အၿငိမ္းစား ဒုဗိုလ္မွဴးႀကီး၏ ေနအိမ္တြင္ ႏွိပ္စက္ခံရသည့္ အိမ္အကူ မိန္းကေလး ထပ္မံ မုဒိန္းက်င္႔ ခံရ


အၿငိမ္းစား ဒုဗိုလ္မွဴးႀကီး၏ ေနအိမ္တြင္ သြား ၆ ေခ်ာင္းက်ိဳးသည္အထိ ရိုက္ႏွက္ခံရၿပီး ခႏၶာကိုယ္ တြင္လည္း ဒဏ္ရာမ်ားရေအာင္ ရိုက္ႏွက္ႏွိပ္စက္ခံရသျဖင့္ အိမ္ရွင္မ်ားကို တရားစြဲဆိုထားသည့္ အိမ္အကူ မိန္းကေလးငယ္သည္ ရန္ကုန္သို႔ တရားရင္ဆိုင္ရန္ လာေရာက္စဥ္ ရက္ ၂၀ ေက်ာ္ ေပ်ာက္ဆုံးသြားရာမွ ျပန္လည္ ေတြ႕ရွိၿပီျဖစ္ေသာ္လည္း ေပ်ာက္ဆုံးစဥ္ အဓမၼ ျပဳက်င့္ျခင္းပါ ခံခဲ့ရသျဖင့္ ၎အမႈကို ရန္ကုန္တိုင္း ရဲတပ္ဖြဲ႕က တိုက္ရိုက္ ကိုင္တြယ္ စစ္ေဆးေတာ့မည္ ျဖစ္ေၾကာင္း သိရသည္။

အမႈအား လိုက္ပါကူညီေပးေနသည့္ ျမန္မာနိုင္ငံ ေရွ႕ေနကြန္ရက္မွ တရားလႊတ္ေတာ္ ေရွ႕ေန ဦးေရာဘတ္စန္းေအာင္ က “အမႈကို ရန္ကုန္တိုင္း ရဲတပ္ဖြဲ႕က ဒုတိယရဲမႉးႀကီး ဦးျမင့္ေထြးတို႔ ကိုယ္တိုင္ တိုက္ရိုက္ ကိုင္တြယ္ပါမယ္။အခုပဲ ကေလးမေလးကို ရဲတပ္ဖြဲ႕နဲ႕ သြားၿပီး ေတြ႕ခိုင္းပါမယ္။ လက္ရွိ သူရဲ႕ ရင္ဆိုင္ေနဆဲ အမႈကိုလည္း ကူညီေနပါတယ္။ အဓိက ျပႆနာက အိမ္ရွင္အိမ္ငွားနဲ႕ဆိုင္တဲ့ ဥပေဒဆိုင္ရာ သီးျခားျပ႒ာန္းခ်က္မရွိေတာ့ ျပႆနာေတြက ျဖစ္တယ္။ လႊတ္ေတာ္မွာ အေရးႀကီး အဆို တင္သြင္းသင့္တာ” ဟု ေျပာသည္။


အဆိုပါ မိန္းကေလးအား ဓားေထာက္ေခၚေဆာင္ကာ ရက္အတန္ၾကာ ခ်ဳပ္ေႏွာင္ခဲ့ၿပီး အဓမၼျပဳက်င့္ခဲ့သူကို ဖမ္းဆီးနိုင္ရန္ ရဲတပ္ဖြဲ႕ႏွင့္ အတူ လုပ္ေဆာင္ေနေၾကာင္း၊ အိမ္ရွင္ကို တရားစြဲဆိုထားသျဖင့္ မရမ္းကုန္းၿမိဳ႕နယ္တြင္ ရင္ဆိုင္ေနဆဲ အမႈလည္း ရွိေနၿပီး ကာယကံရွင္မိသားစုမွာ ဆင္းရဲႏြမ္းပါးသည့္အတြက္ အကူအညီမ်ား ေပးေနေၾကာင္း ျမန္မာနိုင္ငံ ေရွ႕ေန ကြန္ရက္မွ သိရသည္။

