ေစာ္ကားတာေတြကို ၿငိမ္ခံေပးခဲ့ရတဲ့ဘ၀ပါလို႔ ရင္ဖြင့္လိုက္တဲ့ ၀ိုင္းစုခိုင္သိန္း



နာမည္ႀကီး အဆိုေတာ္ႏွင့္ သရုပ္ေဆာင္ တစ္ဦးျဖစ္သူ ၀ိုင္းစုခိုင္သိန္းက ခုေနာက္ဆံုး မယ္သီတာ ဆိုတဲ့ ေခြထြက္ထားသည္။ သီခ်င္းေကာင္းမ်ားႏွင့္ နာမည္ႀကီးလာခဲ့ၿပီး ပရိတ္သတ္အခိုင္အမာရရွိထားတဲ့ သူမက ေခြမ်ားလည္း အဆက္ျပတ္မသြားေအာင္ ထြက္ေလ့ရွိသည္။ သီခ်င္းမ်ားႏွင့္ နာမည္ႀကီးသလို ပထမအိမ္ေထာင္ႏွင့္ကဲြၿပီး ေအာင္လႏွင့္ပက္သက္ခဲ့တာ ေၾကာင့္လည္း လူမ်ားပါစပ္ဖ်ားတြင္ အေျပာမ်ားခဲ့ရျပန္သည္။
အြန္လိုင္ေပၚတြင္ ႏို္င္ငံျခားေကာ္ပီသီခ်င္းမ်ားကို ျပန္ဆိုသည့္ ျမန္မာအဆိုေတာ္မ်ားကို ထုတ္ေဖာ္ေနသည့္ ေပ့ခ်္တစ္ခုထြက္ေပၚလာၿပီး ၀ိုင္းစုေနာက္ဆံုး သီဆိုထားတဲ့ မယ္သီတာ သီခ်င္းကိုလည္း သံစဥ္ခိုးယူထားသည္ဟု ေဖာ္ျပမႈခံထားရသည္။ ထိုအခါ ၀ိုင္းစုဖန္မ်ားကလည္း ျပန္လည္ ေခ်ပၾကရာမွ အြန္လိုင္းေပၚ အက်ယ္အက်ယ္ျပန္႔ႏွံ့လာခဲ့သည္။ ခုေတာ့ ၀ိုင္းစု ခိုင္သိန္းကိုယ္တိုင္ ပို႔စ္တစ္ခုတင္ကာ ေျပာဆိုခဲ့သည္။ သည္းခံလာတာ မ်ားၿပီျဖစ္ေၾကာင္ ေနာင္ကို သည္းမခံႏိုင္ေတာ့ေၾကာင္း သူမကေျပာသည္။

သူေရးသားခ်က္မွာ ေအာက္ပါအတိုင္းျဖစ္သည္။

ေက်းဇူးျပဳ၍ ဝိုင္းစုလို႔ ထင္ေယာင္ထင္မွားျဖစ္ေအာင္ ေရးသားေဖာ္ျပၿပီး “အေစာ္ကားခံရပါတယ္ ဒီေလာက္ေစာ္ကားရင္ေက်နပ္ပါေတာ့”ဆိုၿပီး ေနာက္ထပ္မေရးမိပါေစနဲ႔… ဝိုင္းစု ဒီေန႔ဒီအခ်ိန္အထိ ဝိုင္းစုရဲ႕ကိုယ္ပိုင္facebook wallမွာေရာ pageမွာေရာ အင္တာဗ်ဳးမ်ားမွာပါ မည္သူတစ္ဦးတစ္ေယာက္ကိုမွ ဂုဏ္သိကၡာက်ဆင္းေအာင္ ေျပာဆိုျခင္းေရးသားျခင္းမရွိခဲ့ပါဘူး… တကယ္တမ္း ဝိုင္းစုရဲ႕ပံုေတြတင္ နာမည္ေတြတပ္ ဝိုင္းစုဆိုထားတဲ့ သီခ်င္းစာသားေတြ အေခြTiltleနာမည္ေတြနဲ႔တကြေဖာ္ျပျပီး တိုက္႐ိုက္ေစာ္ကား ဂုဏ္သိကၡာခ်ခံခဲ့ရတာ ဝိုင္းစုပါ…

ဘယ္သူကအေစာ္ကားခံရတယ္ဆိုတာ အားလံုးအသိပါ…အမွန္ကိုအမွားျဖစ္ေအာင္ ေျပာင္းျပန္ျပန္မလုပ္ပါနဲ႔… အရင္တခ်ိန္ကလို အကြက္ခ်စီစဥ္မႈေတြ ၿခိမ္းေျခာက္မႈေတြ မစားရတဲ့အမဲသဲနဲ႔ပက္တတ္တဲ့ အက်င့္ေတြကို ဒီေန႔ဒီအခ်ိန္အထိသယ္လာတုံးပဲလား???

