မရွိဆိုတဲ့ စကားကို မၾကားဖူးေအာင္ထိ ၿပည့္စံုတဲ့ သူေဌးသား ၊ သူေဌးသမီးေတြ ၀ိုင္း၀ိုင္းလည္ခဲ့တဲ့ သူေဌးသား... အခုေတာ့....

တစ္ခ်ိန္က ေရြွဘံုေပၚမွာအသၿပာထုတ္ကို ေခါင္းအုံးလုပ္ ေဒၚလာကို ေမြ႕ရာလိပ္ၿပီး အိပ္ခဲ့တဲ့ သူေဌးသား ၊ မရွိဆိုတဲ့ စကားကို မၾကားဖူးေအာင္ထိ ၿပည့္စံုတဲ့ သူေဌးသား ၊ သူေဌးသမီးေတြ ၀ိုင္း၀ိုင္းလည္ခဲ့တဲ့ သူေဌးသား၊ လက္ညွိဳးထိုး ဘာမဆိုၿဖစ္နိုင္ခဲ့တဲ့ သူေဌးသား ၊ ဟင္းခြက္ တစ္ရာနဲ႔စားခဲ့တဲ့ သူေဌးသား၊ အေကာင္းဆံုး စားဖိုမွဴး ေတြရဲ႕ လက္ရာေတြကို တစ္ေန႔တစ္ျခား မ႐ိုးရေအာင္ စားခဲ့တဲ့သူေဌးသား။
-
ေအာ္.. ခုေတာ့……
ရြာအသီးသီး လမ္းအသြယ္သြယ္မွာ ရပ္ဆြမ္းခံႂကြၿပီး ရလာတဲ့ဆြမ္းၾကမ္း ဆင္းရဲ ခ်မ္းသာ မဟူ သဒၶါဆြမ္းေတြဆိုေတာ့ ေအးေအး ပူပူ ဆြမ္းအလႉ႐ွင္ေတြကို ေမတၱာပို႔ ဓမၼကိုႏွလံုးျပဳၿပီး ဆြမ္းဘုန္းေနရတဲ့ အခ်ိန္ေတြ ၊
ေတာနက္ထဲက ဓနိထန္းရြက္ ကာထားတဲ့ ၾကမ္းတမ္းတဲ့ ၀ါးေက်ာင္းေပၚမွာပဲ ဓမၼကိုအေဖာ္ျပဳၿပီး ေပ်ာ္ရြွင္ရတဲ့ ပီတိေတြကို ေလာကမွာ ဘာနဲ႔ အစားထိုးႏိုင္ပါအံနည္း.......
-
US$9.6 billion ခ်မ္းသာၿပီး ၊ မေလး, ထိုင္း, သီရိလကၤာ, ၿပင္သစ္ ,အေမရိကန္စသည့္ နိုင္ငံတကာတြင္ စီးပြားေရး ကုမၸဏီမ်ားစြာ ပိုင္ဆိုင္ထား တဲ့ မေလး႐ွား သူေဌး Anada Krishnan ရဲ႕ တစ္ဦးတည္းေသာ သားျဖစ္တဲ့ ဆရာေတာ္ အ႐ွင္ သီရိပုေညာ ျဖစ္ပါတယ္။
-
ကမာၻမွာ အခ်မ္းသာဆံုး နံပါတ္ 89 ကိုရထားတဲ့ တစ္ဦးတည္းေသာ သား အ႐ွင္သီရိပေညာ ဟာ UK မွ -Speaks 8 different languagerls ျဖင့္ ဘြဲ႔ရထားသူ လည္းျဖစ္ပါတယ္။ ဗုဒၶရဲ႕ ဓမၼေတြကို ေတြ႔ထိတဲ့ေန႔က စၿပီး US$9.6 billion စည္းစိမ္ကိုစြန္႔ကာ သာသနာမွာ အၿပီးပိုင္ ဝင္ေရာက္သြားေတာ့..
