စိတ္မခိုင္လို႔ မၾကည့္ျဖစ္ရင္ေတာင္ ရွဲေပးသင့္တဲ့ ရင္နင့္စရာ မိဘမဲ့....။
လူ႔ျပည္က အပ္တစ္စင္း ျဗမၼာျပည္ကအပ္တစ္စင္း
ဆံုေတြ႕ဖို႔ လြယ္ရင္ လြယ္မယ္
လူျဖစ္ဖို႔ ခဲရင္းတယ္ တဲ့
ဒီတရားေတြက ကြၽန္ေတာ့ႏွလံုးသားထဲ စဲြေနခဲ့ၿပီ ေလ
မိဘလို႔သာ ေတာ္စပ္ခဲ့ၿပီး
ေခၚခြင့္မထိုက္ခဲ့တဲ့ ကြၽန္ေတာ္လို ေကာင္က
အတိတ္ ဝဋ္ေႂကြးကိုပဲ အျပစ္ဖို႔ရမလား
အသက္တစ္ေခ်ာင္းအတြက္
လူျဖစ္ခြင့္ေပးခဲ့တဲ့ အေမ အေဖ ဆိုတဲ့
ပုဂိၢဳလ္ႀကီးေတြကိုပဲ ေက်းဇူးတင္ရမလား...
သူငယ္ခ်င္း တစ္ခ်ိဳ႕ရဲ႕ အေဖ အေမေခၚသံၾကားတိုင္း
ကြၽန္ေတာ္ သူတို႔ကို မုန္းမိတယ္
ဒါ.... ကြၽန္ေတာ္ မွားလား
ငယ္ငယ္က မူလတန္းဖတ္စာမွာ ဖတ္ခဲ့ရတဲ့
စားဝတ္ေနေရး ေငြ႐ွာေပး
ေက်းဇူးႀကီးေပ တို႔ေဖေဖ ....
ငယ္စဥ္ကာလ စည္းကမ္းျပ
ဆံုးမ ခဲ့ေပ တို႔ ေမေမ ဆိုတဲ့
ကဗ်ာအဓိပၸယ္ကို ဖြင့္ဆိုဖို႔ ကြၽန္ေတာ့ဦးေႏွာက္က
ညဏ္မမွီခဲ့ဘူးထင္တယ္
နားမလည္လို႔ ဦးေလးႏွင့္အေဒၚက ို ေမးျဖစ္ခဲ့တိုင္း
မိဘဆိုတာ ဘုရားနဲ႔ တစ္ဂိုဏ္းထဲ ငါ့တူ ရဲ႕...တဲ့
ဒီစကားေတြကို နားေယာင္ၿပီး
ဘာမွန္းမသ္ိတတ္ခဲ့ေပမယ့္
အနႏၱဂိုဏ္းထဲထည့္ျပီး ညတိုင္းဦးခ် ျဖစ္ခဲ့တယ္
ဒါမယ့္ ကြၽန္ေတာ္ခုထိ ဘာသာမျပန္တတ္ခဲ့ဘူး ေလ
အေဖတဲ့.....
ေခၚခြင့္မရေတာ့ဘူး.
အျပစ္မယူခ်င္ေပမယ့္ အျပစ္ယူမိၿပီ အေဖ...ရယ္
ပတ္ဝန္းက်င္ရဲ႕ စကားသံတစ္ခ်ိဳ႕
ကြၽန္ေတာ္ ဘာသာျပန္တတ္ေနၿပီေလ
အေမတဲ့.....
ေလးစားေလာက္တဲ့မိခင္အျဖစ္
ကြၽန္ေတာ့ စိတ္ကူးထဲ ခဏခဏေတြးယူၾကည့္ဖူးတယ္
ေတြးမိတိုင္းမ်က္ရည္က်တယ္
စကားလံုးၾကားတိုင္း အသက္႐ွဴရပ္မတတ္ခံစားရတယ္
ကြၽန္ေတာ့အတြက္ကေတာ့ ဂနၱဝင္ ေမေမဆိုတာ
သီခ်င္း ထဲက စာသားေတြပါ
အေမရာ. .
ေနာက္တစ္ေယာက္႐ွာသြားတာပဲလား
လသားအရြယ္ ကေလးကို ဒီ တိုင္းထား
လမ္းေဘး စြန္႔မပစ္ခဲ့တာပဲ ထိုင္႐ွိခိုးေနမိတယ္
အေမ...ေရ
ကြၽန္ေတာ္ ေမြးတုန္းကမိဘမဲ့ ေဂဟာမ်ား
မေပၚခဲ့ ေသးေလသလား..
