"တခါက မေအးေသာင္း" နဲ႔ "Aရိုး ယူနီေဖာင္း" 2020 မွာ အကုန္ ထြက္မည္

စီးရီးထုတ္ေတာ့မယ္ဆိုေတာ့ အႏုပညာနာမည္ကလိုလာျပန္သည္။ ကုိယ့္နာမည္က ဝင္းထိုက္ဆိုေတာ့ ...... အဖ်ားဆြတ္ၿပီး အဝင္း လို႔ေပးရင္ေကာင္းမလား ... ဒါမွမဟုတ္္ ကိုထိုက္ဆိုရင္ေကာ။ ႏွစ္ခုလံုး မမိုက္။ ဝင္းဝင္း သို႔မဟုတ္ ထိုက္ထိုက္ ဆိုၿပီးတစ္ခုခုေပးရင္ေကာင္းလား။ ဒါလည္းအဆင္မေျပ .... နာမည္ၾကားတာနဲ႔တင္ ႏြဲ႔ခ်င္လာသည္။ ဒီလိုနဲ႔ပဲအႏုပညာနာမည္ေပးဖို႔ အေဖနဲ႔အေမကိုတိုု္င္ပင္ရေတာ့သည္။
အေဖကေတာ့ ေနရဲမာန္တို႔ စိန္ဝင္းထြန္းတို႔လို နာမည္မ်ိဳးကိုပိုႀကိဳက္သည္ဟုဆိုသည္။ စိန္ဝင္းထြန္းကမွေတာ္ေသးသည္ ေနရဲမာန္ကိုေတာ့ လံုးဝမႀကိဳက္။ အေမကေတာ့ ငယ္နာမည္ျဖစ္တဲ ့ ေရႊ႐ိုးဆိုတဲ့ နာမည္ကို သံုးေစခ်င္သည္တဲ့ေလ။ ကိုယ့္ငယ္နာမည္ေလးကိုေတာ့ သေဘာက်မိသည္။ သို႔ေသာ္ ေရႊ႐ိုးဆိုတဲ့ နာမည္ႀကီးက ႐ွိၿပီးသားႀကီး။ ၿပီးေတာ့ ေရႊဆိုတဲ့နာမည္ကို မႀကိဳက္။ ဒါနဲ႔ပဲ '႐ိုး' ဆိုတဲ့နာမည္ေလးကိုယူဖို႔ ဆံုးျဖတ္လိုက္သည္။
အဆိုေတာ္ '႐ိုး' ။ ကိုယ္ဟာကိုေခၚၾကည့္သည္။ အေဖ့ကုိလည္း ေခၚခိုင္းၾကည့္သည္။ မႏွိပ္လွပါ။ ကိုယ့္နာမည္ကိုယ္ၾကားတိုင္း ၾကက္သီးေတြထထလာသည္။ ဒီတိုင္းဆို '႐ိုး' ရဲ ့ေ႐ွ ့မွာ နာမည္တစ္လံုးေတာ့ထပ္ထည့္မွ ၾကားေကာင္းမည္။ အဆိုေတာ္တစ္ခ်ိဳ႕ရဲ ့နာမည္ေတြကိုလည္း အတုယူဖို ့ အေဖက အၾကံေပးသည္။ ဟုတ္သည္ ..... အၾကံတစ္ခုရလာသည္။
Rဇာနည္၊ Lလြန္းဝါ၊ Dယံ ... သူတို႔ကိုအတုယူရမည္။ '႐ိုး' ေ႐ွ ့မွာ အဂၤလိပ္စာလံုးေလးတစ္လံုးထည့္ရင္ ေတာ္ေတာ္လွသြားမည္။ Rတို႔ Lတို ့ထက္သာေအာင္ ေ႐ွ ့ဆံုးစာလံုး A ကိုေရြးလိုက္သည္။ လုပ္မယ့္လုပ္ေတာ့ သူမ်ားထက္သာရမည္ေလ။
"A႐ိုး"
ကိုယ့္နာမည္ကိုယ္ျပန္ေခၚၾကည့္ၿပီး ပီတိျဖစ္ရသည္။ Rဇာနည္ကို သူ႔ပရိတ္သတ္ေတြက စင္ေအာက္ကေန Rႀကီး Rႀကီး ဟုေခၚသလို။ ကိုယ့္ကိုလည္း "A႐ိုး A႐ိုး" ဟုအားရပါးရေခၚၿပီး အားေပးၾကမွာ ျမင္ေရာင္မိသည္။
