

ရုတ်ကတရားဝင်တော့မပိတ်သေးဘူး ဆွေးနွေးညှိနှိုင်းနေကြတုန်းဆိုတော့၊ သူတို့ရဲ့ပြည်သူ့ကျန်းမာရေးစစ်ဆေးမှုဌာနက ဂိတ်တစ်ခုလာဖွင့်ဖြစ်မယ်ထင်တယ် ဟုဖြေကြားခဲ့သည်။
 

 
မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ကူးစက်မြန်ရောဂါ H1N1 ဝက်တုတ်ကွေးရောဂါကြောင့် မြန်မာ၏အိမ်နီးချင်း နိုင်ငံအားလုံးတို့မှ မြန်မာနိုင်ငံသားများ ဝင်ရောက်ခွင့် ပြည်ဝင်ခွင့်ပိတ်ပင်
ဘင်္ဂလားဒေ့ရှ် အိန္ဒိယ တရုတ် ထိုင်း အစရှိသော မြန်မာ့အိမ်နီးချင်း နိုင်ငံ ၄ နိုင်ငံမှ နယ်စပ်ဂိတ်အားလုံးကို အကန့်အသတ်မရှိ ပိတ်ပင်လိုက်ကြောင်း အဆိုပါ နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးဌာနများမှ ပူးတွဲကြေညာချက်တစ်စောင်ကို ယနေ့ညနေပိုင်းက ထုတ်ပြန်ခဲ့ကြသည်။
မဲဆောက်မြို့မှ မြန်မာကုန်သည် တစ်ဦးဖြစ်သူ Mr Thaung Aye က အခုပဲ ထိုင်းဘက်က တံခါးကိုပိတ်လိုက်ပါတယ် မြဝတီက ကျနော်မန်နေဂျာကို ဖုန်းဆက်တာ မြဝတီဘက်မှာ ကားတွေအများကြီးပဲ သောင်တင်နေကြတယ်၊
နှစ်ရက်လောက်ဆက်ပိတ်လိုက်ရင် ဟိုဘက်ကအခြေအနေတွေက မတွေးရဲစရာပဲဟုပြောကြားခဲ့သည်။
မူစယ် ၁၀၅မိုင် ကုန်သွယ်ရေးစခန်းမှ တာဝန်ခံဂိတ်မှူးတစ်ဦးမှ ပြောကြားသည်မှာ တ
ရုတ်ကတရားဝင်တော့မပိတ်သေးဘူး ဆွေးနွေးညှိနှိုင်းနေကြတုန်းဆိုတော့၊ သူတို့ရဲ့ပြည်သူ့ကျနး်မာရေးစစ်ဆေးမှုဌာနက ဂိတ်တစ်ခုလာဖွင့်ဖြစ်မယ်ထင်တယ် ဟုဖြေကြားခဲ့သည်။
 
နောက်ဆုံးဝင်လာသော သတင်းမှာ
စင်္ကာပူရ အပြည်ပြည်ဆိုင်ရာလေဆိပ် (ချန်ဂီ) တွင် ပုဆိုး လုံချည် ဝတ်ဆင်ထားကြသူများကို mask တပ်ထားသော လုံခြုံရေးဝန်ထမ်းများမှ သီးသန့်နေရာသို့ခေါ်ဆောင်သွားကြကြောင်း သတင်းရရှိပါသည်။
Bangkok post ( မြန်မာပိုင်းဌာန )
 

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...