အခုရက္ပိုင္း နာမည္ႀကီးေနတဲ့ မိေရႊမံႈနဲ႔ ပတ္သက္ၿပီး တိုက္ခိုက္တဲ့အထိပါျဖစ္လာေတာ့ ေရးရျပန္ၿပီ


ေရႊမံႈရတီပံုနဲ႔ပက္သက္ၿပီး မေန႔ကကတည္းက မေျပာပဲေနေနတာ တစ္ခ်ဳိ႕က တိုက္ခိုက္တဲ့အထိပါျဖစ္လာေတာ့ ေရးရျပန္ၿပီးေလ။
ေရႊမံႈရတီအဝတ္အစားရိုင္းတယ္ေပါ့ ျမန္မာမိန္းကေလးျဖစ္ၿပီး မင္းသမီးျဖစ္ၿပီး အႏုပညာရွင္ျဖစ္ၿပီး ဘာညာသာရကာေတြ လူေတြ မင္းသမီးဆိုၿပီး ေျပာေနၾကတယ္။တကယ္တမ္း ကြ်န္ေတာ္အျမင္ရေျပာရလွ်င္ ဒါဟာမရိုင္းပါ။တဏွာမ်က္စိနဲ႔ ၾကည့္တဲ့သူေတြအတြက္ ဒါဟာရိုင္းတယ္ထင္ခ်င္ထင္ပါလိမ့္မယ္။
ကြ်န္ေတာ္လိုတရားသေဘာအျမင္နဲ႔ၾကည့္ရင္ေတာ့ ဒါဟာေရႊမံႈရတီကိုေက်းဇူးတင္ရမွာပါ။

ကြ်န္ေတာ္ဒီလိုေျပာလို႔ ခင္မ်တို႔က်ဳပ္ကို အျမင္မၾကည္ျဖစ္ခ်င္ျဖစ္မယ္ သို႔မဟုတ္ ႏွာပူးလို႔ ေျပာမယ္ ကြ်န္ေတာ္ရွင္းျပပါမယ္။
ခႏၶာဆိုတာ တရားသေဘာၾကည့္ရင္ အပုတ္ေကာင္ႀကီးပါ။ကြ်န္ေတာ္တို႔ကိုဒုကၡေပးေနတဲ့ အပုတ္ေကာင္ႀကီးပါ။တစ္ခ်ဳိ႔ဆို ခင္မ်တို႔ စဥ္းစားၾကည့္ အသုဘအေလာင္းကို ရႈၾကတယ္။ဘာျဖစ္လို႔လဲ သံေဝဂရေအာင္ ေၾသာ္ ငါဒီခႏၶာမၿမဲပါလား အိုရမယ္ နာရမယ္ ေသရမယ္ေပါ့။ တစ္ခ်ဳိ႔ဆို တရားရခ်င္လြန္းလို႔ လူေသအေလာင္းေတြရွိတဲ့ေနရာမွာ တရားရွာၾကတယ္။စသည္ျဖင့္ တရားကို ခႏၶာမွာ ရွာၾကတယ္ဗ်ာ။

ကြ်န္ေတာ္ၾက လူငယ္ဆိုေတာ့ ေလာကီဘက္မွာ အခ်ိန္ကုန္တာမ်ားတယ္။ဘာသာေရးလုပ္တယ္အသက္အရြယ္နဲ႔မဆိုင္ပါ။ထို႔ေၾကာင့္ အထက္အခ်က္ေတြလို႔ သံေဝဂရေစမဲ့ ေနရာေတြ သြားလာဖို႔ ခက္ခဲပါတယ္ ေလာကီအေရးေတြေၾကာင့္
ေဟာအခုအခုေရႊမံႈရတီေလးဝတ္တာျမင္ေတာ့ က်ဳပ္မွာ ခႏၶာဟာမၿမဲပါလား ဒါအပုတ္ႀကီးေကာင္ႀကီးပဲဆိုၿပီး သံေဝဂရလိုက္တာ။
အဲေတာ့ ပံုေလးကိုSaveထားတယ္။မၾကာမၾကာ ျပန္ျပန္ၾကည့္တယ္။

ၾကည့္လိုက္တိုင္းလည္း သံေဝဂရမိပါတယ္ဗ်ာ။ၾကည့္ၾကည့္ ဒါဟာ သံေဝဂရစရာပါ တဏွာမ်က္စိ တဏွာဥာဏ္ေတြနဲ႔ မၾကည့္ပဲ တရားနဲ႔ၾကည့္ပါ။ဒါဟာ သံေဝဂရစရာပါခင္ညာ
ေျပာတာလည္း မ်ားသြားၿပီး ကြ်န္ေတာ္လည္း သံေဝဂထပ္ယူလိုက္အံုးမယ္။
:D :D :D :D
မွတ္ခ်က္။ဘယ္သူကိုမွေစာ္ကားလိုစိတ္မရွိပါ။
==========