ဟုတ္သည္ အဆိုေတာ္ "A႐ိုး"
ဒါပဲေပါ့။
နာမည္ရၿပီဆိုေတာ့ စီးရီးနာမည္ကိုေရြးရအံုးမည္။ ဒါကလည္းအေရးႀကီးသည္။ တစ္ခ်ိဳ႕အေခြေတြဆို သိခ်င္းအားလံုးနီးပါးေကာင္းေသာ္လည္း စီးရီးနာမည္အေရြးမွားလို ့ ထင္သေလာက္မေအာင္ျမင္တာေတြ ေတြ ့ဖူးသည္။ အေခြထဲက ကိုယ္အေကာင္းဆံုးလို ့ ထင္တဲ့သီခ်င္းေခါင္းစဥ္ကိုေရြးမည္ဟု စဥ္းစားလိုက္သည္။
အေခြထဲတြင္ သီခ်င္းေပါင္း ၁၂ပုဒ္ပါသည္။ ဒီအထဲက ကိုယ္အႀကိဳက္ဆံုးသီခ်င္း ၃ပုဒ္႐ွိသည္။
'တခါကမေအးေသာင္း'
ဒီသီခ်င္းေလးက ခပ္ေအးေအးေလး။ အရမ္းလွတဲ့ ရြာသူေလးတစ္ေယာက္ ရြာကေန ၿမိဳ႕တက္သြားၿပီးျပန္မလာေတ့ာတဲ့အေၾကာင္းကိုေရးထားသည္။
'အခ်စ္နဲ႔ေဒၚလာ'
ဒီသီခ်င္းက်ေတာ့ ခပ္ျမဴးျမဴး ကမ္းထရီးပံုစံေလးလုပ္ထားသည္။ လက္႐ွိျပင္ပေလာကမွာ ျဖစ္ပ်က္ေနတဲ့ သမီးရည္းစားေတြအေၾကာင္းေရးထားသည္။ အခ်ိန္တန္ေတာ့ အခ်စ္ဟာ ေဒၚလာကို အရံႈးေပးသြားရတဲ့အေၾကာင္းေပါ့။
'ယူနီေဖာင္းေတြ'
ဒီသီခ်င္းကိုေတာ့ အားအရဆံုးျဖစ္သည္။ ငယ္ဘဝေက်ာင္းဝတ္စံု၊ တကၠသိုလ္တက္ေတ့ာ ဝတ္စံု၊ အလုပ္ခြင္ထဲေရာက္ေတာ့ဝတ္စံု ...... ယူနီေဖာင္းေလးေတြေျပာင္းလဲလာသလို စိတ္ဓာတ္ေလးေတြလည္းေျပာင္းလဲလာပံုကို ေရာ့ခ္ပံုစံ ခပ္ျပင္းျပင္းေလး သီဆိုထားသည္။
ဒါနဲ ့ပဲ ကိုယ္အႀကိဳက္ဆံုးျဖစ္တဲ့ 'ယူနီေဖာင္းေတြ' သီခ်င္းကို စီးရီးေခါင္းစဥ္အျဖစ္ေပးဖို႔ ဆံုးျဖတ္လိုက္သည္။
'၂၀၂၀ႏွစ္ကုန္'ပိုင္းေလာက္ေတာ့ ေခြထြက္ႏိုင္မွာေသခ်ာသည္။ ၾကားထဲမွာ ျဖန္႔ခ်ိသူႏွင့္တိုင္ပင္ရန္႐ွိသလို တစ္ခ်ိဳ႕သီခ်င္းေတြကိုလည္း အေခ်ာသပ္ရအံုးမည္။
ေခြမထြက္ခင္ တစ္ႏိုင္ငံလံုးမွာ႐ွိတဲ့ ၿမိဳ႕ႀကီး ၁၅ၿမိဳ ့ မွာ Billboards ေတြေထာင္မည္။
Billboards ေတြမွာ ဒီလိုေရးမည္-
"A႐ိုး
ယူနီေဖာင္းေတြ
၂၀၂၀ႏွစ္ကုန္ ထြက္မည္"

ၾကိဳက္လို႔တင္ေပးလိုက္တဲ့ သေရာ္စာပါ..။
Win_Htike ဝင္းထိုက္(မုံရြာ) ေရးတာပါ
(www.apannpyay.com)
=============

