ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို နယ၊် မြိုမတစ်ရပ်ကွတ်တွင်နေထိုင်သူ ကိုဇော်မင်း မလီိုင်လှိုင်၏သား မောင်ထူးအောင် ခ ထူးထူးအောင် အသက် ၁၉ နှစ် နှင့် မောင်ဝေဠုကျော် အသက် ၁၈ နှစ်တို့သည် (၁၄.၁.၂၀၁၇)ရက် စနေနေ့တွင် လှိုင်သာယာမြို့နယ်မှဒလမြို့သို့ပြန်လာစဉ်
တာကြီးကျောင်းစုယာဉ်ထိန်းရုံးအနီး ဆ်ုင်ကယ်စီးဦးထုပ်မဆောင်းဘဲ မောင်းနှင်သူများအား ဖမ်းနေသည်ကိုမြင်၍
၎င်းတို့စီးလာသည့်ဆိုင်ကိုယ်ကို ပြန်လှည့်လာစဉ် ဆောင်းကဖီးဆိုင်ရှေ့အရောက် ယဉ်ထိန်းရဲ အောင်ထက်ပိုင်ဦးက နံပါတ်တုတ်ဖြင့်ထွက်ရိုက်သဖြင့် ဆိုင်ကယ်အနောက်မှစီးနင်းလာသော မောင်ထူးအောင်အားရိုက်မိကာ
ရှေ့သို့ထိုးကျသွားပြီး ဆိုင်ကယ်လည်း မှောက်သွားကြောင်း၊ ဆိုင်ကယ်မောင်းနှင်သူ ဝေဠုကျော်၏ဦးခေါင်းကွဲသွားပြီး
တုတ်ဖြင့်ရိုက်ခံရပြီးပြုတ်ကျသွားသူ မောင်ထူးအောင်မှာ သတိပြန်မလည်လာတော့ကြောင်း..
တာဝန်သိပြည်သူများကလိုက်လာပြီး
ရန်ကုန်အရေးပေါ်ဌာနသို့ပို့ပေးကာ မိဘများထံသို့ ဖုန်းဆက်အကြောင်းကြားသဖြင့်
မိဘများက ဆေးရုံသို့လိုက်သွားခဲ့ကြောင်း၊
မောင်ထူးအောင်အား ဓာတ်မှန်ရိုက်ရာ
၇၀ ရာခိုင်နှုန်း မကောင်းတော့ပါဘူးဟု ပြောကြောင်း၊ အောက်စီဂျင်ပေးနေရင်း
(၁၆.၁.၂၀၁၇) နေ့လည် (၁၁း၅၀)တွင် ဆေးရုံ၌ကွယ်လွန်သွားကြောင်းသိရသည်။
ဆိုင်ကယ်မောင်းနှင်သူ မောင်ဝေဋ္ဌုကျော်မှာ ခေါင်း၌ ၃ ချက် ချုပ်ရပြီး အာမခံဖြင့်ပြန်လွှတ်ပေးကာ
ရိုက်နှက်သူယဉ်ထိန်းရဲက မောင်ဝေဠုကျော်အား ပုဒ်မ ၂၇၉.၃၃၇.၃၃၈ ဖြင့် တရားစွဲထားပြီး မောင်ထူးအောင် သေဆုံးသွားသောအခါ
ပုဒ်မ ၃၀၄ ဖြင့် စွဲချက်ပြန်တင်ထားကြောင်း၊ သေဆုံးသူ မောင်ထူးအောင်၏ ဖခင်သည် ၎င်း၏သားဖြစ်သူမှာ ယာဉ်ထိန်းရဲက တုတ်ဖြင့်ရိုက်သဖြင့် ဆိုင်ကယ်နောက်မှပြုတ်ကျပြီး သေဆုံးသွားရခြင်းဖြစ်ကြောင်းကို မျက်မြင်သက်သေများစွာ
ရှိသောကြောင့် ဒလမြို့နယ်ရဲစခန်းသို့ သွားရောက်အမှုဖွင့်သောအခါ
ယာဉ်ထိန်းရဲက အမှုဖွင့်ထားသဖြင့် သေးဆုံးသူဘက်မှ အမှုဖွင့်၍ မရဟု ပြောကြောင်းသိရသည်။
အသက်အန္တရာယ်ကင်းရှင်းစေရန် ဆိုင်ကယ်စီးနင်းသူများအား ဦးထုပ်ဆောင်းစေရန် ပညာပေးခြင်းနှင့် လိုက်နာခြင်းမရှိသူများအား အရေးယူခြင်းပြုရန် ဥပဒေပြဌာန်ုးထားသည်ကို အခွင့်အရေးယူလျှက် မလျော်ကန်စွာဖြင့် တုတ်ဖြင့်ရိုက်ဖမ်းခြင်းကြောင့် ဆိုင်ကယ်မှောက်၍ အသက်သေဆုံးသည်အထိဖြစ်စေရခြင်း၊ ယာဉ်ထိန်းရဲ၏မဆင်မခြင် ရမ်းကားရိုက်နှက် ဖမ်းဆီးခြင်းကြောင့် ဆိုင်ကယ်မှောက်ပြီး အရိုက်ခံရသူမှာ အသက်သေဆုံးရသည်ကို ဆိုင်ကယ်မောင်းသူလူငယ်အပေါ် အပြစ်ပုံချရန်ကြိုးစားခြင်းသည် လုပ်ကိုင်ခွင့်တာဝန်ကို အသုံးချပြီး တရားဥပဒေကို ချိုးဖောက်ခြင်းသာဖြစ်သည်။
ယာဉ်ထိန်းဖြစ်သူ အောင်ထက်ပိုင်ဦး၏ မဆင်မခြင်ရမ်းကားမှုကြောင့် လူငယ်တစ်ဦးမှာ အသက်ဆုံးရှုံးလိုက်ရပြီး ကျန်လူငယ်တစ်ဦးမှာလည်း မလျော်ကန်သောပုဒ်မဖြင့် တရားစွဲဆိုခံရခြင်းသည် တပ်ဖွဲ့အပေါ် ပြည်သူလူထု၏ ယုံကြည်လေးစားမှုပပျောက်စေသည့်အတွက် အမှုမှန်အတိုင်းသာဖြစ်စေရန် အထူးလိုအပ်ပါကြောင်း....
Source: Crime Case
0 comments :
Post a Comment