ဝေဖန်လှောင်ပြောင်မှုတစ်ခုကို ဟာသနှောပြီး တုံ့ပြန်လိုက်တဲ့ စိုင်းစိုင်း










အဆိုတော်စိုင်းစိုင်းခမ်းလှိုင်ကတော့ လူမှုဆက်ဆံရေးတကယ်ကောင်းတဲ့ အနု ပညာရှင်တစ်ယောက်ပါ။စိုင်းစိုင်းကနေ “အူးစိုင်း”ဆိုပြီး မိန်းကလေး ပရိသတ်ေ တွကြားမှာလည်း အခုထိ နာ မည်ကြီး ရေပန်းစားနေစဲပါ။သူ့ရဲ့ လူမှုဆက် ဆံရေးပြေပြစ်မှုဟာလည်း ယနေ့အချိန်ထိအောင်မြင်မှုကို ဆက်ထိန်းနေနိုင်တဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။
ဘယ်လိုတွေပဲ သူ့ရဲ့ မကောင်းကြောင်းကိုပဲ ပြောပြော၊ဝေဖန်နေပါစေ ဘယ်ေ တာ့ မှသူ့ဘက်ကနေ တင်းတင်းမာမာပြန်တုံ့ပြန်တာမျိုး လုပ်လေ့မရှိပါဘူး။ပုံတွေ နဲ့ သူ့ကို troll လုပ်ခဲ့ရင်လည်း သူကိုယ်တိုင်က သူ့ရဲ့ fb စာမျက်နှာပေါ်မှာ ရှယ်ပြီး ဟာသနှောတုံ့ပြန်လေ့ရှိသူပါ။စိုင်းစိုင်း ငယ်ငယ်က ပုံကို Troll ထားတဲ့ ပုံကိုလည်း စိုင်းစိုင်းက သူ့ရဲ့ Page ပေါ်မှာ ပြန်ရှယ်ပြီး ” ကျော်ဟာဂျပိန် တစ်ယောက်ပါ”ဆိုပြီး ဟာသနှောတုံ့ပြန်ခဲ့ပါတယ်။ပိန်လွန်းတဲ့ သူ့ရဲ့ body ကို သရော်ထား၊လှောင်ထားတဲ့ ပုံကို စိုင်းစိုင်းက ဟာသနဲ့ပြန်တုံ့ပြန်ထားတာပါ။
အခုလို တုံ့ပြန်တာဟာ ဒါပထမဆုံးမဟုတ်ပါဘူး။အရင်ကလည်း အခုလိုပဲ ဟာသနှောပြီး တုံ့ပြန်ခဲ့ဖူးတာတွေရှိပါတယ်။troll တဲ့သူကိုတောင် ပြန်ပြီး ချီးကျူးထားတဲ့ စိုင်းစိုင်းပါ။
အကယ်ဒီမီပေးပွဲတုန်းက ပုံကိုTroll ထားတဲ့ပုံလေးပါ။
ချိုမြိန်သောလက်စားချေခြင်းဇာတ်ကားထဲက သူ့ရဲ့ သရုပ်ဆောင်ချက်အပေါ် ဝေဖန်ထားတဲ့ စာကို ပြန်ရှယ်ခဲ့ပုံပါ။
စိုင်းစိုင်းရဲ့ အဲ့ဒီလို တုံ့ပြန်မှုတွေကပဲ ပရိသတ်တွေအတွက် အချစ်ပိုတိုးချင်စရာ ဖြစ်ခဲ့ပါတယ်။
from sai sai’s fb
Credit: Shwemom

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...