အသက္မျပည့္ မိန္းကေလးငယ္ ၂ ဦးကို အဓမၼျပဳက်င့္ရန္ ႀကိဳးစားတဲ႔ ၿခံရွင္ ထြက္ေၿပး တိမ္းေရွာင္ေန ( ေတြ႔ရွိပါက နီးစပ္ရာ ရဲစခန္းကို အေႀကာင္းႀကားေပးပါရန္ )





ၿမိတ္ၿမဳိ႕ရွိ ၾကက္ေမာက္သီး စိုက္ပ်ဳိးထားတဲ့ ၿခံမွာ အသက္မျပည့္ေသးတဲ့ အလုပ္သမ မိန္းကေလးငယ္ ၂ ဦးအား ၿခံပိုင္ရွင္က အဓမၼျပဳက်င့္ဖုိ႔ ႀကံစည္ခဲ့တာေၾကာင့္ ဇူလိုင္ ၂၂ ရက္ေန႔က ကြ်ဲကူးေက်းရြာ ရဲကင္းစခန္းမွာ ကာယကံရွင္က အမႈဖြင့္တုိင္ၾကားလုိက္ပါတယ္။

ၿမိတ္ၿမိဳ႕နယ္ စႏၵ၀တ္ေက်းရြာ၊အုပ္စု၊ ေရႊေပးေက်းရြာေန အသက္ ၁၄ ႏွစ္ နဲ႔ ၁၅ ႏွစ္အရြယ္ မိန္းကေလးငယ္ႏွစ္ဦးဟာ ဇူလိုင္ ၁၉ ရက္ေန႔က ၿခံရွင္ျဖစ္သူ ဦးသန္းေဌး (၄၉) က ၾကက္ေမာက္သီးေကာက္ဖုိ႔ ေခၚခိုင္းလုိ႔ ၿခံထဲ သြားေရာက္ခဲ့တယ္လို႔ ရဲေၾကးနန္းမွာ ေဖာ္ျပပါတယ္။


ၿခံထဲေရာက္ရွိစဥ္ မိန္းကေလးႏွစ္ဦရဲ႕ ေမာင္ႏွမေတာ္စပ္သူ ၂ ဦးကို လည္း ေတြ႔ရၿပီး ၿခံပိုင္ရွင္ျဖစ္သူ ဦးသန္းေဌးက သူတုိ႔ ၂ ဦးကို ၾကက္ေမာက္သီး ေကာက္ဖုိ႔နဲ႔ ေဆးပလာစတာ၀ယ္ယူဖုိ႔ ေစခိုင္းလိုက္ၿပီး ၁၅ ႏွစ္အရြယ္ မိန္းကေလးငယ္ကုိ ၾကက္ေမာက္ သီးအမွည့္ေကာက္ဖုိ႔ ေစခိုင္းလိုက္တယ္လုိ႔ ဆုိပါတယ္။

၁၄ ႏွစ္အရြယ္ မိန္းကေလးနဲ႔ ႏွစ္ဦးတည္း က်န္ရွိခ်ိန္မွာ ဦးသန္းေထြးက ေငြတစ္ေသာင္းေပးမယ္၊ ဥယ်ာဥ္ၿခံေပးမယ္၊ ဖုန္း၀ယ္ေပးမယ္လုိ႔ ေျပာဆိုကာ လက္အားတုပ္ေႏွာင္ ခ်ံဳေတာထဲ ေခၚေဆာင္ၿပီး မိန္းမကုိယ္နဲ႔ ခႏၶာကုိယ္အႏွံ႔ မဖြယ္မရာ ျပဳမူခဲ့တယ္လို႔ ေၾကးနန္းမွာ ေဖာ္ျပထားပါတယ္။