-
ခမည္းေတာ္ႏွင့္ မယ္ေတာ္ခမ်ာ ဝမ္းနည္းဝမ္းသာျဖင့္ ေလွ်ာက္တင္ရၿပီေလ" သားေရ အေဖ အေမတို႔ ပိုင္ဆိုင္ ထားတဲ့ သန္းေပါင္းမ်ားစြာေသာ စည္းစိမ္ဥစၥာေတြ ကို သားေက်ာင္းၿပီးရင္ အေမြအားလံုး လြဲေျပာင္းေတာ့မလို႔
စာခ်ဳပ္စာတမ္း ေ႐ွ႕ေနေတြႏွင့္တကြ အဆင္သင့္ လုပ္ထားေနတဲ့ၾကားက ရဟန္းဝတ္သြားေတာ့ အေဖ အေမတို႔ ေမွ်ာ္လင့္ခ်က္ေတြအားလံုး သဲထဲေရသြန္သလို ျဖစ္ရၿပီေပါ့ကြယ္ သားေရ အေဖ အေမတို႔လည္း အသက္ႀကီးေနပါၿပီကြယ္ ျပန္ေသခ်ာ စဥ္းစားပါအုန္းေနာ္.." လို႔မိဘေတြ အတန္တန္ ေျပာဆိုခဲ့ေပမယ့္ သူဟာ အမွန္တရားကို ရွာေဖြခ်င္တဲ့ စိတ္ကၿပင္းၿပေနေလေတာ့ သန္းေပါင္းမ်ားစြာေသာ စည္းစိမ္ေတြႏွင့္ မိဘေတြရဲ့ ေမတၱာ ကို ဥေပကၡာျပဳၿပီး "အေသမဦးခင္ ဥာဏ္ဦးရမည္"လို့ ထိုင္းဆရာေတာ္ Ajahn Chah ရဲ့တရားေတြက သူ့ရဲ့နားထဲမွာ အထပ္ထပ္ ၾကားေလေတာ့ "မရဏာနုႆတိ" ကို ႏွလံုးသြင္းၿပီး သပိတ္တစ္လံုး သကၤန္း တစ္ထည္တည္း နဲ႔ ေတာရပ္ၿမိဳင္သြားၿပီး ထိုင္းဆရာေတာ္ Ajahn Chah ကို ဥပဇၥ်ာယ္ျပဳၿပီး ေတာထဲမွာ တရားအားထုတ္ ခဲ့တဲ့ ရဟန္းငယ္ေပါ့ ခုေတာ့ ႏိုင္ငံတကာႂကြၿပီး တရားျပတဲ့ ဆရာေတာ္တစ္ပါးျဖစ္ေနပါၿပီ...
(သစၥာတရားကို တန္ဖိုးထားတတ္တဲ့လူဟာ ဘာကို မဆို စြန္႔လႊတ္ရဲရမည္ )
-
တစ္ခ်ိန္တုန္းကေတာ့ ကမာၻ႔မီဒီယာေလာကကို လႈပ္ကိုင္ခဲ့တဲ့ သူေဌးသားရဟန္းငယ္ေပါ့… သတင္းမ်က္ႏွာဖံုးေပၚမွာစာလံုးႀကီးနဲ႔ သူေဌးသား ရဟန္းဝတ္တဲ့အေၾကာင္းေတြ ပလူပ်ံခဲ့ဖူး တဲ့ ဆရာေတာ္ပါ...
-
ခုဆိုရင္ ထိုင္း-ျမန္မာ Dtao Dum ေတာနက္ႀကီး နယ္စပ္မွာ ဓုတင္ ေတာရပ္ေဆာက္တည္ သီတင္း သံုးေနပါတယ္။ ခုေတာ့ ႏိုင္ငံတကာ ႂကြၿပီး ကိုယ္ေတြ႔ တရားေဟာၾကားေနပါတယ္။
...........................
Credit##Ashin Pannathiha
============

တစ်ချိန်က ရွှေဘုံပေါ်မှာအသပြာထုတ်ကို ခေါင်းအုံးလုပ် ဒေါ်လာကို မွေ့ရာလိပ်ပြီး အိပ်ခဲ့တဲ့ သူဌေးသား ၊ မရှိဆိုတဲ့ စကားကို မကြားဖူးအောင်ထိ ပြည့်စုံတဲ့ သူဌေးသား ၊ သူဌေးသမီးတွေ ၀ိုင်းဝိုင်းလည်ခဲ့တဲ့ သူဌေးသား၊ လက်ညှိုးထိုး ဘာမဆိုဖြစ်နိုင်ခဲ့တဲ့ သူဌေးသား ၊ ဟင်းခွက် တစ်ရာနဲ့စားခဲ့တဲ့ သူဌေးသား၊ အကောင်းဆုံး စားဖိုမှူး တွေရဲ့ လက်ရာတွေကို တစ်နေ့တစ်ခြား မရိုးရအောင် စားခဲ့တဲ့သူဌေးသား။
-
အော်.. ခုတော့……
ရွာအသီးသီး လမ်းအသွယ်သွယ်မှာ ရပ်ဆွမ်းခံကြွပြီး ရလာတဲ့ဆွမ်းကြမ်း ဆင်းရဲ ချမ်းသာ မဟူ သဒ္ဓါဆွမ်းတွေဆိုတော့ အေးအေး ပူပူ ဆွမ်းအလှူရှင်တွေကို မေတ္တာပို့ ဓမ္မကိုနှလုံးပြုပြီး ဆွမ်းဘုန်းနေရတဲ့ အချိန်တွေ ၊
တောနက်ထဲက ဓနိထန်းရွက် ကာထားတဲ့ ကြမ်းတမ်းတဲ့ ၀ါးကျောင်းပေါ်မှာပဲ ဓမ္မကိုအဖော်ပြုပြီး ပျော်ရွှင်ရတဲ့ ပီတိတွေကို လောကမှာ ဘာနဲ့ အစားထိုးနိုင်ပါအံနည်း.......
