ေသြးအန္သည္အထိျဖစ္ေသာ္လည္း အလုပ္မဆင္းရင္ ေထာင္ခ်မယ္ေျပာတဲ့ ေအဂ်င္စီ


ေသြးအန္သည္အထိျဖစ္ေသာ္လည္း အလုပ္မဆင္းရင္ ေထာင္ခ်မယ္ေျပာတဲ့ ေအဂ်င္စီ

ေဆာ္ဒီႏိုင္ငံၿမိဳ႕ေတာ္ျဖစ္တဲ့ Riyadh ၿမိဳ႕မွာ အလုပ္လုပ္ေနတဲ့ အမ်ိဳးသမီးတစ္ဦးဟာ ေသြးအန္တဲ့အထိေနမေကာင္း မက် န္းမာ ျဖစ္ေနေသာ္လည္း ေဆးကုသခြင့္မေပးတဲ့အျပင္ အလုပ္မဆင္းရင္ ေထာင္ခ်မယ္လုိ႔ ေအဂ်င္စီကေျပာပါတယ္။
ဖိလစ္ပိုင္သူျဖစ္တဲ့ Karen Mae Cadiog ဆိုသူအမ်ိဳးသမီးဟာ Riyadh ၿမိဳ႕မွာ အလုပ္လုပ္ရာ က်န္းမာေရးမေ ကာ င္းေသာ္လည္း အလုပ္ေတြ အတင္းအဓမၼခုိင္းခံေနရတယ္လို႔ သိရပါတယ္။ ယင္းေနာက္ Mae ဟာေသြးအန္သည္အထိ ေနမေကာင္းျဖစ္ေနၿပီး ေနာက္ဆံုး သူမရဲ႕အေဒၚကို ျဖစ္သမွ်အေၾကာင္းေတြ ေျပာျပခဲ့တာပါ။
ဒီကိစၥကိုသိၿပီးေနာက္ Mae ကုိပြဲစားလုပ္ၿပီးပုိ႔ေပးတဲ့ Elliasar Manpower Agency ကုမၼဏီကို ဖိလစ္ပုိင္တာ၀န္ရွိ သူေတြ က ဆက္သြယ္ခဲ့ပါတယ္။ Elliasar Manpower Agency က ဖိလစ္ပုိင္ဘက္ကေတာင္းတဲ့အကူအညီကို ျငင္း ဆန္ၿပီး၊ Mae ရဲ႕ ဖုန္းနဲ႔ လူမႈကြန္ယက္ အဆယ္အသြယ္ပစၥည္းေတြကုိ သိမ္းဆည္းခဲ့ပါတယ္။
ယင္းေနာက္ Mae ကုိသတ္မွတ္ထားတဲ့ ကာလ မျပည့္မီပဲ ေဆာ္ဒီမွ လုံး၀ထြက္ခြာခြင့္ မေပးေၾကာင္း၊ ကိုယ့္က်န္းမာေရး ကိုယ္ဂ႐ုစုိက္ရမည္ျဖစ္ေၾကာင္း၊ အလုပ္မလုပ္ႏုိ္င္ပါက ေဆာ္ဒီရဲ႕ အရက္စက္ဆုံးအက်ဥ္းေထာင္ထဲမွာ ဘ၀ဆုံးဖုိ႔သာ ျပင္ ထားဖုိ႔အေၾကာင္း ေျပာခဲ့ပါတယ္။
ထုိ႔ေနာက္ Facebook အေကာင့္ Jinky Lovino အမည္ရ အမ်ိဳးသမီးဟာ ေဆာ္ဒီမွာ အလုပ္သြားေရာက္လုပ္ ကုိင္ေန တဲ့ တူမရဲ႕အခက္အခဲကုိ ကူညီေပးဖုိ႔ ႏုိင္ငံတကာ အဖြဲ႕အစည္းေတြကို ေမတၱာရပ္ခံထားပါတယ္။ ဒီကိစၥကို မကူညီႏုိင္ ဘူးဆုိရင္ေတာင္မွ သူမရဲ႕ ပုိ႔စ္ကို ျပည္ပေရာက္ဖိလစ္ပုိင္တုိ႔ရဲ႕အခြင့္အေရးအတြက္ လႈပ္ရွားေနတဲ့၊ နာမည္ေက်ာ္ NGO အဖြဲ႕တစ္ခုျဖစ္တဲ့ Tulfo Brothers အဖြဲ႕သိေစဖုိ႔၊ သုိ႔မဟုတ္ သိေအာင္ေျပာေပးဖုိ႔ ေတာင္းဆုိထားပါတယ္။
Credit – Sunthit