မိန္းကေလးငယ္က ႐ုန္းကုန္ေနစဥ္ ေမာင္ျဖစ္သူက ေဆးပလာစတာရၿပီဆုိၿပီး ၀င္လာတာေၾကာင့္ ဦးသန္းေဌးက မစႏၵာေထြးအား ျပန္လႊတ္ေပးခဲ့တယ္လို႔ သိရပါတယ္။

ျဖစ္စဥ္နဲ႔ပတ္သက္လုိ႔ ကၽြဲကူးရဲကင္းစခန္းမႉး ရဲအုပ္တင္ထြဋ္က “ဒီလူက မိန္းကေလး ၂ ေယာက္စလံုးကို ေစာ္ကားတယ္၊ ျဖစ္စဥ္ျဖစ္ေနတာက ၾကာပါၿပီ။ သူ႔ဖခင္ကို ေျပာဆိုတိုင္တန္းမွ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးေတြ သိသြားၿပီး ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးေတြက က်ေနာ္တို႔ ကၽြဲ ကူးရဲကင္းကို လာေရာက္အမႈဖြင့္တိုင္တန္းခဲ့တာပါ။ ျပစ္မႈမႈက်ဴးလြန္သူက စျဖစ္တဲ့
ေန႔ကတည္းက ထြက္ေျပးသြားပါတယ္။ က်ေနာ္တို႔ ရဲတပ္ဖြဲ႔က ဖမ္းဆီးရမိေရးအတြက္ ေဆာင္ရြက္ေနပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ ဦးသန္းေဌးက ၁၅ ႏွစ္အရြုယ္ မိန္းကေလးငယ္ကုိလည္း ေခၚယူကာ မိန္းမကိုယ္အား မဖြယ္မရာျပဳမူခဲ့ေသးတယ္လို႔ ဆုိပါတယ္။ၿခံရွင္ျဖစ္သူက မိန္းကေလးငယ္ႏွစ္ဦးအား အဆိုပါျဖစ္စဥ္ေတြကို ျပန္ေျပာပါက အႏၱရာယ္ျပဳမယ္လို႔ ၿခိမ္းေျခာက္ထားတာေၾကာင့္ မေျပာရဲခဲ့တာျဖစ္ေၾကာင္း ၁၄ ႏွစ္အရြယ္ မိန္းကေလးငယ္က ေျပာပါတယ္။

ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး မစႏၵာေထြးက တရားလိုျပဳလုပ္တိုင္တန္းလုိ႔ ဦးသန္းေဌးအား ၿမိတ္ၿမိဳ႕မရဲစခန္းမွ ရာဇသတ္ႀကီးပုဒ္မ ၃၇၆/၅၁၁ နဲ႔ အမႈဖြင့္ထားၿပီး တရားခံကို ဖမ္းဆီးရမိေရး ေဆာင္ရြက္ေနတယ္လို႔ သိရပါတယ္။
DVB

Unicode

မြိတ်မြို့ရှိ ကြက်မောက်သီး စိုက်ပျိုးထားတဲ့ ခြံမှာ အသက်မပြည့်သေး
တဲ့ အလုပ်သမ မိန်းကလေးငယ် ၂ ဦးအား ခြံပိုင်ရှင်က အဓမ္မပြုကျင့်ဖို့ ကြံစည်ခဲ့တာကြောင့် ဇူလိုင် ၂၂ ရက်နေ့က ကျွဲကူးကျေးရွာ ရဲကင်းစခန်းမှာ ကာယကံရှင်က အမှုဖွင့်တိုင်ကြားလိုက်ပါတယ်။

မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာ၊အုပ်စု၊ ရွှေပေးကျေးရွာနေ အသက် ၁၄ နှစ် နဲ့ ၁၅ နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦးဟာ ဇူလိုင် ၁၉ ရက်နေ့က ခြံရှင်ဖြစ်သူ ဦးသန်းဌေး (၄၉) က ကြက်မောက်သီးကောက်ဖို့ ခေါ်ခိုင်းလို့ ခြံထဲ သွားရောက်ခဲ့တယ်လို့ ရဲကြေးနန်းမှာ ဖော်ပြပါတယ်။