ျဖစ္စဥ္မွာ မႏၲေလးတိုင္းေဒသႀကီး ျမစ္သားၿမိဳ႕နယ္ေန အသက္ ၁၄ ႏွစ္အ႐ြယ္ရွိ မနန္းမို႔မို႔ေအးသည္ ရန္ကုန္ၿမိဳ႕ မရမ္းကုန္းၿမိဳ႕နယ္ မင္းဓမၼလမ္း ေ႐ႊကမာၻအိမ္ရာဝန္းတြင္ ေနထိုင္သည့္ အၿငိမ္းစားဒုဗိုလ္မႉးႀကီးေနအိမ္တြင္ ၂၀၁၇ ခုႏွစ္ အစပိုင္းကာလ အထိ ၁ ႏွစ္ေက်ာ္ၾကာ အိမ္အကူ အျဖစ္ အလုပ္ လုပ္ကိုင္ခဲ့ေၾကာင္း၊ သံတုတ္ျဖင့္ရိုက္ျခင္း၊ ဒယ္အိုးျဖင့္ ထုျခင္း၊ ႏွိပ္စက္ညွင္းပန္းခံရမႈေၾကာင့္ ၎အိမ္ရွင္ လင္မယားကို တရားစြဲဆိုထားသည္။

ၿပီးခဲ့သည့္ ဇူလိုင္ ၄ ရက္ေန႕က ယင္းအမႈ ႐ုံးခ်ိန္းကို လာေရာက္စဥ္ ေအာင္မဂၤလာ အေဝးေျပးဝင္း အနီးတြင္ ေဇကမာၻ ဘုရားတြင္ အုပ္ထိန္းသူမ်ားႏွင့္ ရွိေနခဲ့ ေသာ္လည္း လူအလစ္တြင္ အသက္ ၂၀ ေက်ာ္ လူတဦး၏ ဓားေထာက္ၿခိမ္းေျခာက္ကာ ေခၚယူသြားမႈကိုခံခဲ့ရျခင္း ျဖစ္ေၾကာင္း ကာယကံရွင္က ေျပာသည္။

“ေခၚတာ မလိုက္ရင္ သတ္ပစ္မယ္လို႔ ဓားနဲ႕ ေထာက္ၿပီး ေျပာလို႔ လိုက္သြားတာ။ အဲဒီလူက ပုလဲၿမိဳ႕သစ္ဘက္က လိုင္းခန္းကို ေခၚသြားတာ။ အဓမၼက်င့္ခံရတယ္။ သူ႕ကို ေခၚေခၚေနၾကတာေတာ့ ရဲထြဋ္လို႔လည္း ေခၚတာ ၾကားတယ္။

လူျမင္ရင္လည္း မွတ္မိတယ္။ ေနာက္ေတာ့ အိမ္လည္း ျပန္ခ်င္ေတာ့ ထြက္ေျပးခ်င္တာနဲ႕ အဲဒီနားက မုန႔္ဆိုင္မွာ ကူလုပ္ေပးရင္း မုန႔္ဖိုးရေတာ့ ထြက္ေျပးတယ္။ ၂၅ ရက္ေန႕ေလာက္မွာ အိမ္ျပန္ေရာက္တယ္” ဟု ႏွိပ္စက္ခံခဲ့ရသူ မနန္းမို႔မို႔ေအးက ေျပာသည္။

