ယေန႔ ကြၽန္ေတာ္အား အဘတို႔ကကိုရင္ဝတ္ေပးမည္ဟု ေျပာေလေသာေျကာင့္ေပ်ာ္လည္းေပ်ာ္မိသလိုကြၽန္ေတာ္ စိတ္ထဲ အနည္းငယ္လည္း ေၾကာက္လန္႔မိသည္။ အဘယ္ေၾကာင့္နည္း။ရြာမွာက ဘုန္းႀကီးေက်ာင္းႏွစ္ခု႐ွိသည္။ တစ္ေက်ာင္းမွာ ေ႐ွးေဟာင္းေက်ာင္းႀကီးျဖစ္ၿပီး တစ္ေက်ာင္းမွာ ေဆာက္လက္စျဖစ္သည္။ေသခ်ာသည္။ကြၽန္ေတာ္တို႔ ေက်ာင္းအေဟာင္းမွာ ကိုရင္ဝတ္ရမွာေသခ်ာသည္။ထိုေက်ာင္းသည္ သရဲအလြန္ေျခာက္ေသာေက်ာင္းဟုနာမည္ျကီးေသာေက်ာင္းတေက်ာင္းျဖစ္သည္။ သန္႔႐ွင္းေရး သရဲႀကီးမ်ား႐ွိသည္တဲ့။ကြၽန္ေတာ္က သရဲေၾကာက္တတ္သည္။ဒီလိုနဲ႔ကြၽန္ေတာ္လဲ ကိုရင္ဝတ္ျဖစ္တာေပါ့ဗ်ာ။အ့ဒီမွာ ကိုရင္ေတြကစုဝတ္တဲ့ပြဲဆိုေတာ့ ညက် ဘုန္းႀကီးေက်ာင္းမွာ ကိုရင္ေတြအမ်ားႀကီးေပါ့။ေဟာခန္းႀကီးမွာ အလယ္ဘက္ စၾကၤန္သေဘာမ်ိဳးပဲ႐ွိၿပီ တစ္ဖက္တစ္ခ်က္စီမွာ တစ္ဝက္ဆီအိပ္ၾကရတာေပါ့။ညဘက္ မအိပ္ခင္ေတာ့ စုၿပီးစကားေတြေျပာၾကတာေပါ့။အ့ဒီမွာ အသက္နည္းနည္းႀကီးတဲ့ ကိုရင္ႀကီးက”ဒီက်ာင္းမွာ သန္႔႐ွင္းေရးသရဲေတြ႐ွိတယ္တဲ့ လူမေတြ႔ရဘဲ လက္ေတြကပဲ သန္႔႐ွင္းေရးလုပ္တာတဲ့ကြ”ဟုေျပာေတာ့ ကြၽန္ေတာ္တို႔လို သရဲေၾကာက္တတ္တဲ့ကိုရင္ေတြ စုကုန္တာေပါ့။အ့ဒီအခ်ိန္မွာ ေက်ာင္းထိုင္ဆရာေတာ္က “ကိုရင္တို႔အိပ္ၾကေတာ့ေလ”ဟုေျပာသံၾကားရေလသည္။
ကြၽန္ေတာ္တို႔လဲ တစ္ဖက္စီခြဲအိပ္လိုက္ၾကေတာ့သည္။
ကြၽန္ေတာ္တို႔လဲ တစ္ဖက္စီခြဲအိပ္လိုက္ၾကေတာ့သည္။
ညသန္းေခါင္ခ်ိန္ ေရာက္ေသာ္အခါ ကြၽန္ေတာ္လဲအေပါ့သြားခ်င္လာသည္။ထိုစဥ္ အလယ္စၾကၤန္တြင္ ႐ွပ္႐ွပ္ ႐ွပ္႐ွပ္နဲ႔ တစ္ခုခု လွည္းေနသည့္အသံၾကားလိုက္ရသည္။ကြၽန္ေတာ္လဲ ေၾကာက္ေၾကာက္လန္႔လန္႔ျဖင့္ မ်က္စိေလး အသာေလးျဖစ္ၾကည့္ေသာအခါ ေစာေစာက ကိုရင္ႀကီးေျပာသကဲ့သုိ႔ လူမ႐ွိဘဲ အေမႊးမ်ားထူထပ္ေနသေသာလက္ ခ်ည္းသီးသန္႔ တံျမက္စည္းလွဲေနသည္ကိုေတြ႔လိုက္ရေလသည္။ကြၽန္ေတာ္လဲ အလြန္လန္႔သြားသျဖင့္ ေဘးမွကိုရင္ကို လက္ကုတ္ကာႏႈိးမိသည္။ေဘးက ကိုရင္လဲ မ်က္စိေလး အသာဖြင့္ၿပီးတုန္ယင္လာသည္။အသာေလး လက္ကုတ္ၿပီး ကြၽန္ေတာ္တို႔ႏွစ္ေယာက္လဲ ေဘးမွ အေပါက္ေဘးကတံခါးက ပတ္ထြက္လာၾကသည္။ ႏွစ္ေယာက္စလုံးလဲ တုန္ယင္ေနၾကသည္။အေပါ့သြားခ်င္လြန္း၍သာလာ၄သည္စိတ္ကခပ္ေျကာက္ေျကာက္သို႕ႏွင့္အိမ္သာဘက္လွည့္ထြက္လာၾကသည္။အိမ္သာဘက္သို႔ေရာက္လွ်င္ အိမ္သာေဆးသံမ်ားကို ၾကားၾကရျပန္သည္။အိမ္သာအေပါက္ေလးမွအသာေလးေခ်ာင္းၾကည့္လိုက္လွ်င္လက္ျပတ္မ်ားကိုထပ္ျမင္လိုက္ျပန္သည္။ထိုအခ်ိန္တြင္လက္ကြ်န္ေတာ္တို႔ဘက္ လွည့္လာေလသည္။ကြၽန္ေတာ္တို႔လဲ အသားကုန္ေအာ္ဟစ္ကာ ရြာဘက္သုိ႔ေျပးေလေတာ့သည္။ တစ္ရြာလုံးလဲ မီးမ်ားထြန္းကာ ႏိုးလာၾကေတာ့သည္။
ေက်ာင္းထိုင္လဲႏိုးလာမည္ထင္သည္။အဘတို႔လဲ အိမ္ျပန္လာလို႔အဆင္မေျပေၾကာင္းေျပာကာ သူတို႔ပါလိုက္လာကာ ေက်ာင္းထိုင္ဆီဝင္ေလွ်ာက္ၾကရသည္။ တစ္ရြာလုံးလဲႏိုးေနၾကၿပီျဖစ္ရင္ တစ္ခဏခ်င္းတြင္ပင္ ဘုန္းႀကီးေက်ာင္းတြင္ျပည့္သြားေလသည္။ဘုန္းႀကီးလဲ ထိုသန္႔႐ွင္းသရဲမ်ားအေၾကာင္းကိုကြၽန္ေတာ္တို႔အား႐ွင္းျပေလေတာ့သည္။
“ဒီလို ဒါကာတို႔ရဲ႕ ဟိုးအရင္က ဒီေက်ာင္းမွာ ေက်ာင္းသားေတြ႐ွိတယ္ အ့ဒီေက်ာင္းသားေတြက ေက်ာင္းပိုင္ပစၥည္းေတြကို ခိုးဝွက္ေရာင္းခ်မႈေတြ အုပ္စုလိုက္လုပ္ၾကတယ္ အ့ဒီငရဲေတြက သူတို႔ေသလြန္တဲ့အခါ ေက်ာင္းမွာ အေစာင့္ တေစၦ ျဖစ္ၿပီး ညတိုင္း သန္႔႐ွင္းလုပ္ေပးရၿပီး ဝဋ္ေႂကြးဆပ္ၾကရတာပါ သူတို႔မွာ သူမ်ားကို အႏၲရာယ္ေပးဖို႔ေနေနသာသာ သူတို႔ဘဝေလးေတြေတာင္ မလွပႏိုင္႐ွာပါဘူး မေၾကာက္ၾကပါနဲ႔ကြယ္”ဟု မိန္႔ၾကားေလသည္။

မည္သို႔ပင္ဆိုေစ ကြၽန္ေတာ္တို႔လဲ ဆက္မေနရဲသျဖင့္ ေနာက္တစ္ေန႔တြင္ လူထြက္လိုက္ေလေတာ့သည္။ ဘုရား ပစၥည္း သံဃာ ပစၥည္းကို ထိရဲသူတို႔သည္ ေသလြန္ၿပီးေလေသာ္လည္း ငရဲခံရၿပီး ဝဋ္ေႂကြးကိုလဲ အေက်ဆပ္ေနရေလေတာ့ေပသည္။ေၾကာက္စရာ သံေဝဂတစ္ခု လဲရခဲ့ရေပးေတာ့ေလသည္။သံဃာပစၥည္းအဆိပ္သီးဟုလည္းက်ြန္ေတာ္ေတြးမိပါေတာ့သည္။ျဖစ္ရပ္မွန္ေလးတစ္ခုအားအေျခခံ၍ေရးထားျခင္းျဖစ္သည္။လိုအပ္သည္မ်ားကို တိက်စြာ ေထာက္ျပေဝဖန္ေပးပါရန္စာဖတ္သူမ်ားအားေမတၱာရပ္ခံကာ
ျကိဳးစားလ်က္
ယြန္းပိုးျဖဴ
ဇာတ္အိမ္ႏွင့္ပုံကို လုပ္ေပးခဲ့ေသာအကို ဒိုး အင္း သားေလး အားအထူးေက်းဇူးတင္ပါတယ္
ျကိဳးစားလ်က္
ယြန္းပိုးျဖဴ
ဇာတ္အိမ္ႏွင့္ပုံကို လုပ္ေပးခဲ့ေသာအကို ဒိုး အင္း သားေလး အားအထူးေက်းဇူးတင္ပါတယ္
Credit – Yøøń Pøé Phýú / facebook
