ေရခဲတိုက္ထဲမွကေလးအေလာင္းေပ်ာက္ဆံုးေန


စိတ္ပူေနရတဲ့ မိဘေတြအတြက္ ဆံုး​ေအာင္​ဖတ္​​ေပးပါ
၂၅.၇.၂၀၁၇ ရက္ ရန္ကင္းခေလးေဆးရံု ပထမထပ္ အထူးၾကပ္မတ္ေဆာင္တြင္ ေဆးကုသမႈခံယူစဥ္ ကြ်န္မ၏ တူေလး ေဇာ္ဆြတ္ေအာင္ (၄)လသားအရြယ္ သည္ ည ၁၀ နာရီခန္႔တြင္ေသဆံုးသြားပါသည္။
ေသဆံုးသြားေသာအခါကေလးအား ရန္ကင္းေဆးရံုအေနာက္ဖက္ရွိေရခဲတိုက္သို႔ ပို႔ေဆာင္ရမည္ဟုေျပာၾကားၿပီး ခေလးအားလာေရာက္ေခၚေဆာင္သြားပါသည္။
ကြ်န္မတို႔က နယ္မွလာေသာေၾကာင့္ ခေလးအား ေရခဲတိုက္တြင္ ယံုၾကည္စြာ အပ္ႏွံခဲ့ပါသည္။ ေရခဲတိုက္မွတာဝန္ရွိေသာ လူႀကီးမ်ားလည္းရွိၾကၿပီး ကေလးကို ယံုၾကည္စိတ္ခ်စြာ ၃ ရက္ ၄ ရက္ ေလာက္ထားႏိုင္ေၾကာင္းေျပာဆို၍ ကြ်န္မတို႔လည္း ညနက္ေနၿပီျဖစ္ေသာေၾကာင့္ ေနာက္တေန႔တြင္ျပန္လာမည္ဟုေျပာၿပီး ကေလးအား ရန္ကင္းအေအးခန္း၌ ထားခဲ့ၿပီး ည ၁ နာရီေက်ာ္ခန္႔တြင္ျပန္လာပါသည္။
ေနာက္ေန႔တြင္ ခရစ္ယာန္ထံုးတမ္းအစဥ္အလာအရ ေရေဝး၌ ဂူသြင္း သၿဂိဳလ္မည္ျဖစ္ရာ ေသစာရင္းလိုအပ္သျဖင့္ ၂၆.၇.၂၀၁၇ ရက္ေန႔ ေန႔လည္ ၁၁:၀၀ ခန္႔၌ ရန္ကင္း ခေလးေဆးရံု အေအးခန္းသို႔ ေနာက္တေခါက္ ေသစာရင္း သြားေတာင္းရာ မူရင္းအား ကေလးအေလာင္းထုတ္မွ ေပးမည္ဟုဆိုကာ မိတၱဴကိုသာ ေပးခဲ့ပါသည္။၂၇.၇.၂၀၁၇ ရက္ေန႔တြင္ ကေလးအားေရေဝးသုသာန္သို႔ ပို႔ေဆာင္မည္ျဖစ္ေသာေၾကာင့္ နံနက္ ၈ နာရီခန္႔တြင္ သြားေရာက္ထုတ္ယူရာ ကေလးအေလာင္းေပ်ာက္ေနပါသည္။
တာဝန္က်သူမ်ားအားေမး ေသာအခါ ေတာင္ေျပာေျမာက္ေျပာ လိမ္လည္ေျပာဆိုေနပါသည္။ အမွန္မေျဖေပးၾကပါ။ ကြ်န္မတို႔သိရွိနားလည္သည္မွာကေလးေသစာရင္းကိုမိဘမ်ားလာထုတ္ယူမွေသစာရင္းႏွင့္တိုက္ဆိုင္စစ္ေဆးၿပီးမွ ထုတ္ေပးပိုင္ခြင့္ရွိသည္ကို သိရွိိထားပါသည္။ ယခုလာေရာက္ထုတ္ယူေသာအခါ ေသစာရင္းမူရင္းသာရွိၿပီးအေလာင္းမရွိေပ်ာက္ေနပါသည္။ ရန္ကင္းကေလးေဆးရံုက မည္သူမွာတာဝန္ရွိသလဲ။ အၾကံဉာဏ္ ေပးၾကပါ။မိဘမ်ား ဝမ္းနည္းပူေဆြးေနၾကၿပီ
crd

ZN.H

Unicode

စိတ်ပူနေရတဲ့ မိဘတွေအတွက် ဆုံး​အောင်​ဖတ်​​ပေးပါ

၂၅.၇.၂၀၁၇ ရက် ရန်ကင်းခလေးဆေးရုံ ပထမထပ် အထူးကြပ်မတ်ဆောင်တွင် ဆေးကုသမှုခံယူစဉ် ကျွန်မ၏ တူလေး ဇော်ဆွတ်အောင် (၄)လသားအရွယ် သည် ည ၁၀ နာရီခန့်တွင်သေဆုံးသွားပါသည်။

သေဆုံးသွားသောအခါကလေးအား ရန်ကင်းဆေးရုံအနောက်ဖက်ရှိရေခဲတိုက်သို့ ပို့ဆောင်ရမည်ဟုပြောကြားပြီး ခလေးအားလာရောက်ခေါ်ဆောင်သွားပါသည်။

ကျွန်မတို့က နယ်မှလာသောကြောင့် ခလေးအား ရေခဲတိုက်တွင် ယုံကြည်စွာ အပ်နှံခဲ့ပါသည်။ ရေခဲတိုက်မှတာဝန်ရှိသော လူကြီးများလည်းရှိကြပြီး ကလေးကို ယုံကြည်စိတ်ချစွာ ၃ ရက် ၄ ရက် လောက်ထားနိုင်ကြောင်းပြောဆို၍ ကျွန်မတို့လည်း ညနက်နေပြီဖြစ်သောကြောင့် နောက်တနေ့တွင်ပြန်လာမည်ဟုပြောပြီး ကလေးအား ရန်ကင်းအအေးခန်း၌ ထားခဲ့ပြီး ည ၁ နာရီကျော်ခန့်တွင်ပြန်လာပါသည်။

နောက်နေ့တွင် ခရစ်ယာန်ထုံးတမ်းအစဉ်အလာအရ ရေဝေး၌ ဂူသွင်း သဂြိုလ်မည်ဖြစ်ရာ သေစာရင်းလိုအပ်သဖြင့် ၂၆.၇.၂၀၁၇ ရက်နေ့ နေ့လည် ၁၁:၀၀ ခန့်၌ ရန်ကင်း ခလေးဆေးရုံ အအေးခန်းသို့ နောက်တခေါက် သေစာရင်း သွားတောင်းရာ မူရင်းအား ကလေးအလောင်းထုတ်မှ ပေးမည်ဟုဆိုကာ မိတ္တူကိုသာ ပေးခဲ့ပါသည်။၂၇.၇.၂၀၁၇ ရက်နေ့တွင် ကလေးအားရေဝေးသုသာန်သို့ ပို့ဆောင်မည်ဖြစ်သောကြောင့် နံနက် ၈ နာရီခန့်တွင် သွားရောက်ထုတ်ယူရာ ကလေးအလောင်းပျောက်နေပါသည်။

တာဝန်ကျသူများအားမေး သောအခါ တောင်ပြောမြောက်ပြော လိမ်လည်ပြောဆိုနေပါသည်။ အမှန်မဖြေပေးကြပါ။ ကျွန်မတို့သိရှိနားလည်သည်မှာကလေးသေစာရင်းကိုမိဘများလာထုတ်ယူမှသေစာရင်းနှင့်တိုက်ဆိုင်စစ်ဆေးပြီးမှ ထုတ်ပေးပိုင်ခွင့်ရှိသည်ကို သိရှိိထားပါသည်။ ယခုလာရောက်ထုတ်ယူသောအခါ သေစာရင်းမူရင်းသာရှိပြီးအလောင်းမရှိပျောက်နေပါသည်။ ရန်ကင်းကလေးဆေးရုံက မည်သူမှာတာဝန်ရှိသလဲ။ အကြံဉာဏ် ပေးကြပါ။မိဘများ ဝမ်းနည်းပူဆွေးနေကြပြီ
crd

ZN.H

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...