၎က ဆက္လက္၍ “ ျမစ္သားထိ ကားမစီးတတ္ေတာ့ မႏၲေလးကေန အဆင့္ဆင့္ေမးၿပီး အိမ္ေရာက္သြားတယ္။ သြားေတြ ရိုက္ခ်ိဳးခံရတုန္းက အေပၚသြား ၄ ေခ်ာင္း၊ ေအာက္သြား ၂ ေခ်ာင္းပါ။ စေနာက္မိတာကို အိမ္ရွင္မိန္းမ ေဒၚခင္နန္းတင့္ က တျခားအိမ္အကူတေယာက္ကို င႐ုတ္က်ည္ေပြ႕နဲ႕ ထုခိုင္းတာပါ။ သူ႕ေယာကၤ်ား ဦးေအာင္မင္း ကလည္း မ်က္ႏွာကို ေျခေထာက္နဲ႕ ကန္ပါတယ္။ ဒယ္အိုးေတြနဲ႕ထုပါတယ္။ ပါးေတြ၊ ေက်ာကုန္းေတြလည္း ရိုက္ခံရပါတယ္” ဟု ရွင္းျပသည္။

အိမ္ရွင္ ဒုဗိုလ္မႉးႀကီး လင္မယား၏ ႏွိပ္စက္မႈကို ခံရသူ မနန္းမို႔မို႔ေအးသည္ အိမ္အကူအျဖစ္ ၁ ႏွစ္ ၄ လၾကာ လုပ္ကိုင္ခဲ့ၿပီး အိမ္ရွင္ လင္မယားက သြားမ်ားက်ိဳးေအာင္ ႏွိပ္စက္ၿပီးေနာက္ ျမစ္သားၿမိဳ႕ရွိ ေနအိမ္သို႔ ျပန္ပို႔ခဲ့ေၾကာင္း၊ လက္လုပ္ လက္စား အလုပ္ျဖင့္ စားဝတ္ ေနေရး အတြက္ ႐ုန္းကန္ေနရေသာ မိဘမ်ားက သမီးျဖစ္သူ၏ ဒဏ္ရာမ်ားကို ျမင္ေတြ႕ရာမွ ရဲတပ္ဖြဲ႕သို႔ တိုင္တန္းခဲ့ျခင္း ျဖစ္သည္။

အိမ္အကူ မိန္းကေလးကို အေပၚသြားႏွင့္ ေအာက္သြားမ်ား က်ိဳးထြက္ေအာင္ရိုက္ႏွက္ ႏွိပ္စက္ခဲ့သည္ဟုဆိုကာ တိုင္ၾကား ခံထားရသည့္ အၿငိမ္းစား ဒုဗိုလ္မႉးႀကီးႏွင့္ မိသားစုကို ပုဒ္မ ၃၂၅၊ ၃၂၆၊ ၁၁၄ အရ အမႈဖြင့္ထားၿပီး စစ္ေဆးေနဆဲ အေျခအေနပင္ ရွိေသးေၾကာင္း ဘုရင့္ေနာင္ ၿမိဳ႕မ ရဲစခန္းက အမႈဖြင့္ထားေသာ္လည္း ဆက္လက္ ေဆာင္႐ြက္ေနသည့္ အေျခအေနမ်ားကို မသိရွိရေသးပါ။

ဧရာဝတီ

Unicode

အငြိမ်းစား ဒုဗိုလ်မှူးကြီး၏ နေအိမ်တွင် သွား ၆ ချောင်းကျိုးသည်အထိ ရိုက်နှက်ခံရပြီး ခန္ဓာကိုယ် တွင်လည်း ဒဏ်ရာများရအောင် ရိုက်နှက်နှိပ်စက်ခံရသဖြင့် အိမ်ရှင်များကို တရားစွဲဆိုထားသည့် အိမ်အကူ မိန်းကလေးငယ်သည် ရန်ကုန်သို့ တရားရင်ဆိုင်ရန် လာရောက်စဉ် ရက် ၂၀ ကျော် ပျောက်ဆုံးသွားရာမှ ပြန်လည် တွေ့ရှိပြီဖြစ်သော်လည်း ပျောက်ဆုံးစဉ် အဓမ္မ ပြုကျင့်ခြင်းပါ ခံခဲ့ရသဖြင့် ၎င်းအမှုကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က တိုက်ရိုက် ကိုင်တွယ် စစ်ဆေးတော့မည် ဖြစ်ကြောင်း သိရသည်။