ရွှေမှုံရတီပုံနဲ့ပက်သက်ပြီး မနေ့ကကတည်းက မပြောပဲနေနေတာ တစ်ချို့က တိုက်ခိုက်တဲ့အထိပါဖြစ်လာတော့ ရေးရပြန်ပြီးလေ။
ရွှေမှုံရတီအဝတ်အစားရိုင်းတယ်ပေါ့ မြန်မာမိန်းကလေးဖြစ်ပြီး မင်းသမီးဖြစ်ပြီး အနုပညာရှင်ဖြစ်ပြီး ဘာညာသာရကာတွေ လူတွေ မင်းသမီးဆိုပြီး ပြောနေကြတယ်။တကယ်တမ်း ကျွန်တော်အမြင်ရပြောရလျှင် ဒါဟာမရိုင်းပါ။တဏှာမျက်စိနဲ့ ကြည့်တဲ့သူတွေအတွက် ဒါဟာရိုင်းတယ်ထင်ချင်ထင်ပါလိမ့်မယ်။
ကျွန်တော်လိုတရားသဘောအမြင်နဲ့ကြည့်ရင်တော့ ဒါဟာရွှေမှုံရတီကိုကျေးဇူးတင်ရမှာပါ။

ကျွန်တော်ဒီလိုပြောလို့ ခင်မျတို့ကျုပ်ကို အမြင်မကြည်ဖြစ်ချင်ဖြစ်မယ် သို့မဟုတ် နှာပူးလို့ ပြောမယ် ကျွန်တော်ရှင်းပြပါမယ်။
ခန္ဓာဆိုတာ တရားသဘောကြည့်ရင် အပုတ်ကောင်ကြီးပါ။ကျွန်တော်တို့ကိုဒုက္ခပေးနေတဲ့ အပုတ်ကောင်ကြီးပါ။တစ်ချို့ဆို ခင်မျတို့ စဉ်းစားကြည့် အသုဘအလောင်းကို ရှုကြတယ်။ဘာဖြစ်လို့လဲ သံဝေဂရအောင် သြော် ငါဒီခန္ဓာမမြဲပါလား အိုရမယ် နာရမယ် သေရမယ်ပေါ့။ တစ်ချို့ဆို တရားရချင်လွန်းလို့ လူသေအလောင်းတွေရှိတဲ့နေရာမှာ တရားရှာကြတယ်။စသည်ဖြင့် တရားကို ခန္ဓာမှာ ရှာကြတယ်ဗျာ။

ကျွန်တော်ကြ လူငယ်ဆိုတော့ လောကီဘက်မှာ အချိန်ကုန်တာများတယ်။ဘာသာရေးလုပ်တယ်အသက်အရွယ်နဲ့မဆိုင်ပါ။ထို့ကြောင့် အထက်အချက်တွေလို့ သံဝေဂရစေမဲ့ နေရာတွေ သွားလာဖို့ ခက်ခဲပါတယ် လောကီအရေးတွေကြောင့်
ဟောအခုအခုရွှေမှုံရတီလေးဝတ်တာမြင်တော့ ကျုပ်မှာ ခန္ဓာဟာမမြဲပါလား ဒါအပုတ်ကြီးကောင်ကြီးပဲဆိုပြီး သံဝေဂရလိုက်တာ။
အဲတော့ ပုံလေးကိုSaveထားတယ်။မကြာမကြာ ပြန်ပြန်ကြည့်တယ်။

ကြည့်လိုက်တိုင်းလည်း သံဝေဂရမိပါတယ်ဗျာ။ကြည့်ကြည့် ဒါဟာ သံဝေဂရစရာပါ တဏှာမျက်စိ တဏှာဉာဏ်တွေနဲ့ မကြည့်ပဲ တရားနဲ့ကြည့်ပါ။ဒါဟာ သံဝေဂရစရာပါခင်ညာ
ပြောတာလည်း များသွားပြီး ကျွန်တော်လည်း သံဝေဂထပ်ယူလိုက်အုံးမယ်။
:D :D :D :D
မှတ်ချက်။ဘယ်သူကိုမှစော်ကားလိုစိတ်မရှိပါ။

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...