၈လောင်းပြိုင်အမှုနှင့် CID၏ မူမမှန်လုပ်ရပ်များတဲ့..။

ကားမီးလောင်မှုဖြစ်သည့်နေ့----၂၁.၁.၂၀၁၇
ကားသမားအောင်ခန့် က သူမမောင်းဘူးဟု လိမ်ပြောပြီးမှ
မောင်းပါတယ်ဟုပြန်ဝန်ခံသောနေ့----၂၅.၁.၂၀၁၇
CID မှ အမြန်လမ်းရဲစခန်းကိုကြေးနန်းပို့ပြီး
အမှုကို လွှဲပြောင်းယူသွားသောနေ့-- ၂၆.၁.၂၀၁၇
+++

၁) အမြန်လမ်းရဲစခန်းက သေချာစစ်လို့
သူမောင်းတာမဟုတ်ဘူးလို့ငြင်းခံနေတဲ့
အောင်ခန့်ဟာနောက်ဆုံးဝန်ခံရတယ်။
အဲ့ဒီမှာ လုပ်ကြံသူတွေက နောက်ခံဘက်ကရောင်းကောင်းတော့
CID ကို အမှု လှမ်းတောင်းပြီးကိုင်ခိုင်းတယ်။
ဒီပုံစံနဲ့ဆို မကြာခင်အကုန်ပေါ်တော့မှာ ဖြစ်တယ်။
ကျနော်မိသားစုဝင်တွေတောင်းဆိုလို့
CID ကိုင်တယ်ထင်ပေမယ့်
တကယ်တမ်းမှာ ဘယ်မိသားစုဝင်မှ မတောင်းဆိုပဲ
အခြေနေ တိုးတက်နေပြီဖြစ်တဲ့ လှမ်းတောင်းပြီးကိုင်တယ်။
၂) CID အမှုစစ်ရဲမှူးမိုးအောင်ကိုယ်တိုင်နဲ့နောက်လိုက် တို့ဟာ
မိသားစုဝင်တွေအမှုတွေနဲ့ပက်သက်လို့
မေးမြန်းတဲ့ကိစ္စတွေမှာလည်းပေါ့ပျက်ပျက်လုပ်ပစ်တယ်။
၃) လှည်းကူးရွာသားသက်သေတွေကို ပညာရေးအရည်ချင်းနိမ့်တယ်ဟု ဆိုကာ သက်သေ
အဖြစ်စာရင်းမသွင်းပေးပဲပယ်ချခဲ့တယ်။
၎) VDO ဖိုင်သက်သေတခုမှာ ကားကိုမီးသတ်ပိုက်နဲ့ ရေ လောင်းပြီးချိန် ချက်ခြင်း
လူတယောက်က ရိုက်ထားသည့်အနေထားမှာ အောင်ခန့်ပြောသလို ရှေ့ကားခေါင်းမှာ
ဦးဝင်းထွန်းကိုမတွေ့ပဲ ရှေ့ခန်းမှာဟောင်းလောင်းဖြစ်နေတယ်။ ဒီဖိုင်ကို တရားလိုမိသားစုက
တင်ပြတဲ့အခါမှာ မီးသတ်ပိုက်နဲ့ေ၇လောင်းလို့ ဦးဝင်းထွန်းအလောင်းဟာ နောက်ခန်းကို ရောက်သွားတယ်လို့ ပရမ်းပတာပြောပါတယ်။
၅) နောက်ဆုံးမှာ အရှက်ကမ်းကုန်စွာ ၈လောင်းပြိုင်လူသတ်မှုကို မတော်တဆမှုလို့
CID က အမှုဆင်ပြီး ရုံးတင်လိုက်ပါကြောင်း။

Pyi Moe Aung
https://www.facebook.com/permalink.php?story_fbid=1917333918498981&id=100006671730426

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...