အမှုအား လိုက်ပါကူညီပေးနေသည့် မြန်မာနိုင်ငံ ရှေ့နေကွန်ရက်မှ တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင် က “အမှုကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ဒုတိယရဲမှူးကြီး ဦးမြင့်ထွေးတို့ ကိုယ်တိုင် တိုက်ရိုက် ကိုင်တွယ်ပါမယ်။အခုပဲ ကလေးမလေးကို ရဲတပ်ဖွဲ့နဲ့ သွားပြီး တွေ့ခိုင်းပါမယ်။ လက်ရှိ သူရဲ့ ရင်ဆိုင်နေဆဲ အမှုကိုလည်း ကူညီနေပါတယ်။ အဓိက ပြဿနာက အိမ်ရှင်အိမ်ငှားနဲ့ဆိုင်တဲ့ ဥပဒေဆိုင်ရာ သီးခြားပြဋ္ဌာန်းချက်မရှိတော့ ပြဿနာတွေက ဖြစ်တယ်။ လွှတ်တော်မှာ အရေးကြီး အဆို တင်သွင်းသင့်တာ” ဟု ပြောသည်။

အဆိုပါ မိန်းကလေးအား ဓားထောက်ခေါ်ဆောင်ကာ ရက်အတန်ကြာ ချုပ်နှောင်ခဲ့ပြီး အဓမ္မပြုကျင့်ခဲ့သူကို ဖမ်းဆီးနိုင်ရန် ရဲတပ်ဖွဲ့နှင့် အတူ လုပ်ဆောင်နေကြောင်း၊ အိမ်ရှင်ကို တရားစွဲဆိုထားသဖြင့် မရမ်းကုန်းမြို့နယ်တွင် ရင်ဆိုင်နေဆဲ အမှုလည်း ရှိနေပြီး ကာယကံရှင်မိသားစုမှာ ဆင်းရဲနွမ်းပါးသည့်အတွက် အကူအညီများ ပေးနေကြောင်း မြန်မာနိုင်ငံ ရှေ့နေ ကွန်ရက်မှ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်နေ အသက် ၁၄ နှစ်အရွယ်ရှိ မနန်းမို့မို့အေးသည် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်း ရွှေကမ္ဘာအိမ်ရာဝန်းတွင် နေထိုင်သည့် အငြိမ်းစားဒုဗိုလ်မှူးကြီးနေအိမ်တွင် ၂၀၁၇ ခုနှစ် အစပိုင်းကာလ အထိ ၁ နှစ်ကျော်ကြာ အိမ်အကူ အဖြစ် အလုပ် လုပ်ကိုင်ခဲ့ကြောင်း၊ သံတုတ်ဖြင့်ရိုက်ခြင်း၊ ဒယ်အိုးဖြင့် ထုခြင်း၊ နှိပ်စက်ညှင်းပန်းခံရမှုကြောင့် ၎င်းအိမ်ရှင် လင်မယားကို တရားစွဲဆိုထားသည်။

ပြီးခဲ့သည့် ဇူလိုင် ၄ ရက်နေ့က ယင်းအမှု ရုံးချိန်းကို လာရောက်စဉ် အောင်မင်္ဂလာ အဝေးပြေးဝင်း အနီးတွင် ဇေကမ္ဘာ ဘုရားတွင် အုပ်ထိန်းသူများနှင့် ရှိနေခဲ့ သော်လည်း လူအလစ်တွင် အသက် ၂၀ ကျော် လူတဦး၏ ဓားထောက်ခြိမ်းခြောက်ကာ ခေါ်ယူသွားမှုကိုခံခဲ့ရခြင်း ဖြစ်ကြောင်း ကာယကံရှင်က ပြောသည်။

