ေဒၚလာ ၁၂ သန္း အကုန္အက်ခံ တည္ေဆာက္ထားသည့္ တံတားသစ္ မဖြင့္လွစ္မီ ၿပိဳက်

ေဒၚလာ ၁၂ သန္း အကုန္အက်ခံ တည္ေဆာက္ထားသည့္ တံတားသစ္ တစ္စင္းမွာ တရားဝင္ မဖြင့္လွစ္မီ ၿပိဳက်သြားခဲ့ေၾကာင္း သိရသည္။ အဆိုပါ ကင္ညာႏုိင္ငံတြင္ တံတားကို တ႐ုတ္က တည္ေဆာက္ေပးျခင္း ျဖစ္သည္။

ကင္ညာ သမၼတ အူဟူ႐ု ကင္ညက္တာသည္ ဆီဂီရီ ျမစ္ကူးတံတားကို လြန္ခဲ့သည့္ ႏွစ္ပတ္ကမွ သြားေရာက္စစ္ေဆး ၾကည့္႐ႈခဲ့ေသးသည္။ အဆိုပါ တံတားမွာ တည္ေဆာက္မႈ အလံုးစံု မၿပီးျပတ္ေသးဟု ေဒသခံ မီဒီယာမ်ားက ေဖာ္ျပခဲ့သည္။

ထုိျဖစ္ရပ္သည္ ကင္ညာ အစိုးရအတြက္ မ်က္ႏွာပ်က္စရာလည္း ျဖစ္လာသည္။ ကင္ညာအစိုးရသည္ တံတားတည္ေဆာက္ေရး ကန္ထ႐ိုက္အတြက္ တ႐ုတ္၏ ပင္လယ္ရပ္ျခား ေဆာက္လုပ္ေရးႏွင့္ အင္ဂ်င္နီယာ ကုမၸဏီ (COVEC)ကို ေရြးခ်ယ္ခဲ့သည္။

ကင္ညာႏုိင္ငံ အေနာက္ပိုင္းရွိ တံတားတည္ေဆာက္ရာ နယ္ေျမသည္ ယခင္က အစိုးရ၏ ဖြံ႕ၿဖိဳးေရးဆိုင္ရာ ရင္းႏွီးျမႇဳပ္ႏွံမႈ ကင္းမဲ့လြန္းသည့္ ေဒသတစ္ခုအျဖစ္ ရပ္တည္ခဲ့သည္။ ၂၀၁၄ ခုႏွစ္က ထိုျမစ္ကို ျဖတ္ကူးရာမွ ေလွနစ္ၿပီး လူအမ်ားအျပား ေသဆံုးခဲ့သည့္ေနာက္ တံတားတည္ေဆာက္ရန္ ဆံုးျဖတ္ခဲ့ျခင္း ျဖစ္သည္။

ကင္ညာ သမၼတ ကင္ညက္တာသည္ ဇြန္ ၁၄ ရက္က နယ္လွည့္ မဲဆြယ္မႈ ခရီးစဉ္ အစိတ္အပိုင္းအျဖစ္ ထိုေနရာသို႔ ေရာက္ရွိခဲ့ၿပီး အၿပီးသတ္လု တည္ေဆာက္ဆဲ ဆီဂီရီ ျမစ္ကူးတံတားတြင္ ေဒသခံမ်ားကို မဲဆြယ္ခဲ့ေသးသည္။ ထိုစဉ္က အစိုးရ အေနျဖင့္ ေဒသခံ ျပည္သူလူထု၏ အေျခခံ အက်ဆံုး လိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေပးေနေၾကာင္း ယခုတံတားသစ္ႀကီးက သက္ေသျဖစ္သည္ဟု ကင္ညက္တာက ေမာ္ႂကြား ေျပာဆိုခဲ့သည္။

ကင္ညာတြင္ ဩဂုတ္ ၈ ရက္၌ ေရြးေကာက္ပြဲ က်င္းပမည္ျဖစ္ၿပီး ကင္ညက္တာသည္ အတိုက္အခံေခါင္းေဆာင္ ႐ိုင္လာ အိုဒင္ဂါႏွင့္ အဓိက ယွဉ္ၿပိဳင္ရမည္ ျဖစ္သည္။ ကင္ညာအစိုးရသည္ စီးပြားေရး က႑တြင္ တ႐ုတ္အေပၚ အႀကီးအက်ယ္ မွီခိုထားၿပီး ႏိုင္ငံတဝန္းရွိ ေဆာက္လုပ္ေရးႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈ ပေရာဂ်က္မ်ားတြင္ တ႐ုတ္ ကုမၸဏီမ်ားကို လုပ္ပိုင္ခြင့္ ေပးထားေၾကာင္း သိရွိရသည္။