Unicode
ယနေ့ ကျွန်တော်အား အဘတို့ကကိုရင်ဝတ်ပေးမည်ဟု ပြောလေသောကြောင့်ပျော်လည်းပျော်မိသလိုကျွန်တော် စိတ်ထဲ အနည်းငယ်လည်း ကြောက်လန့်မိသည်။ အဘယ်ကြောင့်နည်း။ရွာမှာက ဘုန်းကြီးကျောင်းနှစ်ခုရှိသည်။ တစ်ကျောင်းမှာ ရှေးဟောင်းကျောင်းကြီးဖြစ်ပြီး တစ်ကျောင်းမှာ ဆောက်လက်စဖြစ်သည်။သေချာသည်။ကျွန်တော်တို့ ကျောင်းအဟောင်းမှာ ကိုရင်ဝတ်ရမှာသေချာသည်။ထိုကျောင်းသည် သရဲအလွန်ခြောက်သောကျောင်းဟုနာမည်ကြီးသောကျောင်းတကျောင်းဖြစ်သည်။ သန့်ရှင်းရေး သရဲကြီးများရှိသည်တဲ့။ကျွန်တော်က သရဲကြောက်တတ်သည်။ဒီလိုနဲ့ကျွန်တော်လဲ ကိုရင်ဝတ်ဖြစ်တာပေါ့ဗျာ။အ့ဒီမှာ ကိုရင်တွေကစုဝတ်တဲ့ပွဲဆိုတော့ ညကျ ဘုန်းကြီးကျောင်းမှာ ကိုရင်တွေအများကြီးပေါ့။ဟောခန်းကြီးမှာ အလယ်ဘက် စင်္ကြန်သဘောမျိုးပဲရှိပြီ တစ်ဖက်တစ်ချက်စီမှာ တစ်ဝက်ဆီအိပ်ကြရတာပေါ့။ညဘက် မအိပ်ခင်တော့ စုပြီးစကားတွေပြောကြတာပေါ့။အ့ဒီမှာ အသက်နည်းနည်းကြီးတဲ့ ကိုရင်ကြီးက”ဒီကျာင်းမှာ သန့်ရှင်းရေးသရဲတွေရှိတယ်တဲ့ လူမတွေ့ရဘဲ လက်တွေကပဲ သန့်ရှင်းရေးလုပ်တာတဲ့ကွ”ဟုပြောတော့ ကျွန်တော်တို့လို သရဲကြောက်တတ်တဲ့ကိုရင်တွေ စုကုန်တာပေါ့။အ့ဒီအချိန်မှာ ကျောင်းထိုင်ဆရာတော်က “ကိုရင်တို့အိပ်ကြတော့လေ”ဟုပြောသံကြားရလေသည်။
ကျွန်တော်တို့လဲ တစ်ဖက်စီခွဲအိပ်လိုက်ကြတော့သည်။
ညသန်းခေါင်ချိန် ရောက်သော်အခါ ကျွန်တော်လဲအပေါ့သွားချင်လာသည်။ထိုစဉ် အလယ်စင်္ကြန်တွင် ရှပ်ရှပ် ရှပ်ရှပ်နဲ့ တစ်ခုခု လှည်းနေသည့်အသံကြားလိုက်ရသည်။ကျွန်တော်လဲ ကြောက်ကြောက်လန့်လန့်ဖြင့် မျက်စိလေး အသာလေးဖြစ်ကြည့်သောအခါ စောစောက ကိုရင်ကြီးပြောသကဲ့သို့ လူမရှိဘဲ အမွှေးများထူထပ်နေသသောလက် ချည်းသီးသန့် တံမြက်စည်းလှဲနေသည်ကိုတွေ့လိုက်ရလေသည်။ကျွန်တော်လဲ အလွန်လန့်သွားသဖြင့် ဘေးမှကိုရင်ကို လက်ကုတ်ကာနှိုးမိသည်။ဘေးက ကိုရင်လဲ မျက်စိလေး အသာဖွင့်ပြီးတုန်ယင်လာသည်။အသာလေး လက်ကုတ်ပြီး ကျွန်တော်တို့နှစ်ယောက်လဲ ဘေးမှ အပေါက်ဘေးကတံခါးက ပတ်ထွက်လာကြသည်။ နှစ်ယောက်စလုံးလဲ တုန်ယင်နေကြသည်။အပေါ့သွားချင်လွန်း၍သာလာ၄သည်စိတ်ကခပ်ကြောက်ကြောက်သို့နှင့်အိမ်သာဘက်လှည့်ထွက်လာကြသည်။အိမ်သာဘက်သို့ရောက်လျှင် အိမ်သာဆေးသံများကို