“ခေါ်တာ မလိုက်ရင် သတ်ပစ်မယ်လို့ ဓားနဲ့ ထောက်ပြီး ပြောလို့ လိုက်သွားတာ။ အဲဒီလူက ပုလဲမြို့သစ်ဘက်က လိုင်းခန်းကို ခေါ်သွားတာ။ အဓမ္မကျင့်ခံရတယ်။ သူ့ကို ခေါ်ခေါ်နေကြတာတော့ ရဲထွဋ်လို့လည်း ခေါ်တာ ကြားတယ်။

လူမြင်ရင်လည်း မှတ်မိတယ်။ နောက်တော့ အိမ်လည်း ပြန်ချင်တော့ ထွက်ပြေးချင်တာနဲ့ အဲဒီနားက မုန့်ဆိုင်မှာ ကူလုပ်ပေးရင်း မုန့်ဖိုးရတော့ ထွက်ပြေးတယ်။ ၂၅ ရက်နေ့လောက်မှာ အိမ်ပြန်ရောက်တယ်” ဟု နှိပ်စက်ခံခဲ့ရသူ မနန်းမို့မို့အေးက ပြောသည်။

၎င်းက ဆက်လက်၍ “ မြစ်သားထိ ကားမစီးတတ်တော့ မန္တလေးကနေ အဆင့်ဆင့်မေးပြီး အိမ်ရောက်သွားတယ်။ သွားတွေ ရိုက်ချိုးခံရတုန်းက အပေါ်သွား ၄ ချောင်း၊ အောက်သွား ၂ ချောင်းပါ။ စနောက်မိတာကို အိမ်ရှင်မိန်းမ ဒေါ်ခင်နန်းတင့် က တခြားအိမ်အကူတယောက်ကို ငရုတ်ကျည်ပွေ့နဲ့ ထုခိုင်းတာပါ။ သူ့ယောင်္ကျား ဦးအောင်မင်း ကလည်း မျက်နှာကို ခြေထောက်နဲ့ ကန်ပါတယ်။ ဒယ်အိုးတွေနဲ့ထုပါတယ်။ ပါးတွေ၊ ကျောကုန်းတွေလည်း ရိုက်ခံရပါတယ်” ဟု ရှင်းပြသည်။

အိမ်ရှင် ဒုဗိုလ်မှူးကြီး လင်မယား၏ နှိပ်စက်မှုကို ခံရသူ မနန်းမို့မို့အေးသည် အိမ်အကူအဖြစ် ၁ နှစ် ၄ လကြာ လုပ်ကိုင်ခဲ့ပြီး အိမ်ရှင် လင်မယားက သွားများကျိုးအောင် နှိပ်စက်ပြီးနောက် မြစ်သားမြို့ရှိ နေအိမ်သို့ ပြန်ပို့ခဲ့ကြောင်း၊ လက်လုပ် လက်စား အလုပ်ဖြင့် စားဝတ် နေရေး အတွက် ရုန်းကန်နေရသော မိဘများက သမီးဖြစ်သူ၏ ဒဏ်ရာများကို မြင်တွေ့ရာမှ ရဲတပ်ဖွဲ့သို့ တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

အိမ်အကူ မိန်းကလေးကို အပေါ်သွားနှင့် အောက်သွားများ ကျိုးထွက်အောင်ရိုက်နှက် နှိပ်စက်ခဲ့သည်ဟုဆိုကာ တိုင်ကြား ခံထားရသည့် အငြိမ်းစား ဒုဗိုလ်မှူးကြီးနှင့် မိသားစုကို ပုဒ်မ ၃၂၅၊ ၃၂၆၊ ၁၁၄ အရ အမှုဖွင့်ထားပြီး စစ်ဆေးနေဆဲ အခြေအနေပင် ရှိသေးကြောင်း ဘုရင့်နောင် မြို့မ ရဲစခန်းက အမှုဖွင့်ထားသော်လည်း ဆက်လက် ဆောင်ရွက်နေသည့် အခြေအနေများကို မသိရှိရသေးပါ။

ဧရာဝတီ

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...