ဝိုင္းစုတို႔ႏွစ္ေယာက္စလံုး ဒီလိုမ်ိဳးလိုက္လုပ္ဖို႔ေနေနသာသာ ကိုယ့္အလုပ္နဲ႔ကိုယ္ေတာင္မအားပါဘူး… ဒီလိုလုပ္ဖို႔ဆိုတာ ေတာ္ေတာ္ေလးအားမွအဆင္ေျပမွာပါ… ဝိုင္းစုမိဘကို ေပၚတင္တိုက္႐ိုက္ေစာ္ကားခဲ့ၾကတာေတာင္ ၿငိမ္ခံေပးခဲ့ရတဲ့ဘဝပါ… ဝဋ္ဆိုတာလည္တတ္ပါတယ္…

“မပတ္သက္ခ်င္ဘူး မပတ္သက္ခ်င္ဘူး”ေျပာေျပာၿပီး ဝိုင္းစုတို႔အေၾကာင္းေတြ wallမွာခဏခဏမတင္ပါနဲ႔ ဝိုင္းစုတို႔က ပိုေတာင္မပတ္သက္ခ်င္ပါဘူူး…ဝိုင္းစုကိုပုတ္ခတ္ေစာ္ကားဖို႔အတြက္ အေၾကာင္းမရွိအေၾကာင္းရွာ စြပ္စြဲေျပာဆိုေရးသားျခင္းမ်ားဒီတစ္ခါေနာက္ဆံုးျဖစ္ပါေစ… ဝိုင္းစုသည္းခံသင့္သေလာက္ သည္းခံခဲ့ၿပီးပါၿပီ
ေနာက္ထပ္တႀကိမ္မွစ၍သည္းခံေတာ့မည္မဟုတ္ပါ

ဒီပို႔စ္ကုိ ေအာင္လရဲ့ အေကာင့္ႏွင့္ တက္တဲြၿပီး တင္ထားျခင္းျဖစ္သည္။

Credit – PannPwint
source-Wine Su Khine Thein Facebook

Unicode

နာမည်ကြီး အဆိုတော်နှင့် သရုပ်ဆောင် တစ်ဦးဖြစ်သူ ဝိုင်းစုခိုင်သိန်းက ခုနောက်ဆုံး မယ်သီတာ ဆိုတဲ့ ခွေထွက်ထားသည်။ သီချင်းကောင်းများနှင့် နာမည်ကြီးလာခဲ့ပြီး ပရိတ်သတ်အခိုင်အမာရရှိထားတဲ့ သူမက ခွေများလည်း အဆက်ပြတ်မသွားအောင် ထွက်လေ့ရှိသည်။ သီချင်းများနှင့် နာမည်ကြီးသလို ပထမအိမ်ထောင်နှင့်ကွဲပြီး အောင်လနှင့်ပက်သက်ခဲ့တာ ကြောင့်လည်း လူများပါစပ်ဖျားတွင် အပြောများခဲ့ရပြန်သည်။

အွန်လိုင်ပေါ်တွင် နိ်ုင်ငံခြားကော်ပီသီချင်းများကို ပြန်ဆိုသည့် မြန်မာအဆိုတော်များကို ထုတ်ဖော်နေသည့် ပေ့ချ်တစ်ခုထွက်ပေါ်လာပြီး ဝိုင်းစုနောက်ဆုံး သီဆိုထားတဲ့ မယ်သီတာ သီချင်းကိုလည်း သံစဉ်ခိုးယူထားသည်ဟု ဖော်ပြမှုခံထားရသည်။ ထိုအခါ ဝိုင်းစုဖန်များကလည်း ပြန်လည် ချေပကြရာမှ အွန်လိုင်းပေါ် အကျယ်အကျယ်ပြန့်နှံ့လာခဲ့သည်။ ခုတော့ ဝိုင်းစု ခိုင်သိန်းကိုယ်တိုင် ပို့စ်တစ်ခုတင်ကာ ပြောဆိုခဲ့သည်။ သည်းခံလာတာ များပြီဖြစ်ကြောင် နောင်ကို သည်းမခံနိုင်တော့ကြောင်း သူမကပြောသည်။

