲ့ကြီးကရော၊ နိုင်ငံတော်အစိုးရကရော အဲဒီ ဆိုင်းဘုတ်လေးနှစ်ခုသုံးခုကို အတင်းဖြုတ်ချခြင်းအားဖြင့် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခဖြစ်လာ မှာတွေကို မလိုလားပါဘူး။ ဒါကို တာဝန်
ရှိသူတွေက တာဝန်သိသိနဲ့ ဖြုတ်ချတဲ့အခြေအနေမျိုး ဖြစ်လာအောင် ညှိနှိုင်းမှာပါ။ အချိန်တွေစောင့်ဆိုင်းမှာဖြစ်ပါတယ်။ အဲဒီ ဆိုင်းဘုတ်
လေးနှစ်ခု ရှိလို့လည်း မဘသအဖွဲ့ကြီးက ပြန်လည်ရှင်သန်လာမှာ မဟုတ်ဘူး”လို့ ဖြေ ကြားသွားပါတယ်။
-
နိုင်ငံတဝန်း မဘသဆိုင်းဘုတ်တွေ ဖြုတ်ချဖို့ ညွန်ကြားချက်ကို မန္တလေးနဲ့ ဘားအံ့မှာ ငြင်းဆန်မှုတွေရှိနေတာဖြစ်ပါတယ်။
======
DVB

Zawgyi Version

၂၄..၇..၁၇
-
ႏိုင္ငံ့အတြက္ တကယ္လိုအပ္လာတဲ့အခ်ိန္မွာ သာသနာေတာ္
သန႔္ရွင္းေရးကို အင္နဲ႔အားနဲ႔ လုပ္မယ္၊ ဆိုင္းဘုတ္ေလး ႏွစ္ခုသုံးခု မျဖဳတ္လို႔လည္း မဘသအဖြဲ႕ႀကီးက ျပန္လည္ရွင္သန္လာ မွာ မဟုတ္
ဘူးလို႔ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး သူရ ဦးေအာင္ကိုက ေျပာၾကားလိုက္ပါတယ္။
-
ဇူလိုင္လ ၂၄ ရက္ေန႔ အမ်ိဳးသားလႊတ္ေတာ္အစည္းအေဝးအၿပီးမွာ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးက မီဒီယာေတြရဲ႕ ေမးျမန္ခ်က္ေတြကို အခုလို ေျဖဆိုတာပါ။
-
“ရဟန္းသာမေဏေတြထဲမွာ အုတ္ေရာေရာ၊ ေက်ာက္ေရာေရာ
ရွိေနပါတယ္။ ရွိေနတဲ့ အခါက်ေတာ့ တခ်ိဳ႕ရဟန္းသာမေဏေတြက ၾကည္ညိဳဖြယ္ရာမေဆာင္ဘူး၊ ရဟန္း သာမေဏရဲ႕ ဂုဏ္အဂၤါနဲ႔ မျပည့္စုံဘူး၊ မသင့္ေလ်ာ္တဲ့ ျပဳမႈေျပာဆိုလုပ္ကိုင္တာေတြရွိတယ္။ အဲဒါေတြကို သံဃာအဖြဲ႕အစည္းအဆင့္ဆင့္က ေန႔စဥ္ပဲ ေဖာ္ထုတ္မယ္၊ ဖမ္းဆီးမယ္၊ အေရးယူမယ္၊ လူဝတ္လဲမယ္၊ ျပစ္ဒဏ္ေပးမယ္”လို႔ ေျပာပါတယ္။
-
မဘသဆိုင္းဘုတ္ေတြ ျဖဳတ္ခ်ခိုင္းတာနဲ႔ပတ္သက္ၿပီးလည္း ျပည္ေထာင္စုဝန္ႀကီး သူရ ဦးေအာင္ကိုက “ႏိုင္ငံေတာ္သံဃ
မဟာနာယကအဖြဲ႕ႀကီးကေရာ၊ ႏိုင္ငံေတာ္အစိုးရကေရာ အဲဒီ ဆိုင္းဘုတ္ေလးႏွစ္ခုသုံးခုကို အတင္းျဖဳတ္ခ်ျခင္းအားျဖင့္ ဘာသာေရး၊ လူမ်ိဳးေရး ပဋိပကၡျဖစ္လာ မွာေတြကို မလိုလားပါဘူး။ ဒါကို တာဝန္
ရွိသူေတြက တာဝန္သိသိနဲ႔ ျဖဳတ္ခ်တဲ့အေျခအေနမ်ိဳး ျဖစ္လာေအာင္ ညႇိႏႈိင္းမွာပါ။ အခ်ိန္ေတြေစာင့္ဆိုင္းမွာျဖစ္ပါတယ္။ အဲဒီ ဆိုင္းဘုတ္
ေလးႏွစ္ခု ရွိလို႔လည္း မဘသအဖြဲ႕ႀကီးက ျပန္လည္ရွင္သန္လာမွာ မဟုတ္ဘူး”လို႔ ေျဖ ၾကားသြားပါတယ္။
-
ႏိုင္ငံတဝန္း မဘသဆိုင္းဘုတ္ေတြ ျဖဳတ္ခ်ဖို႔ ၫြန္ၾကားခ်က္ကို မႏၲေလးနဲ႔ ဘားအံ့မွာ ျငင္းဆန္မႈေတြရွိေနတာျဖစ္ပါတယ္။
======
DVB

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...