စီးရီးထုတ်တော့မယ်ဆိုတော့ အနုပညာနာမည်ကလိုလာပြန်သည်။ ကိုယ့်နာမည်က ဝင်းထိုက်ဆိုတော့ ...... အဖျားဆွတ်ပြီး အဝင်း လို့ပေးရင်ကောင်းမလား ... ဒါမှမဟုတ်် ကိုထိုက်ဆိုရင်ကော။ နှစ်ခုလုံး မမိုက်။ ဝင်းဝင်း သို့မဟုတ် ထိုက်ထိုက် ဆိုပြီးတစ်ခုခုပေးရင်ကောင်းမလား။ ဒါလည်းအဆင်မပြေ .... နာမည်ကြားတာနဲ့တင် နွဲ့ချင်လာသည်။ ဒီလိုနဲ့ပဲအနုပညာနာမည်ပေးဖို့ အဖေနဲ့အမေကိုတိုု်င်ပင်ရတော့သည်။
အဖေကတော့ နေရဲမာန်တို့ စိန်ဝင်းထွန်းတို့လို နာမည်မျိုးကိုပိုကြိုက်သည်ဟုဆိုသည်။ စိန်ဝင်းထွန်းကမှတော်သေးသည် နေရဲမာန်ကိုတော့ လုံးဝမကြိုက်။ အမေကတော့ ငယ်နာမည်ဖြစ်တဲ ့ ရွှေရိုးဆိုတဲ့ နာမည်ကို သုံးစေချင်သည်တဲ့လေ။ ကိုယ့်ငယ်နာမည်လေးကိုတော့ ဘောကျမိသည်။ သို့သော် ရွှေရိုးဆိုတဲ့ နာမည်ကြီးက ရှိပြီးသားကြီး။ ပြီးတော့ ရွှေဆိုတဲ့နာမည်ကို မကြိုက်။ ဒါနဲ့ပဲ 'ရိုး' ဆိုတဲ့နာမည်လေးကိုယူဖို့ ဆုံးဖြတ်လိုက်သည်။
အဆိုတော် 'ရိုး' ။ ကိုယ်ဟာကိုခေါ်ကြည့်သည်။ အဖေ့ကိုလည်း ခေါ်ခိုင်းကြည့်သည်။ မနှိပ်လှပါ။ ကိုယ့်နာမည်ကိုယ်ကြားတိုင်း ကြက်သီးတွေထထလာသည်။ ဒီတိုင်းဆို 'ရိုး' ရဲ ့ရှေ ့မှာ နာမည်တစ်လုံးတော့ထပ်ထည့်မှ ကြားကောင်းမည်။ အဆိုတော်တစ်ချို့ရဲ ့နာမည်တွေကိုလည်း အတုယူဖို ့ အဖေက အကြံပေးသည်။ ဟုတ်သည် ..... အကြံတစ်ခုရလာသည်။
Rဇာနည်၊ Lလွန်းဝါ၊ Dယံ ... သူတို့ကိုအတုယူရမည်။ 'ရိုး' ရှေ ့မှာ အင်္ဂလိပ်စာလုံးလေးတစ်လုံးထည့်ရင် တော်တော်လှသွားမည်။ Rတို့ Lတို ့ထက်သာအောင် ရှေ ့ဆုံးစာလုံး A ကိုရွေးလိုက်သည်။ လုပ်မယ့်လုပ်တော့ သူများထက်သာရမည်လေ။
"Aရိုး"
ကိုယ့်နာမည်ကိုယ်ပြန်ခေါ်ကြည့်ပြီး ပီတိဖြစ်ရသည်။ Rဇာနည်ကို သူ့ပရိတ်သတ်တွေက စင်အောက်ကနေ Rကြီး Rကြီး ဟုခေါ်သလို။ ကိုယ့်ကိုလည်း "Aရိုး Aရိုး" ဟုအားရပါးရခေါ်ပြီး အားပေးကြမှာ မြင်ရောင်မိသည်။
ဟုတ်သည် အဆိုတော် "Aရိုး"
ဒါပဲပေါ့။
