ရန္ုုကုန္ၿမိဳ႕မွသယ္ယူလာသည့္ၾကက္ဥ အလုံး ၅ ေထာင္








ၿမိတ္ၿမိဳ႕တြင္ ရန္ကုန္ၿမိဳ႕မွသယ္ယူလာသည့္ ၾကက္ ဥအလံုး ၅ ေထာင္ခန္႕ကို ဇူလိုင္လ ၂၈ ရက္ေန႕မွာမီးရိွုု႕ဖ်က္ဆီးလိုက္တယ္လို႕သိရပါတယ္။
ၿမိတ္ၿမိဴ႕သို႕ ၾကက္ႏွင့္ၾကက္ဥ သယ္ယူခြင့္ကို
တားျမစ္ ထားေသာ္လည္းေမြးျမဴေရးလုပ္ငန္း
လုပ္ကိုင္သူမ်ားက ရန္ကုန္ၿမိဳ႕မွကားျဖင့္သယ္
ယူလာကာ H5N1ေရာဂါျဖစ္ေနသည့္ထား၀ယ္
ၿမိဳ႕ကိုျဖတ္သန္းကာ သယ္ေဆာင္လာေၾကာင္းသိရပါတယ္။ ၾကက္ဥမ်ား သယ္ယူလာသည့္သတင္းအရ ဇူလိုင္လ ၂၇ ညပိုင္းက၀င္ေရာက္ရွာေဖြရာ ရန္ကုန္တိုင္းေဒသ ႀကီး ခရမ္းသံုးခြၿမိဳ႕နယ္မွ
ၾကက္ဥမ်ားကို သယ္ယူလာေၾကာင္းအဆိုပါ
ၾကက္ဥမ်ားကို ေရာဂါျဖစ္ပြား ေနသည့္ထား၀ယ္ၿမိဳ႕ကိုျဖတ္သန္းကာ တိတ္တဆိတ္သယ္ယူလာေၾကာင္းစစ္ေဆး ေတြ႕ရွိသည့္အတြက္သိမ္းဆည္းကာမီးရွိုိ႕ဖ်က္ဆီးခဲ့ရျခင္းျဖစ္ေၾကာင္းစည္ပင္သာယာေရးေက်ာက္မတီဥကၠဌ ဦးျမတ္ကိုကိုမွေျပာ
ၾကားခဲ့သည္။
““ ကၽြန္ေတာ္တို႕ၿပီးခဲ့တဲ့ ၂ ရက္ကတည္းက ၿမိတ္ၿမိဳ႕ကို တျခားၿမိဳ႕က ၾကက္ဥ/ ၾကက္သား
တင္သြင္းျခင္းမျပဳဖို႕စာထုတ္တားျမစ္ထားၿပီးသားပါ။ဒါကိုမလိုက္နာပဲ ရန္ကုန္ၿမိဳ႕ကေန
ထား၀ယ္ကိုျဖတ္သန္းၿပီး သယ္ယူ လာတယ္
ဒါေၾကာင့္ကၽြန္ေတာ္တို႕သိမ္းဆည္းၿပီး မီးရွို႕ ဖ်က္ဆီးလိုက္တာပါ တဆက္တည္းမွာပဲ ဇူလိုင္လ ၂၈ ရက္ေန႕မွာ ၾကက္ၿခံေတြမွာ လည္လိမ္ေရာဂါႏွင့္ေသဆံုးေနတဲ့ၾကက္ေသေတြကိုတိုးခ်ဲ႕ေစ်းႏွင့္ၿမိဳ႕သစ္ေစ်းမွာေရာင္းခ်ေနတာကိုသိရွိရတဲ့အတြက္သြားေရာက္သိမ္းဆည္းခဲ့ရျပန္ပါတယ္။ေစ်းသည္ေတြကိုပညာေပးစည္းရံုးေျပာဆိုၿပီး
ၾကက္အေသေတြကိုသိမ္းဆည္းရခဲ့ပါတယ္၊အခု ၾကက္ဥ အလံုး ၅ ေထာင္ခန္႔ႏွင့္ၾကက္
ေတြကိုမီးရွို႕ဖ်က္ ဆီးလိုက္တာပါ”” လို႕ ၿမိတ္ၿမိဳ႕နယ္စည္ပင္သာယာ ေရးေကာ္မတီ