အေမ့လို မိခင္မ်ိဳးေတြ႐ွိေနသ၍
မိဘမဲ့ ေဂဟာေတြ ဆက္လက္ျပန္႔ပြားေနအံုးမယ္ အေမ
ခုခ်ိန္ထိ အေမဆိုတာျဖဴသလား မဲသလားမသိခဲ့ရ
အေမ့သတင္းသဲ့သဲ့ ၾကားတယ္
အေမလည္း သူ႔အိုးအိမ္အသစ္နဲ႔ အဆင္ေျပတယ္ တဲ့
ကြၽန္ေတာ့ကို မျမင္ မေတြ႔ ခ်င္ဘူးထင္ပါရဲ႕
ခုထိ က်ေတာ့ ေ႐ွ႕ေရာက္မလာခဲ့ေသးပါဘူး
အေမေရ....ေနႏိုင္သူႀကီးလို႔ေတာင္
ေခါင္းစဥ္ တပ္ ေခၚလိုက္ခ်င္တယ္...ေလ
အေဖဆိုတဲ့ပုဂၢိဳလ္ႀကီးကေတာ့
အႀကိမ္ကို ေရတြက္လို႔ရေပမယ့္
ႏွစ္ကို ေရတြက္လို႔မရေအာင္
က်ြန္ေတာ့ေ႐ွ႕ ေရာက္လာဖူးတယ္
သံေယာဇဥ္ အသစ္နဲ႔
မိသားစု အသစ္ ႐ွင္သန္ေနတဲ့ဘဝမွာ
ေပ်ာ္ေနတယ္ ထင္ပါရဲ႕
က်ေနာ္ကေတာ့
ေနသားက် ေနပါပီ အေဖေရ....
အေဖသာ ေပ်ာ္ေအာင္ ေနပါ
စိတ္နာေပမယ့္ လမ္းသြားတိုင္း.....
အမ်ိဳးသမီး ႀကီးေတြ ျမင္တိုင္း
ေစာင္းၾကည့္ရတဲ့ အလုပ္က
က်ြန္ေတာ့အတြက္ပိုသြားတယ္
မိဘမဲ့ ေဂဟာကို သြားလႉျဖစ္တိုင္း
မ်က္ရည္က်မိတယ္
တခ်ိဳ႕က မိဘ သက္႐ွိထင္႐ွားမ႐ွိေတာ့လို႔
ေဂဟာမွာ ႐ွင္သန္ၾကတယ္
တခ်ိဳ႕က မိဘစြန္႔ပစ္လို႔
ေဂဟာ မွာ ႐ွင္သန္ ရတယ္
သူတို႔ေတြၾကည့္ၿပီး ကြၽန္ေတာ္ ရင္နာမိတယ္
မိဘမ႐ွိလို႔ မိဘမဲ့ရတဲ့ ဘဝထက္
မိဘ႐ွိရက္နဲ႔ မိဘ မဲ့ရတဲ့ဘဝကို ပိုရင္နာတယ္
ဆုေတာင္းတိုင္းမျပည့္ဘူးဆိုတာ သိေပမယ့္
ဘဝဆက္တိုင္း အမိတကဲြ အဖတကဲြ မျဖစ္ဖို႔
ဘုရားေရာက္တိုင္း ဆုေတာင္းျဖစ္တယ္
#ဖိုးကံေကာင္း
#Crd. . .မိကံေကာင္း
=============
လူ့ပြည်က အပ်တစ်စင်း ဗြမ္မာပြည်ကအပ်တစ်စင်း
ဆုံတွေ့ဖို့ လွယ်ရင် လွယ်မယ်
လူဖြစ်ဖို့ ခဲရင်းတယ် တဲ့
ဒီတရားတွေက ကျွန်တော့နှလုံးသားထဲ စွဲနေခဲ့ပြီ လေ
မိဘလို့သာ တော်စပ်ခဲ့ပြီး
ခေါ်ခွင့်မထိုက်ခဲ့တဲ့ ကျွန်တော်လို ကောင်က
အတိတ် ဝဋ်ကြွေးကိုပဲ အပြစ်ဖို့ရမလား
အသက်တစ်ချောင်းအတွက်
လူဖြစ်ခွင့်ပေးခဲ့တဲ့ အမေ အဖေ ဆိုတဲ့
ပုဂ္ဂိုလ်ကြီးတွေကိုပဲ ကျေးဇူးတင်ရမလား...
သူငယ်ချင်း တစ်ချို့ရဲ့ အဖေ အမေခေါ်သံကြားတိုင်း
ကျွန်တော် သူတို့ကို မုန်းမိတယ်
ဒါ.... ကျွန်တော် မှားလား
ငယ်ငယ်က မူလတန်းဖတ်စာမှာ ဖတ်ခဲ့ရတဲ့
စားဝတ်နေရေး ငွေရှာပေး
ကျေးဇူးကြီးပေ တို့ဖေဖေ ....
