ဇနီးရဲ့ ညီမတစ်ဝမ်းကွဲနဲ့ ဖောက်ပြန်တဲ့ခင်ပွန်းကို လူမြင်ကွင်းမှာဖမ်းမိခဲ့တဲ့ ရုပ်သံ


ဇနီးရဲ့ ညီမတစ်ဝမ်းကွဲနဲ့ ဖောက်ပြန်တဲ့ခင်ပွန်းကို လူမြင်ကွင်းမှာဖမ်းမိခဲ့တဲ့ ရုပ်သံ



Credit:Sunthit

Unicode

တောင်အမေရိကတိုက်ရှိ ချီလီနိုင်ငံမှာ ဇနီးဖြစ်သူရဲ့ ညီမတစ်ဝမ်းကွဲ နဲ့ ဖောက်ပြန်ခဲ့တဲ့ခင်ပွန်းကို လူမြင်ကွင်းကားလမ်း မမှာ ဖမ်းမိခဲ့ပြီး ဒေါသထွက်နေတဲ့ ရုပ်သံဟာ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံ့နှံ့နေပါတယ်။ ( အောက်ဆုံးတွင် ဗီဒီ ယိုဖိုင်တွဲတင်ပေးထားပါသည် )

အဆိုပါ ရုပ်သံထဲမှာ ဇနီးသည်ဟာ ခင်ပွန်းနဲ့ ဖောက်ပြန်တဲ့ညီမတစ်ဝမ်းကွဲတို့ စီးတဲ့ကားကို လမ်းလယ်ခေါင်မှာ ဖမ်းမိ ခဲ့ပြီး ကားထဲကနေထွက်ဖို့ ဒေါသနဲ့ ပြောဆိုနေတာတွေ့ရပါတယ်။ ဇနီးသည်ဟာ ဒေါသထွက်ပြီး ကားကိုရိုက်နှက်ကာ ထွက်ခိုင်းခဲ့ပေမယ့် ကားထဲက ခင်ပွန်း နဲ့ ဖောက်ပြန်တဲ့မိန်းကလေးတို့က မထွက်လာ ခဲ့ဘူး။

 ဒါကြောင့် ပွဲကြည့်နေတဲ့ ပရိသတ်တွေက ဒေါသထွက်နေတဲ့ မိန်းမကို မြှောက်ပေးတဲ့ ပြောဆိုသံတွေလည်း ကြားရပါ တယ်။ ပွဲကြည့်ပရိသတ်တစ်ဦးကဆိုရင် ကားကို ထုရိုက်ဖို့အတွက် အုတ်ခဲတောင်ပေးခဲ့ပါတယ်။

ထို့နောက် လမ်းလယ်ခေါင်မှာ လူအုပ်စုဝိုင်းအုံနေလို့ အာဏာပိုင်တွေက ရောက်လာခဲ့ပြီး လူအုပ်စုကွဲစေခဲ့ပါတယ်။ အဆိုပါဖောက်ပြန်တဲ့ ရုပ်သံဟာ Youtube ပေါ်မှာကြည့်ရူ့သူ ၇ သောင်းကျော်ရှိပြီး ဝေဖန်သူတွေလည်း မြင့် တ က်နေပါတယ်။

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...