ဥကၠဌ ဦးျမတ္ကိုကိုမွေျပာၾကးခဲ့ပါတယ္။
ၾကက္ဥ/ၾကက္သားမ်ားတင္သြင္းမွုတားျမစ္ထား ေသာ္လည္း လ်ွိဳ႕၀ွက္တင္သြင္းေနျခင္း၊ ေရာဂါျဖစ္ၿပီးေသဆံုးေနသည့္ၾကက္မ်ားကို
ေစ်းမ်ားတြင္ျပန္လည္ ေရာင္းခ်ေနသည့္
အတြက္ တနသၤာရီတိုင္းေဒသႀကီး၀န္ႀကီးခ်ဳပ္
မွ ၿမိတ္ၿမိဳ႕တြင္ ၾကက္ဥႏွင့္ၾကက္သား ေရာင္းခ်မွု ၁၅ ရက္ပိတ္သိမ္းခိုင္းလိုက္သည့္အေပၚ စည္ပင္သာ ယာေရးေကာ္မတီမွ စာထုတ္ျပန္တားျမစ္လိုက္ျခင္း ျဖစ္ေၾကာင္း ဦးျမတ္ကိုကိုမွဆိုသည္။
ၿမိတ္ၿမိဳ႕တြင္ H5N1 ေရာဂါႀကိဳတင္ကာကြယ္
မွုမ်ား ကိုေဆာင္ရြက္ရာတြင္ေမြးျမဴေရးသမား
မ်ားႏွင့္ေစ်းသည္မ်ားမွ ပူးေပါင္းပါ၀င္ရန္
လိုအပ္ေၾကာင္း ယခုျဖစ္စဥ္မ်ဳိးထပ္ မံက်ဴး
လြန္ပါကေမြးျမဴေရာင္းခ်ခြင့္ကိုလံုး၀ပိတ္သိမ္း သည္အထိအေရးယူသြားမည္ျဖစ္ေၾကာင္းသိရပါတယ္။
ျမတ္ထြဋ္ (ၿမိတ္)

====
ရန်ုုကုန်မြို့မှသယ်ယူလာသည့်ကြက်ဥ အလုံး ၅ ထောင်
28.7.2017
မြိတ်မြို့တွင် ရန်ကုန်မြို့မှသယ်ယူလာသည့် ကြက် ဥအလုံး ၅ ထောင်ခန့်ကို ဇူလိုင်လ ၂၈ ရက်နေ့မှာမီးရှိုု့ဖျက်ဆီးလိုက်တယ်လို့သိရပါတယ်။
မြိတ်မြိူ့သို့ ကြက်နှင့်ကြက်ဥ သယ်ယူခွင့်ကို
တားမြစ် ထားသော်လည်းမွေးမြူရေးလုပ်ငန်း
လုပ်ကိုင်သူများက ရန်ကုန်မြို့မှကားဖြင့်သယ်
ယူလာကာ H5N1ရောဂါဖြစ်နေသည့်ထားဝယ်
မြို့ကိုဖြတ်သန်းကာ သယ်ဆောင်လာကြောင်းသိရပါတယ်။ ကြက်ဥများ သယ်ယူလာသည့်သတင်းအရ ဇူလိုင်လ ၂၇ ညပိုင်းကဝင်ရောက်ရှာဖွေရာ ရန်ကုန်တိုင်းဒေသ ကြီး ခရမ်းသုံးခွမြို့နယ်မှ
ကြက်ဥများကို သယ်ယူလာကြောင်းအဆိုပါ
ကြက်ဥများကို ရောဂါဖြစ်ပွား နေသည့်ထားဝယ်မြို့ကိုဖြတ်သန်းကာ တိတ်တဆိတ်သယ်ယူလာကြောင်းစစ်ဆေး တွေ့ရှိသည့်အတွက်သိမ်းဆည်းကာမီးရှို့ဖျက်ဆီးခဲ့ရခြင်းဖြစ်ကြောင်းစည်ပင်သာယာရေးကျောက်မတီဥက္ကဌ ဦးမြတ်ကိုကိုမှပြော
