သားသမီးချင်းကိုယ်ချင်းစာနာ စိတ် တော့ထားသင့်ပါတယ် ဆရာမရယ်











credit to Cuttie Su Lay
လေးစားလျှက်
Maung Tun Wai



Unicode

သားသမီးချင်းကိုယ်ချင်းစာနာ စိတ် တော့ထားသင့်ပါတယ် ကျောင်းသူကျောင်းသားဆိုတာ လက်ပါစရာမလိုပါဘူး ။ဆုံးမတာ လူလိုဆုံးမရင် လက်ခံကြမှာပါ ။အရိုက်ကြမ်းတဲ့အမက (၅)ဒဂုံအရှေ့ ပထမတန်း သင်တဲ့ဆရာမ (အားလုံးသိသွားအောင် ရှယ်ပေးလိုက်ကြပါ)

ဘေဘီဆုလေး ရဲ့ဆရာမ ပါ ကျောင်းစတက်ထဲက အဲဒီဆရာမ ရဲ့အကြောင်းကိုလဲကြားမိပါတယ်…အရိုက်ကြမ်းတဲ့အကြောင်း ဘက်လိုက်တဲ့အကြောင်းဒါပေမယ့်ဆရာမက အသင်အပြအရမ်းကောင်းပါတယ် ။ အဲဎါကြောင့်ဘေဘီဆုကိုကျောင်းမပြောင်းဘဲ အဲဒီကျောင်းမှာ ဘဲဆက်ထားခဲ့ပါတယ် ။

၆လပိုင်းလောက်ကတစ်ခါ ဆရာမရိုက်လိုက်တာ ကျောကုန်းမှာအရှိုးရာအကြီးကြီးတွေ့လိုက်တဲ့အခါ ကလေးကို မေးကြည့်တော့ စာမရလို့ရိုက်တာမဟုတ်ပါဘူးတဲ့ ဆော့လို့ပါတဲ့ အဲဒီလောက်တောင်ရိုက်စရာလား စာမရလို့ရိုက်ရင် လက်ခံပါတယ် အဲဒါနဲ့ဆရာမကို တစ်အိမ်လုံးဘာမှမပြော ဆရာမကြီးကိုလဲ မပြောခဲ့ပါဘူး။

အခုတစ်ခါကတော့ တော်တော်ကိုတရားလွန်လာလို့ ကလေးကိုကျောင်းပါထုတ်ပစ်လိုက်ရပါတော့တယ် ကလေးကို မေးကြည့်တော့ တရားထိုင်တာမငြိမ်လို့တစ်ခါစာရေးတာနှေးလို့တစ်ခါဆိုပြီးရိုက်လိုက်တာ မြင်လို့တောင် မကောင်းပါဘူး တစ်အိမ်လုံးကလဲ စိတ်မကောင်း သူ့အဖိုးအဖွားဆိုတာတော့စိတ်မကောင်းဖြစ် တာပြောမနေပါနဲ့တော့

ဘေဘီဆုလေးက သူများကလေး တွေလိုမိစုံဖစုံနေရတာ မဟုတ်တဲ့အတွက် ကလေးရဲ့စိတ်ထဲမှာဒဏ်ရာလေးတွေ ရှိပါတယ် အဲဒါကြောင့်တစ်အိမ်လုံးကသဲသဲလှုပ်လဲ
ချစ်ကြပါတယ် ဒီတစ်ခါတော့ ကျောင်းအုပ်ကြီးကိုတိုင်ရတဲ့အဖြစိ ကိုရောက်သွားပါတယ်….မကျေနပ်တာမဟုတ်ပါဘူး

နောက် ကလေးတွေအတွက်စိုးရိမ်မိလို့ပါ…. စိတ်လဲမကောင်းပါဘူး……ကလေးကိုရိုက်တဲ့ဓါတ်ပုံလေးတွေ ပါတင်ထားပါတယ်….အဲဒီလိုမျိုး…ဆရာမ ကို ဆရာမ လို့ခေါ်သင့်ပါသလား…ဘာဆက်လုပ်သင့်ပါသလဲ…အကြံညာဏ်များပေးနိုင်ပါတယ်…

credit to Cuttie Su Lay
လေးစားလျှက်
Maung Tun Wai

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...