ဖုန္းအားသြင္းရာမွ ေနအိမ္တစ္လုံးမီးေလာင္


ျမစ္ႀကီးနားၿမိဳ႕၊ ရမ္ပူရပ္ကြက္တြင္ ဖုန္းအားသြင္းရာမွ အပူလြန္ကဲကာ မီးေလာင္က်ြမ္းမႈတစ္ရပ္ျဖစ္ပြားခဲ့သည္။

ဇူလုိင္လ ၂၅ ရက္ေန ့ယေန႔နံနက္ ၅ နာရီေက်ာ္ခန္႔က ရမ္ပူရပ္ကြက္၊ နယ္ေျမ ၁၂၊ ဘုရင့္ ေနာင္လမ္းရွိ အိမ္အမွတ္ ၁၀၄၇ တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး မီးေလာင္မႈ ေၾကာင့္ ဦးဂြာရဲဖာဆိုသူပိုင္ဆိုင္ေသာေျခတံရွည္၊ သြပ္မိုး၊ ထရံကာ လူေနအိမ္တစ္လုံး ဆုံးရႈံးခဲ့ရေၾကာင္း ျပည္နယ္မီးသတ္ဦးစီးဌာနမွ သိရသည္။

မီးေလာင္မႈျဖစ္ပြားစဥ္က အဆိုပါ အိမ္တြင္ ပထမႏွစ္ေက်ာင္းသူတစ္ဦးႏွင့္ သတၱမတန္းေက်ာင္းသားတစ္ဦး ေမာင္ႏွမႏွစ္ဦးသာရွိေနၿပီး မိဘမ်ားမွာ ဝိုင္းေမာ္ၿမိဳ႕နယ္ဘက္ရွိ လယ္ယာလုပ္ငန္းခြင္သို႔ ေရာက္ရွိေနၾက ေၾကာင္း ျပည္နယ္မီးသတ္ဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

``အခုေလာင္တာက မီးေပါ့ဆစြာ သုံးလို႔ လို႔ေျပာရမွာထက္စာရင္ အသုံးျပဳ တဲ့ လ်ွပ္စစ္ပစၥည္းေတြက အရည္အေသြးမျပည့္မီလို႔ ျဖစ္ရတာပါ´´ ဟု လက္ေထာက္မီးသတ္ဦးစီးမွဴး ဦးေအာင္သူနိင္က ျမစ္ႀကီးနားသတင္းဂ်ာ နယ္သို႔ ေျပာသည္။

မီးေလာင္မႈေၾကာင့္ လူတိရိစၧာန္ ထိခိုက္ဒဏ္ရာရမႈ တစုံတရာမရွိေၾကာင္း ျပည္နယ္မီးသတ္ဦးစီးဌာနမွ သိရသည္။

အဆိုပါ မီးေလာင္မႈကို ျမစ္ႀကီးနားနယ္ေျမရဲစခန္းတြင္ (ပ)၁၆၃/၂၀၁၇ ျပစ္မႈပုဒ္မ - ၂၈၅ ျဖင့္ အမႈဖြင့္ အေရးယူေဆာင္ရြက္ေနေၾကာင္း သတင္းရရွိသည္။

Credit: ေဝၿဖိဳးေအာင္
Myitkyina News Journal

#Unicode Version#
မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်တွင် ဖုန်းအားသွင်းရာမှ အပူလွန်ကဲကာ မီးလောင်ကျွမ်းမှုတစ်ရပ်ဖြစ်ပွားခဲ့သည်။

ဇူလိုင်လ ၂၅ ရက်နေ့ယနေ့နံနက် ၅ နာရီကျော်ခန့်က ရမ်ပူရပ်ကွက်၊ နယ်မြေ ၁၂၊ ဘုရင့် နောင်လမ်းရှိ အိမ်အမှတ် ၁၀၄၇ တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှု ကြောင့် ဦးဂွာရဲဖာဆိုသူပိုင်ဆိုင်သောခြေတံရှည်၊ သွပ်မိုး၊ ထရံကာ လူနေအိမ်တစ်လုံး ဆုံးရှုံးခဲ့ရကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

မီးလောင်မှုဖြစ်ပွားစဉ်က အဆိုပါ အိမ်တွင် ပထမနှစ်ကျောင်းသူတစ်ဦးနှင့် သတ္တမတန်းကျောင်းသားတစ်ဦး မောင်နှမနှစ်ဦးသာရှိနေပြီး မိဘများမှာ ဝိုင်းမော်မြို့နယ်ဘက်ရှိ လယ်ယာလုပ်ငန်းခွင်သို့ ရောက်ရှိနေကြ ကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

``အခုလောင်တာက မီးပေါ့ဆစွာ သုံးလို့ လို့ပြောရမှာထက်စာရင် အသုံးပြု တဲ့ လျှပ်စစ်ပစ္စည်းတွေက အရည်အသွေးမပြည့်မီလို့ ဖြစ်ရတာပါ´´ ဟု လက်ထောက်မီးသတ်ဦးစီးမှူး ဦးအောင်သူနိင်က မြစ်ကြီးနားသတင်းဂျာ နယ်သို့ ပြောသည်။

မီးလောင်မှုကြောင့် လူတိရိစ္ဆာန် ထိခိုက်ဒဏ်ရာရမှု တစုံတရာမရှိကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

အဆိုပါ မီးလောင်မှုကို မြစ်ကြီးနားနယ်မြေရဲစခန်းတွင် (ပ)၁၆၃/၂၀၁၇ ပြစ်မှုပုဒ်မ - ၂၈၅ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

Credit: ဝေဖြိုးအောင်
Myitkyina News Journal

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...