-
US$9.6 billion ချမ်းသာပြီး ၊ မလေး, ထိုင်း, သီရိလင်္ကာ, ပြင်သစ် ,အမေရိကန်စသည့် နိုင်ငံတကာတွင် စီးပွားရေး ကုမ္ပဏီများစွာ ပိုင်ဆိုင်ထား တဲ့ မလေးရှား သူဌေး Anada Krishnan ရဲ့ တစ်ဦးတည်းသော သားဖြစ်တဲ့ ဆရာတော် အရှင် သီရိပုညော ဖြစ်ပါတယ်။
-
ကမ္ဘာမှာ အချမ်းသာဆုံး နံပါတ် 89 ကိုရထားတဲ့ တစ်ဦးတည်းသော သား အရှင်သီရိပညော ဟာ UK မှ -Speaks 8 different languagerls ဖြင့် ဘွဲ့ရထားသူ လည်းဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ ဓမ္မတွေကို တွေ့ထိတဲ့နေ့က စပြီး US$9.6 billion စည်းစိမ်ကိုစွန့်ကာ သာသနာမှာ အပြီးပိုင် ဝင်ရောက်သွားတော့..
-
ခမည်းတော်နှင့် မယ်တော်ခမျာ ဝမ်းနည်းဝမ်းသာဖြင့် လျှောက်တင်ရပြီလေ" သားရေ အဖေ အမေတို့ ပိုင်ဆိုင် ထားတဲ့ သန်းပေါင်းများစွာသော စည်းစိမ်ဥစ္စာတွေ ကို သားကျောင်းပြီးရင် အမွေအားလုံး လွဲပြောင်းတော့မလို့
စာချုပ်စာတမ်း ရှေ့နေတွေနှင့်တကွ အဆင်သင့် လုပ်ထားနေတဲ့ကြားက ရဟန်းဝတ်သွားတော့ အဖေ အမေတို့ မျှော်လင့်ချက်တွေအားလုံး သဲထဲရေသွန်သလို ဖြစ်ရပြီပေါ့ကွယ် သားရေ အဖေ အမေတို့လည်း အသက်ကြီးနေပါပြီကွယ် ပြန်သေချာ စဉ်းစားပါအုန်းနော်.." လို့မိဘတွေ အတန်တန် ပြောဆိုခဲ့ပေမယ့် သူဟာ အမှန်တရားကို ရှာဖွေချင်တဲ့ စိတ်ကပြင်းပြနေလေတော့ သန်းပေါင်းများစွာသော စည်းစိမ်တွေနှင့် မိဘတွေရဲ့ မေတ္တာ ကို ဥပေက္ခာပြုပြီး "အသေမဦးခင် ဉာဏ်ဦးရမည်"လို့ ထိုင်းဆရာတော် Ajahn Chah ရဲ့တရားတွေက သူ့ရဲ့နားထဲမှာ အထပ်ထပ် ကြားလေတော့ "မရဏာနုဿတိ" ကို နှလုံးသွင်းပြီး သပိတ်တစ်လုံး သင်္ကန်း တစ်ထည်တည်း နဲ့ တောရပ်မြိုင်သွားပြီး ထိုင်းဆရာတော် Ajahn Chah ကို ဥပဇ္စျာယ်ပြုပြီး တောထဲမှာ တရားအားထုတ် ခဲ့တဲ့ ရဟန်းငယ်ပေါ့ ခုတော့ နိုင်ငံတကာကြွပြီး တရားပြတဲ့ ဆရာတော်တစ်ပါးဖြစ်နေပါပြီ...
(သစ္စာတရားကို တန်ဖိုးထားတတ်တဲ့လူဟာ ဘာကို မဆို စွန့်လွှတ်ရဲရမည် )
-
တစ်ချိန်တုန်းကတော့ ကမ္ဘာ့မီဒီယာလောကကို လှုပ်ကိုင်ခဲ့တဲ့ သူဌေးသားရဟန်းငယ်ပေါ့… သတင်းမျက်နှာဖုံးပေါ်မှာစာလုံးကြီးနဲ့ သူဌေးသား ရဟန်းဝတ်တဲ့အကြောင်းတွေ ပလူပျံခဲ့ဖူး တဲ့ ဆရာတော်ပါ...
-
ခုဆိုရင် ထိုင်း-မြန်မာ Dtao Dum တောနက်ကြီး နယ်စပ်မှာ ဓုတင် တောရပ်ဆောက်တည် သီတင်း သုံးနေပါတယ်။ ခုတော့ နိုင်ငံတကာ ကြွပြီး ကိုယ်တွေ့ တရားဟောကြားနေပါတယ်။
...........................
Credit##Ashin Pannathiha

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...