ငယ်စဉ်ကာလ စည်းကမ်းပြ
ဆုံးမ ခဲ့ပေ တို့ မေမေ ဆိုတဲ့
ကဗျာအဓိပ္ပယ်ကို ဖွင့်ဆိုဖို့ ကျွန်တော့ဦးနှောက်က
ညဏ်မမှီခဲ့ဘူးထင်တယ်
နားမလည်လို့ ဦးလေးနှင့်အဒေါ်က ို မေးဖြစ်ခဲ့တိုင်း
မိဘဆိုတာ ဘုရားနဲ့ တစ်ဂိုဏ်းထဲ ငါ့တူ ရဲ့...တဲ့
ဒီစကားတွေကို နားယောင်ပြီး
ဘာမှန်းမသ်ိတတ်ခဲ့ပေမယ့်
အနန္တဂိုဏ်းထဲထည့်ပြီး ညတိုင်းဦးချ ဖြစ်ခဲ့တယ်
ဒါမယ့် ကျွန်တော်ခုထိ ဘာသာမပြန်တတ်ခဲ့ဘူး လေ
အဖေတဲ့.....
ခေါ်ခွင့်မရတော့ဘူး.
အပြစ်မယူချင်ပေမယ့် အပြစ်ယူမိပြီ အဖေ...ရယ်
ပတ်ဝန်းကျင်ရဲ့ စကားသံတစ်ချို့
ကျွန်တော် ဘာသာပြန်တတ်နေပြီလေ
အမေတဲ့.....
လေးစားလောက်တဲ့မိခင်အဖြစ်
ကျွန်တော့ စိတ်ကူးထဲ ခဏခဏတွေးယူကြည့်ဖူးတယ်
တွေးမိတိုင်းမျက်ရည်ကျတယ်
စကားလုံးကြားတိုင်း အသက်ရှူရပ်မတတ်ခံစားရတယ်
ကျွန်တော့အတွက်ကတော့ ဂန္တဝင် မေမေဆိုတာ
သီချင်း ထဲက စာသားတွေပါ
အမေရာ. .
နောက်တစ်ယောက်ရှာသွားတာပဲလား
လသားအရွယ် ကလေးကို ဒီ တိုင်းထား
လမ်းဘေး စွန့်မပစ်ခဲ့တာပဲ ထိုင်ရှိခိုးနေမိတယ်
အမေ...ရေ
ကျွန်တော် မွေးတုန်းကမိဘမဲ့ ဂေဟာများ
မပေါ်ခဲ့ သေးလေသလား..
အမေ့လို မိခင်မျိုးတွေရှိနေသ၍
မိဘမဲ့ ဂေဟာတွေ ဆက်လက်ပြန့်ပွားနေအုံးမယ် အမေ
ခုချိန်ထိ အမေဆိုတာဖြူသလား မဲသလားမသိခဲ့ရ
အမေ့သတင်းသဲ့သဲ့ ကြားတယ်
အမေလည်း သူ့အိုးအိမ်အသစ်နဲ့ အဆင်ပြေတယ် တဲ့
ကျွန်တော့ကို မမြင် မတွေ့ ချင်ဘူးထင်ပါရဲ့
ခုထိ ကျတော့ ရှေ့ရောက်မလာခဲ့သေးပါဘူး
အမေရေ....နေနိုင်သူကြီးလို့တောင်
ခေါင်းစဉ် တပ် ခေါ်လိုက်ချင်တယ်...လေ
အဖေဆိုတဲ့ပုဂ္ဂိုလ်ကြီးကတော့
အကြိမ်ကို ရေတွက်လို့ရပေမယ့်
နှစ်ကို ရေတွက်လို့မရအောင်
ကျွန်တော့ရှေ့ ရောက်လာဖူးတယ်
သံယောဇဉ် အသစ်နဲ့
မိသားစု အသစ် ရှင်သန်နေတဲ့ဘဝမှာ
ပျော်နေတယ် ထင်ပါရဲ့
ကျနော်ကတော့
နေသားကျ နေပါပီ အဖေရေ....
အဖေသာ ပျော်အောင် နေပါ
စိတ်နာပေမယ့် လမ်းသွားတိုင်း.....
အမျိုးသမီး ကြီးတွေ မြင်တိုင်း
စောင်းကြည့်ရတဲ့ အလုပ်က
ကျွန်တော့အတွက်ပိုသွားတယ်
မိဘမဲ့ ဂေဟာကို သွားလှူဖြစ်တိုင်း
မျက်ရည်ကျမိတယ်
တချို့က မိဘ သက်ရှိထင်ရှားမရှိတော့လို့
ဂေဟာမှာ ရှင်သန်ကြတယ်
တချို့က မိဘစွန့်ပစ်လို့
ဂေဟာ မှာ ရှင်သန် ရတယ်
သူတို့တွေကြည့်ပြီး ကျွန်တော် ရင်နာမိတယ်
မိဘမရှိလို့ မိဘမဲ့ရတဲ့ ဘဝထက်
မိဘရှိရက်နဲ့ မိဘ မဲ့ရတဲ့ဘဝကို ပိုရင်နာတယ်
ဆုတောင်းတိုင်းမပြည့်ဘူးဆိုတာ သိပေမယ့်
ဘဝဆက်တိုင်း အမိတကွဲ အဖတကွဲ မဖြစ်ဖို့
ဘုရားရောက်တိုင်း ဆုတောင်းဖြစ်တယ်
#ဖိုးကံကောင်း
#Crd. . .မိကံကောင်း
0 comments :
Post a Comment