တက္ကသိုလ်ဝင်တန်း ရမှတ် ၃၅၀ နှင့် ၄၀၀ အကြား ရရှိသော ကျောင်းသား၊ ကျောင်းသူများ ကွန်ပျူတာတက္ကသိုလ်များသို့ လျှောက်ထားနိုင်


၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်  ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် ကွန်ပျူတာတက္ကသိုလ် များသို့ တက်ရောက်လိုပါက တက္ကသိုလ်ဝင်တန်း စုစုပေါင်းရမှတ် ၃၅၀ နှင့် ၄၀၀ အကြား ရရှိပါက လျှောက်ထားနိုင်မည်ဖြစ်သည်။
ကွန်ပျူတာတက္ကသိုလ် များအနေဖြင့် ၀င်ခွင့်ပေးရာတွင် ကျား/မ အချိုး ခွဲခြားထားခြင်းမရှိဘဲ တက္ကသိုလ်ဝင်တန်း ရမှတ်ဖြင့်သာ ၀င်ခွင့်ပေးသွားမည်ဖြစ်ကြောင်း တစ်နိုင်ငံလုံးအသီးသီးမှ အောင်မြင်သော သူများ အားလုံး လျှောက်ထားနိုင်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။
တောင်ကြီး ကွန်ပျူတာ တက္ကသိုလ် မှာ တက်ချင်တယ်ဆိုရင်တော့ တောင်ကြီးကွန်ပျူတာတက္ကသိုလ်ကို ပထမဦးစီးပေးနေရာကနေ လျှောက်ထားရမှာပါ။ မနှစ်ကအထိ ကွန်ပျူတာတက္ကသိုလ် တွေရဲ့ အမှတ် တွေက အခုသတ်မှတ်တဲ့ အမှတ်ထက် ပိုမြင့်ပါတယ်။ အခုအမှတ်ကို တရားသေသတ်မှတ်ပြီး ခေါ်တာထက် အခွင့်အလမ်းပိုများအောင် အမှတ် ၃၅၀ နှင့် ၄၀၀ အကြား ၃၆၀ လောက် ရှိပြီဆိုရင် လျှောက်လို့ရအောင် လုပ်ပေးထားပါတယ်။

ကွန်ပျူတာတက္ကသိုလ်များတွင် ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာဘွဲ့သင်တန်း များကို သင်ကြားပို့ချမည်ဖြစ်ပြီး B.C.Sc/B.C.Tech ဘွဲ့ရရှိကာ ထူးချွန်စွာအောင်မြင်ပါက သတ်မှတ်ထားသော တက္ကသိုလ် များတွင် မဟာဘွဲ့နှင့် ပါရဂူဘွဲ့များအထိ အဆင့်ဆင့်တက်နိုင်မည်ဖြစ်သည်။

ကွန်ပျူတာတက္ကသိုလ် များသို့ လျှောက်ထားမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတက်ရောက်လိုသော ကွန်ပျူတာတက္ကသိုလ် အမည်နှင့် မြို့အမည်များကို အစဉ်လိုက်ရေးသား လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

အဆင့်မြင့် ကွန်ပျူတာတက္ကသိုလ် တစ်ခုဖြစ်သည့် မန္တလေးကွန်ပျူတာ တက္ကသိုလ်သည် ယခင်နှစ်အတိုင်း တက္ကသိုလ်ဝင်တန်းရမှတ် ၄၂၀ နှင့်အထက် ရရှိသူများအား ၀င်ခွင့်ပေးမည်ဖြစ်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကွန်ပျူတာတက္ကသိုလ် ၂၅ ခု ရှိပြီး ကျောင်းသား၊ ကျောင်းသူ သုံးသောင်းကျော် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်း များနှင့် ပုဂ္ဂလိက တက္ကသိုလ် များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...