Ref: CNN
Credit - 7daydaily
==========

ဒေါ်လာ ၁၂ သန်း အကုန်အကျခံ တည်ဆောက်ထားသည့် တံတားသစ် တစ်စင်းမှာ တရားဝင် မဖွင့်လှစ်မီ ပြိုကျသွားခဲ့ကြောင်း သိရသည်။ အဆိုပါ ကင်ညာနိုင်ငံတွင် တံတားကို တရုတ်က တည်ဆောက်ပေးခြင်း ဖြစ်သည်။

ကင်ညာ သမ္မတ အူဟူရု ကင်ညက်တာသည် ဆီဂီရီ မြစ်ကူးတံတားကို လွန်ခဲ့သည့် နှစ်ပတ်ကမှ သွားရောက်စစ်ဆေး ကြည့်ရှုခဲ့သေးသည်။ အဆိုပါ တံတားမှာ တည်ဆောက်မှု အလုံးစုံ မပြီးပြတ်သေးဟု ဒေသခံ မီဒီယာများက ဖော်ပြခဲ့သည်။

ထိုဖြစ်ရပ်သည် ကင်ညာ အစိုးရအတွက် မျက်နှာပျက်စရာလည်း ဖြစ်လာသည်။ ကင်ညာအစိုးရသည် တံတားတည်ဆောက်ရေး ကန်ထရိုက်အတွက် တရုတ်၏ ပင်လယ်ရပ်ခြား ဆောက်လုပ်ရေးနှင့် အင်ဂျင်နီယာ ကုမ္ပဏီ (COVEC)ကို ရွေးချယ်ခဲ့သည်။

ကင်ညာနိုင်ငံ အနောက်ပိုင်းရှိ တံတားတည်ဆောက်ရာ နယ်မြေသည် ယခင်က အစိုးရ၏ ဖွံ့ဖြိုးရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ကင်းမဲ့လွန်းသည့် ဒေသတစ်ခုအဖြစ် ရပ်တည်ခဲ့သည်။ ၂၀၁၄ ခုနှစ်က ထိုမြစ်ကို ဖြတ်ကူးရာမှ လှေနစ်ပြီး လူအများအပြား သေဆုံးခဲ့သည့်နောက် တံတားတည်ဆောက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ကင်ညာ သမ္မတ ကင်ညက်တာသည် ဇွန် ၁၄ ရက်က နယ်လှည့် မဲဆွယ်မှု ခရီးစဉ် အစိတ်အပိုင်းအဖြစ် ထိုနေရာသို့ ရောက်ရှိခဲ့ပြီး အပြီးသတ်လု တည်ဆောက်ဆဲ ဆီဂီရီ မြစ်ကူးတံတားတွင် ဒေသခံများကို မဲဆွယ်ခဲ့သေးသည်။ ထိုစဉ်က အစိုးရ အနေဖြင့် ဒေသခံ ပြည်သူလူထု၏ အခြေခံ အကျဆုံး လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေကြောင်း ယခုတံတားသစ်ကြီးက သက်သေဖြစ်သည်ဟု ကင်ညက်တာက မော်ကြွား ပြောဆိုခဲ့သည်။

ကင်ညာတွင် ဩဂုတ် ၈ ရက်၌ ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ပြီး ကင်ညက်တာသည် အတိုက်အခံခေါင်းဆောင် ရိုင်လာ အိုဒင်ဂါနှင့် အဓိက ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ကင်ညာအစိုးရသည် စီးပွားရေး ကဏ္ဍတွင် တရုတ်အပေါ် အကြီးအကျယ် မှီခိုထားပြီး နိုင်ငံတဝန်းရှိ ဆောက်လုပ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပရောဂျက်များတွင် တရုတ် ကုမ္ပဏီများကို လုပ်ပိုင်ခွင့် ပေးထားကြောင်း သိရှိရသည်။

Ref: CNN
Credit - 7daydaily

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...