သူရေးသားချက်မှာ အောက်ပါအတိုင်းဖြစ်သည်။

ကျေးဇူးပြု၍ ဝိုင်းစုလို့ ထင်ယောင်ထင်မှားဖြစ်အောင် ရေးသားဖော်ပြပြီး “အစော်ကားခံရပါတယ် ဒီလောက်စော်ကားရင်ကျေနပ်ပါတော့”ဆိုပြီး နောက်ထပ်မရေးမိပါစေနဲ့… ဝိုင်းစု ဒီနေ့ဒီအချိန်အထိ ဝိုင်းစုရဲ့ကိုယ်ပိုင်facebook wallမှာရော pageမှာရော အင်တာဗျုးများမှာပါ မည်သူတစ်ဦးတစ်ယောက်ကိုမှ ဂုဏ်သိက္ခာကျဆင်းအောင် ပြောဆိုခြင်းရေးသားခြင်းမရှိခဲ့ပါဘူး… တကယ်တမ်း ဝိုင်းစုရဲ့ပုံတွေတင် နာမည်တွေတပ် ဝိုင်းစုဆိုထားတဲ့ သီချင်းစာသားတွေ အခွေTiltleနာမည်တွေနဲ့တကွဖော်ပြပြီး တိုက်ရိုက်စော်ကား ဂုဏ်သိက္ခာချခံခဲ့ရတာ ဝိုင်းစုပါ…

ဘယ်သူကအစော်ကားခံရတယ်ဆိုတာ အားလုံးအသိပါ…အမှန်ကိုအမှားဖြစ်အောင် ပြောင်းပြန်ပြန်မလုပ်ပါနဲ့… အရင်တချိန်ကလို အကွက်ချစီစဉ်မှုတွေ ခြိမ်းခြောက်မှုတွေ မစားရတဲ့အမဲသဲနဲ့ပက်တတ်တဲ့ အကျင့်တွေကို ဒီနေ့ဒီအချိန်အထိသယ်လာတုံးပဲလား???

ဝိုင်းစုတို့နှစ်ယောက်စလုံး ဒီလိုမျိုးလိုက်လုပ်ဖို့နေနေသာသာ ကိုယ့်အလုပ်နဲ့ကိုယ်တောင်မအားပါဘူး… ဒီလိုလုပ်ဖို့ဆိုတာ တော်တော်လေးအားမှအဆင်ပြေမှာပါ… ဝိုင်းစုမိဘကို ပေါ်တင်တိုက်ရိုက်စော်ကားခဲ့ကြတာတောင် ငြိမ်ခံပေးခဲ့ရတဲ့ဘဝပါ… ဝဋ်ဆိုတာလည်တတ်ပါတယ်…

“မပတ်သက်ချင်ဘူး မပတ်သက်ချင်ဘူး”ပြောပြောပြီး ဝိုင်းစုတို့အကြောင်းတွေ wallမှာခဏခဏမတင်ပါနဲ့ ဝိုင်းစုတို့က ပိုတောင်မပတ်သက်ချင်ပါဘူး…ဝိုင်းစုကိုပုတ်ခတ်စော်ကားဖို့အတွက် အကြောင်းမရှိအကြောင်းရှာ စွပ်စွဲပြောဆိုရေးသားခြင်းများဒီတစ်ခါနောက်ဆုံးဖြစ်ပါစေ… ဝိုင်းစုသည်းခံသင့်သလောက် သည်းခံခဲ့ပြီးပါပြီ
နောက်ထပ်တကြိမ်မှစ၍သည်းခံတော့မည်မဟုတ်ပါ

ဒီပို့စ်ကို အောင်လရဲ့ အကောင့်နှင့် တက်တွဲပြီး တင်ထားခြင်းဖြစ်သည်။

Credit – PannPwint
source-Wine Su Khine Thein Facebook

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...