Unicode
ဆော်ဒီနိုင်ငံမြို့တော်ဖြစ်တဲ့ Riyadh မြို့မှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတစ်ဦးဟာ သွေးအန်တဲ့အထိနေမကောင်း မကျ န်းမာ ဖြစ်နေသော်လည်း ဆေးကုသခွင့်မပေးတဲ့အပြင် အလုပ်မဆင်းရင် ထောင်ချမယ်လို့ အေဂျင်စီကပြောပါတယ်။
ဖိလစ်ပိုင်သူဖြစ်တဲ့ Karen Mae Cadiog ဆိုသူအမျိုးသမီးဟာ Riyadh မြို့မှာ အလုပ်လုပ်ရာ ကျန်းမာရေးမေ ကာ င်းသော်လည်း အလုပ်တွေ အတင်းအဓမ္မခိုင်းခံနေရတယ်လို့ သိရပါတယ်။ ယင်းနောက် Mae ဟာသွေးအန်သည်အထိ နေမကောင်းဖြစ်နေပြီး နောက်ဆုံး သူမရဲ့အဒေါ်ကို ဖြစ်သမျှအကြောင်းတွေ ပြောပြခဲ့တာပါ။
ဒီကိစ္စကိုသိပြီးနောက် Mae ကိုပွဲစားလုပ်ပြီးပို့ပေးတဲ့ Elliasar Manpower Agency ကုမ္မဏီကို ဖိလစ်ပိုင်တာဝန်ရှိ သူတွေ က ဆက်သွယ်ခဲ့ပါတယ်။ Elliasar Manpower Agency က ဖိလစ်ပိုင်ဘက်ကတောင်းတဲ့အကူအညီကို ငြင်း ဆန်ပြီး၊ Mae ရဲ့ ဖုန်းနဲ့ လူမှုကွန်ယက် အဆယ်အသွယ်ပစ္စည်းတွေကို သိမ်းဆည်းခဲ့ပါတယ်။
ယင်းနောက် Mae ကိုသတ်မှတ်ထားတဲ့ ကာလ မပြည့်မီပဲ ဆော်ဒီမှ လုံးဝထွက်ခွာခွင့် မပေးကြောင်း၊ ကိုယ့်ကျန်းမာရေး ကိုယ်ဂရုစိုက်ရမည်ဖြစ်ကြောင်း၊ အလုပ်မလုပ်နိ်ုင်ပါက ဆော်ဒီရဲ့ အရက်စက်ဆုံးအကျဉ်းထောင်ထဲမှာ ဘဝဆုံးဖို့သာ ပြင် ထားဖို့အကြောင်း ပြောခဲ့ပါတယ်။
ထို့နောက် Facebook အကောင့် Jinky Lovino အမည်ရ အမျိုးသမီးဟာ ဆော်ဒီမှာ အလုပ်သွားရောက်လုပ် ကိုင်နေ တဲ့ တူမရဲ့အခက်အခဲကို ကူညီပေးဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို မေတ္တာရပ်ခံထားပါတယ်။ ဒီကိစ္စကို မကူညီနိုင် ဘူးဆိုရင်တောင်မှ သူမရဲ့ ပို့စ်ကို ပြည်ပရောက်ဖိလစ်ပိုင်တို့ရဲ့အခွင့်အရေးအတွက် လှုပ်ရှားနေတဲ့၊ နာမည်ကျော် NGO အဖွဲ့တစ်ခုဖြစ်တဲ့ Tulfo Brothers အဖွဲ့သိစေဖို့၊ သို့မဟုတ် သိအောင်ပြောပေးဖို့ တောင်းဆိုထားပါတယ်။
Credit – Sunthit

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...