နာမည်ရပြီဆိုတော့ စီးရီးနာမည်ကိုရွေးရအုံးမည်။ ဒါကလည်းအရေးကြီးသည်။ တစ်ချို့အခွေတွေဆို သိချင်းအားလုံးနီးပါးကောင်းသော်လည်း စီးရီးနာမည်အရွေးမှားလို ့ ထင်သလောက်မအောင်မြင်တာတွေ တွေ ့ဖူးသည်။ အခွေထဲက ကိုယ်အကောင်းဆုံးလို ့ ထင်တဲ့သီချင်းခေါင်းစဉ်ကိုရွေးမည်ဟု စဉ်းစားလိုက်သည်။
အခွေထဲတွင် သီချင်းပေါင်း ၁၂ပုဒ်ပါသည်။ ဒီအထဲက ကိုယ်အကြိုက်ဆုံးသီချင်း ၃ပုဒ်ရှိသည်။
'တခါကမအေးသောင်း'
ဒီသီချင်းလေးက ခပ်အေးအေးလေး။ အရမ်းလှတဲ့ ရွာသူလေးတစ်ယောက် ရွာကနေ မြို့တက်သွားပြီးပြန်မလာတေ့ာတဲ့အကြောင်းကိုရေးထားသည်။
'အချစ်နဲ့ဒေါ်လာ'
ဒီသီချင်းကျတော့ ခပ်မြူးမြူး ကမ်းထရီးပုံစံလေးလုပ်ထားသည်။ လက်ရှိပြင်ပလောကမှာ ဖြစ်ပျက်နေတဲ့ သမီးရည်းစားတွေအကြောင်းရေးထားသည်။ အချိန်တန်တော့ အချစ်ဟာ ဒေါ်လာကို အရှုံးပေးသွားရတဲ့အကြောင်းပေါ့။
'ယူနီဖောင်းတွေ'
ဒီသီချင်းကိုတော့ အားအရဆုံးဖြစ်သည်။ ငယ်ဘဝကျောင်းဝတ်စုံ၊ တက္ကသိုလ်တက်တေ့ာ ဝတ်စုံ၊ အလုပ်ခွင်ထဲရောက်တော့ဝတ်စုံ ...... ယူနီဖောင်းလေးတွေပြောင်းလဲလာသလို စိတ်ဓာတ်လေးတွေလည်းပြောင်းလဲလာပုံကို ရော့ခ်ပုံစံ ခပ်ပြင်းပြင်းလေး သီဆိုထားသည်။
ဒါနဲ ့ပဲ ကိုယ်အကြိုက်ဆုံးဖြစ်တဲ့ 'ယူနီဖောင်းတွေ' သီချင်းကို စီးရီးခေါင်းစဉ်အဖြစ်ပေးဖို့ ဆုံးဖြတ်လိုက်သည်။
'၂၀၂ဝနှစ်ကုန်'ပိုင်းလောက်တော့ ခွေထွက်နိုင်မှာသေချာသည်။ ကြားထဲမှာ ဖြန့်ချိသူနှင့်တိုင်ပင်ရန်ရှိသလို တစ်ချို့သီချင်းတွေကိုလည်း အချောသပ်ရအုံးမည်။
ခွေမထွက်ခင် တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့ကြီး ၁၅မြို ့ မှာ Billboards တွေထောင်မည်။
Billboards တွေမှာ ဒီလိုရေးမည်-
"Aရိုး
ယူနီဖောင်းတွေ
၂၀၂ဝနှစ်ကုန် ထွက်မည်"

ကြိုက်လို့တင်ပေးလိုက်တဲ့ သရော်စာပါ..။
Win_Htike ဝင်းထိုက်(မုံရွာ) ရေးတာပါ
(www.apannpyay.com)

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...