ခြံထဲရောက်ရှိစဉ် မိန်းကလေးနှစ်ဦရဲ့ မောင်နှမတော်စပ်သူ ၂ ဦးကို လည်း တွေ့ရပြီး ခြံပိုင်ရှင်ဖြစ်သူ ဦးသန်းဌေးက သူတို့ ၂ ဦးကို ကြက်မောက်သီး ကောက်ဖို့နဲ့ ဆေးပလာစတာဝယ်ယူဖို့ စေခိုင်းလိုက်ပြီး ၁၅ နှစ်အရွယ် မိန်းကလေးငယ်ကို ကြက်မောက် သီးအမှည့်ကောက်ဖို့ စေခိုင်းလိုက်တယ်လို့ ဆိုပါတယ်။

၁၄ နှစ်အရွယ် မိန်းကလေးနဲ့ နှစ်ဦးတည်း ကျန်ရှိချိန်မှာ ဦးသန်းထွေးက ငွေတစ်သောင်းပေးမယ်၊ ဥယျာဉ်ခြံပေးမယ်၊ ဖုန်းဝယ်ပေးမယ်လို့ ပြောဆိုကာ လက်အားတုပ်နှောင် ချုံတောထဲ ခေါ်ဆောင်ပြီး မိန်းမကိုယ်နဲ့ ခန္ဓာကိုယ်အနှံ့ မဖွယ်မရာ ပြုမူခဲ့တယ်လို့ ကြေးနန်းမှာ ဖော်ပြထားပါတယ်။

မိန်းကလေးငယ်က ရုန်းကုန်နေစဉ် မောင်ဖြစ်သူက ဆေးပလာစတာရပြီဆိုပြီး ဝင်လာတာကြောင့် ဦးသန်းဌေးက မစန္ဒာထွေးအား ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ ကျွဲကူးရဲကင်းစခန်းမှူး ရဲအုပ်တင်ထွဋ်က “ဒီလူက မိန်းကလေး ၂ ယောက်စလုံးကို စော်ကားတယ်၊ ဖြစ်စဉ်ဖြစ်နေတာက ကြာပါပြီ။ သူ့ဖခင်ကို ပြောဆိုတိုင်တန်းမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ သိသွားပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ကျနော်တို့ ကျွဲ ကူးရဲကင်းကို လာရောက်အမှုဖွင့်တိုင်တန်းခဲ့တာပါ။ ပြစ်မှုမှုကျူးလွန်သူက စဖြစ်တဲ့
နေ့ကတည်းက ထွက်ပြေးသွားပါတယ်။ ကျနော်တို့ ရဲတပ်ဖွဲ့က ဖမ်းဆီး
ရမိရေးအတွက် ဆောင်ရွက်နေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဦးသန်းဌေးက ၁၅ နှစ်အရွုယ် မိန်းကလေးငယ်ကိုလည်း ခေါ်ယူကာ မိန်းမကိုယ်အား မဖွယ်မရာပြုမူခဲ့သေးတယ်လို့ ဆိုပါတယ်။
ခြံရှင်ဖြစ်သူက မိန်းကလေးငယ်နှစ်ဦးအား အဆိုပါဖြစ်စဉ်တွေကို ပြန်ပြောပါက အန္တရာယ်ပြုမယ်လို့ ခြိမ်းခြောက်ထားတာကြောင့် မပြောရဲခဲ့တာဖြစ်ကြောင်း ၁၄ နှစ်အရွယ် မိန်းကလေးငယ်က ပြောပါတယ်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး မစန္ဒာထွေးက တရားလိုပြုလုပ်တိုင်တန်းလို့ ဦးသန်းဌေးအား မြိတ်မြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ နဲ့ အမှုဖွင့်ထားပြီး တရားခံကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
DVB

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...