အာသာဖြေနေစဉ် သေဆုံးခဲ့တယ်လို့ ယူဆခံထားရတဲ့ နှစ်ထောင်ချီက အလောင်းတစ်ခု


အီတလီနိုင်ငံတောင်ပိုင်း Campania ပြည်နယ်က၊ ရှေးဟောင်းသမိုင်းဝင် Pompeii မြို့လေးအကြောင်း ကြားဖူးကြမယ် ထင်ပါတယ်။ မကြားဖူးသေးဘူးဆိုရင်လည်း အဲဒီမြို့အကြောင်း အနည်းငယ် ရှင်းပြပါ့မယ်။ Pompeii မြို့ဟာ  လွန်ခဲ့တဲ့ AD 79 တုန်းက Vesuvius အမည်ရ မီးတောင်ပေါက်ကွဲမှုအောက်မှာ တစ်မြို့လုံး ကပ်ဆိုးကျရောက်ခဲ့ရတဲ့ မြို့ကလေးပါ။
Vesuvius မီးတောင်ဟာ ညအချိန်မှာ ကြီးမားစွာ ပေါက်ကွဲခဲ့ပြီး၊ နာရီပိုင်းအတွင်း အိပ်မောကျနေတဲ့ Pompeii မြို့တစ်ခုလုံးကို ရဲရဲတောက်ချော်ရည်တွေနဲ့ ၀ါးမျိုခဲ့ပါတယ်။ သမိုင်းမှတ်တမ်းမှာတော့ မြို့သားအားလုံး အသက်အန္တရာယ် လွတ်ကင်းသူ မရှိသလောက်ပဲလို့ ဆိုပါတယ်။ အဆိုပါ Pompeii မြို့ပျက်လေးဟာ နှောင်းခေတ်မှာတော့ ရှေးဟောင်းသုတေသီတွေရဲ့ သုတေသနလုပ်ငန်း၊ တူးဖော်ရေးလုပ်ငန်းတွေတည်ရှိရာ ဖြစ်လာခဲ့ပါတယ်။
လက်တလော တူးဖော်တွေ့ရှိခဲ့ရတဲ့ အလောင်းတစ်ခုကတော့ ထူးခြားပါတယ်။ သေဆုံသူရဲ့ အလောင်းဟာ ချော်ရည်ကြောင့်ဖြစ်တဲ့ ကျောက်တွေကြားမှာ မဖွယ်မရာကို ကိုင်ထားတယ်လို့ ယူဆရပါတယ်။ သိပ္ပံပညာရှင်အများကလည်း ဒီလူရဲ့ သေပုံက ထူးဆန်းနေလို့ တော်တော်လေး စိတ်ဝင်စားနေပါတယ်။ သူဟာ တစ်မြိ့လုံး အိပ်မောကျနေချိန်မှာ တစ်ကိုယ်ရေ အာသာဖြေရင်း နိုးနေတဲ့သူလား၊ နိုးနေရက်နဲ့ အာသာဖြေနေစဉ်၊ အသက်ဆုံးရှုံးရတာလားဆိုတာ စိတ်ဝင်စားစရာပါ။
ဒီလူရဲ့အလောင်းပုံဟာ တွစ်တာမှာ အလွန်ရေပန်းစားသွားပြီး၊ ပညာရှင်တော်တော်များများကလည်း အများပြည်သူ ယူဆထားချက်နဲ့ ကိုက်ညီနေပါတယ်။ မီးတောင်နဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့ ဘူမိပညာရှင် Pier Paolo Petrone က ” သူ ဘာလုပ်နေရင်း သေဆုံးသွားတယ်ဆိုတာ ထင်ရှားပါတယ် … သူဟာ ပူလောင်လှတဲ့  ချော်ရည်ကြောင့် ဘာမှ ပြင်ဆင်ချိန် မရလိုက်ပေမယ့်၊ သူရဲ့နော်ကဆုံးထွက်သက်က သူလုပ်ချင်လာလေးကိုတော့ လုပ်သွားခွင့် ရတယ်လို့ မြင်တယ် .. သူက အရွယ်ရောက်ပြီးသား အမျိုးသားတစ်ဦးပါ … “လို့ ပြောခဲ့ပါတယ်။
Pompeii မြို့လေးမှာ တွေ့ရှိ တူးဖော်ရသမျှ အလောင်းတွေဟာ သာမန်အားဖြင့် ထူးခြားနေတဲ့ အလောင်းတွေ ဖြစ်ကြပြီး၊ မီးတောင်ချော်ရည်ရဲ့အပူရှိန်အောက်မှာ သေဆုံးကြရသူများဖြစ်လို့ တစ်ခြားသူတွေလို ခန္ဓာကိုယ်အနေအထား၊ တောင့်တောင့်တင်းတင်းနဲ့ သေဆုံးခဲ့ရတာတော့ မဟုတ်ပါဘူး။
လွန်ကဲလှတဲ့ အပူရှိန်ကြောင့် တွန့်လိမ်ကောက်ကွေးပြီမှ သေဆုံးရပြီး၊ အင်္ဂတေမံထားသလို ဖြစ်သွားရတဲ့ အလောင်းတွေမို့၊ ဒီလူဟာ အာသာဖြေရင်း သေဆုံးခဲ့ရတယ်လို့တော့ တထစ်ချမှတ်ယူလို့ မရဘူးလို့ ပညာရှင်တစ်ဦးက သုံးသပ်ထားပါတယ်။
လင်းဇော်ကို (Shwemom)
source : metro.co.uk

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...