ကြားခဲ့သည်။
““ ကျွန်တော်တို့ပြီးခဲ့တဲ့ ၂ ရက်ကတည်းက မြိတ်မြို့ကို တခြားမြို့က ကြက်ဥ/ ကြက်သား
တင်သွင်းခြင်းမပြုဖို့စာထုတ်တားမြစ်ထားပြီးသားပါ။ဒါကိုမလိုက်နာပဲ ရန်ကုန်မြို့ကနေ
ထားဝယ်ကိုဖြတ်သန်းပြီး သယ်ယူ လာတယ်
ဒါကြောင့်ကျွန်တော်တို့သိမ်းဆည်းပြီး မီးရှို့ ဖျက်ဆီးလိုက်တာပါ တဆက်တည်းမှာပဲ ဇူလိုင်လ ၂၈ ရက်နေ့မှာ ကြက်ခြံတွေမှာ လည်လိမ်ရောဂါနှင့်သေဆုံးနေတဲ့ကြက်သေတွေကိုတိုးချဲ့ဈေးနှင့်မြို့သစ်ဈေးမှာရောင်းချနေတာကိုသိရှိရတဲ့အတွက်သွားရောက်သိမ်းဆည်းခဲ့ရပြန်ပါတယ်။ဈေးသည်တွေကိုပညာပေးစည်းရုံးပြောဆိုပြီး
ကြက်အသေတွေကိုသိမ်းဆည်းရခဲ့ပါတယ်၊အခု ကြက်ဥ အလုံး ၅ ထောင်ခန့်နှင့်ကြက်
တွေကိုမီးရှို့ဖျက် ဆီးလိုက်တာပါ”” လို့ မြိတ်မြို့နယ်စည်ပင်သာယာ ရေးကော်မတီ
ဥက္ကဌ ဦးမြတ်ကိုကိုမှပြောကြးခဲ့ပါတယ်။
ကြက်ဥ/ကြက်သားများတင်သွင်းမှုတားမြစ်ထား သော်လည်း လျှို့ဝှက်တင်သွင်းနေခြင်း၊ ရောဂါဖြစ်ပြီးသေဆုံးနေသည့်ကြက်များကို
ဈေးများတွင်ပြန်လည် ရောင်းချနေသည့်
အတွက် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်
မှ မြိတ်မြို့တွင် ကြက်ဥနှင့်ကြက်သား ရောင်းချမှု ၁၅ ရက်ပိတ်သိမ်းခိုင်းလိုက်သည့်အပေါ် စည်ပင်သာ ယာရေးကော်မတီမှ စာထုတ်ပြန်တားမြစ်လိုက်ခြင်း ဖြစ်ကြောင်း ဦးမြတ်ကိုကိုမှဆိုသည်။
မြိတ်မြို့တွင် H5N1 ရောဂါကြိုတင်ကာကွယ်
မှုများ ကိုဆောင်ရွက်ရာတွင်မွေးမြူရေးသမား
များနှင့်ဈေးသည်များမှ ပူးပေါင်းပါဝင်ရန်
လိုအပ်ကြောင်း ယခုဖြစ်စဉ်မျိုးထပ် မံကျူး
လွန်ပါကမွေးမြူရောင်းချခွင့်ကိုလုံးဝပိတ်သိမ်း သည်အထိအရေးယူသွားမည်ဖြစ်ကြောင်းသိရပါတယ်။

မြတ်ထွဋ် (မြိတ်)

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...