ထိတ်လန့်စရာအကောင်းဆုံး စုံတွဲ ဓာတ်ပုံတစ်ပုံရဲ့ နောက်ကွယ်က ပဟေဠိ


andy (@extracis)လို့ အမည်ရတဲ့ တွစ်တာ အကောင့်ပိုင်ရှင်ဟာ သူနဲ့ သူ့ရဲ့ချစ်သူဓာတ်ပုံကို တွစ်တာပေါ်မှာ ဖြန့်ဝေခဲ့
ပါတယ်။ ပထမတော့ အဲဒီဓာတ်ပုံဟာ သာမန်လို့ ထင်ရပေမယ့် ဓာတ်ပုံကို သေချာကြည့်လိုက်တဲ့အခါမှာ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းကို မြင်လိုက်ရပါတယ်။
andy (@extracis) က ” ကျနော့်ကောင်မလေးကို ချစ်တယ် … သူမက မေထုန်ရာသီဖွား ဖြစ်နေရင်တောင်မှ”လို့ ရေး သားက ဓာတ်ပုံကို မျှဝေခဲ့တာပါ။ ဒါပေမယ့် သေချာစူးစူးစိုက်စိုက် ကြည့်လိုက်တဲ့အခါ နောက်မှာရှိတဲ့ မှန်ထဲမှာ သူ့ချစ်သူ
က ကျောပေးအနေအထား ဖြစ်ရမယ့်အစား၊ မှန်သေးသေးလေးထဲကို တည့်တည့်ကြည့်နေတာကို အသည်းယားဖွယ်ရာ မြင်တွေ့ရမှာပါ။
ဒီအချင်းအရာကို အရင်ဆုံးသတိထားမိပြီး Reply လုပ်တဲ့ တွတ်တာအကောင့်ပိုင်ရှင်ကတော့ G (@CLOROCKSS) အမည်ရ အမျိုးသမီးဖြစ်ပြီး၊ ပုံကို Crop လုပ်ကာ ” ဘယ်လိုဖြစ်တာလဲ “လို့ မေးထားပါတယ်။ အဲဒီမှာမှ တစ်ခြားသူတွေ လည်း သတိထားမိသွားပြီး ပုံနဲ့ပတ်သက်တဲ့ ထင်မြင်ချက်တွေ အမျိုးမျိုး ရေးသားခဲ့ပါတယ်။
တစ်ယောက်ကတော့ ” တကယ် ကြောက်စရာ ကြီးပါလား “လို့ ရေးသားခဲ့ပါတယ်။ အခြားတစ်ယောက်ကလည်း ” ဘယ်လိုလုပ် မှန်ထဲက ပုံနဲ့ တူနေရတာလဲ “ဆိုပြီး ရေးသားခဲ့ပါတယ်။ ဒါပေမယ့် တစ်ချို့ကတော့ ကျကျနန Edit လုပ်ထားတဲ့ ဓာတ်ပုံလို့ ဝေဖန်နေကြသလို၊ တစ်ချို့ကတော့ ဒါဟာ အလင်းပြန်မှု သက်သက်လို့ ဆိုပါတယ်။
အလင်းပြန်မှုဆိုတဲ့ ထင်မြင်ချက်ကတော့ ဖြစ်နိုင်ချေနည်းတယ်လို့ အခြားတစ်ယောက်က ထောက်ပြခဲ့ပြီး၊ သူကပဲ ”
မေထုန်ရာသီဖွား Geminis ဆိုတာ Two-faced မရိုးသားတာ၊မျက်နှာများတာကို ရည်ညွှန်းပုံရကြောင်း” ရေသား
ခဲ့ပါတယ်။

နတ်စည်တော် (Shwemom)

source : thesun.co.uk


Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...