ကြားကြရပြန်သည်။အိမ်သာအပေါက်လေးမှအသာလေးချောင်းကြည့်လိုက်လျှင်လက်ပြတ်များကိုထပ်မြင်လိုက်ပြန်သည်။ထိုအချိန်တွင်လက်ကျွန်ေတာ်တို့ဘက် လှည့်လာလေသည်။ကျွန်တော်တို့လဲ အသားကုန်အော်ဟစ်ကာ ရွာဘက်သို့ပြေးလေတော့သည်။ တစ်ရွာလုံးလဲ မီးများထွန်းကာ နိုးလာကြတော့သည်။
ကျောင်းထိုင်လဲနိုးလာမည်ထင်သည်။အဘတို့လဲ အိမ်ပြန်လာလို့အဆင်မပြေကြောင်းပြောကာ သူတို့ပါလိုက်လာကာ ကျောင်းထိုင်ဆီဝင်လျှောက်ကြရသည်။ တစ်ရွာလုံးလဲနိုးနေကြပြီဖြစ်ရင် တစ်ခဏချင်းတွင်ပင် ဘုန်းကြီးကျောင်းတွင်ပြည့်သွားလေသည်။ဘုန်းကြီးလဲ ထိုသန့်ရှင်းသရဲများအကြောင်းကိုကျွန်တော်တို့အားရှင်းပြလေတော့သည်။
“ဒီလို ဒါကာတို့ရဲ့ ဟိုးအရင်က ဒီကျောင်းမှာ ကျောင်းသားတွေရှိတယ် အ့ဒီကျောင်းသားတွေက ကျောင်းပိုင်ပစ္စည်းတွေကို ခိုးဝှက်ရောင်းချမှုတွေ အုပ်စုလိုက်လုပ်ကြတယ် အ့ဒီငရဲတွေက သူတို့သေလွန်တဲ့အခါ ကျောင်းမှာ အစောင့် တစ္ဆေ ဖြစ်ပြီး ညတိုင်း သန့်ရှင်းလုပ်ပေးရပြီး ဝဋ်ကြွေးဆပ်ကြရတာပါ သူတို့မှာ သူများကို အန္တရာယ်ပေးဖို့နေနေသာသာ သူတို့ဘဝလေးတွေတောင် မလှပနိုင်ရှာပါဘူး မကြောက်ကြပါနဲ့ကွယ်”ဟု မိန့်ကြားလေသည်။

မည်သို့ပင်ဆိုစေ ကျွန်တော်တို့လဲ ဆက်မနေရဲသဖြင့် နောက်တစ်နေ့တွင် လူထွက်လိုက်လေတော့သည်။ ဘုရား ပစ္စည်း သံဃာ ပစ္စည်းကို ထိရဲသူတို့သည် သေလွန်ပြီးလေသော်လည်း ငရဲခံရပြီး ဝဋ်ကြွေးကိုလဲ အကျေဆပ်နေရလေတော့ပေသည်။ကြောက်စရာ သံဝေဂတစ်ခု လဲရခဲ့ရပေးတော့လေသည်။သံဃာပစ္စည်းအဆိပ်သီးဟုလည်းကျွန်တော်တွေးမိပါတော့သည်။ဖြစ်ရပ်မှန်လေးတစ်ခုအားအခြေခံ၍ရေးထားခြင်းဖြစ်သည်။လိုအပ်သည်များကို တိကျစွာ ထောက်ပြဝေဖန်ပေးပါရန်စာဖတ်သူများအားမေတ္တာရပ်ခံကာ
ကြိုးစားလျက်
ယွန်းပိုးဖြူ
ဇာတ်အိမ်နှင့်ပုံကို လုပ်ပေးခဲ့သောအကို ဒိုး အင်း သားလေး အားအထူးကျေးဇူးတင်ပါတယ်
ကြိုးစားလျက်
ယွန်းပိုးဖြူ
ဇာတ်အိမ်နှင့်ပုံကို လုပ်ပေးခဲ့သောအကို ဒိုး အင်း သားလေး အားအထူးကျေးဇူးတင်ပါတယ်
Credit – Yøøń Pøé Phýú / facebook
0 comments :
Post a Comment