ေကာင္မေလးကို အခန္းတြင္းပိတ္ကာ မုဒိန္းက်င့္ခဲ့သည့္ သံဃာတုအား ဖမ္းဆီးရမိ


မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕နယ္၊ ဖကၠလိပ္ေက်းရြာ၊ မရမ္းခ်ိဳေက်ာင္းတိုက္ရွိ အခန္းတခုအတြင္း အမ်ိဳးသမီးငယ္တဦးကို ပိတ္ေလွာင္ကာ မုဒိမ္းက်င့္ၿပီး ထြက္ေျပး တိမ္းေရွာင္ေနသူ သံဃာအတုအား အမွုျဖစ္ပြားၿပီး ရက္ေပါင္း ၅၀ ေက်ာ္အၾကာ ဇူလိုင္ ၂၂ ရက္ေန႔က ျမဝတီမွာ ဖမ္းဆီးရမိခဲ့ေၾကာင္း သိမ္ဇရပ္ရဲစခန္းမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ  ေဝါၿမိဳ႕နယ္ေနသူ ဘဒၵႏၲ ပညာဒီပ၊ လူအမည္ ေမာင္ေထြး (၄၉)ႏွစ္ အပါဝင္ အမ်ိဳးသား ၃ ဦးဟာ ဇြန္လ ၂ ရက္ေန႔က က်ိဳက္ထိုၿမိဳ႕နယ္၊ ၾကာအင္းေလးေက်းရြာေနသူ အသက္ (၁၈)ႏွစ္အရြယ္ မိန္းကေလးငယ္ကို ၾကာအင္းေက်းရြာအနီးတြင္ ကားနဲ႔ အတင္းအဓမၼ တင္ေခၚၿပီး မရမ္းခ်ိဳေက်ာင္းတိုက္ရွိ အခန္းတြင္းပိတ္ေလွာင္ထားၿပီး ၂ ရက္ခန႔္ သားမယားအျဖစ္ ျပဳက်င့္ခဲ့ၾကပါတယ္။

ဇြန္လ ၅ ရက္ေန႔မွာ မိန္းကေလးငယ္ဟာ ထြက္ေျပးလြတ္ေျမာက္လာၿပီးေနာက္ သူမအား မုဒိန္းက်င့္သူေတြကို အေရးယူေပးဖို႔ သိမ္ဇရပ္နယ္ေျမရဲစခန္းမွာ တရားလိုျပဳတိုင္းၾကားခဲ့ျခင္းျဖစ္သည္။
တိုင္ၾကားခ်က္အရ ထြက္ေျပးလြတ္ေျမာက္ေနသူမ်ားကို လိုက္လံစုံစမ္းၿပီး ဖမ္းဆီးမိတဲ့ သံဃာအတုကို ဇူလိုင္ ၂၃ ရက္ေန႔က က်ိဳက္ထိုစခန္းမွာ ခ်ဳပ္ေႏွာင္ထားကာ တရားစြဲနိုင္ေရး ေဆာင္ရြက္ေနတယ္လို႔ သိမ္ဇရပ္နယ္ေျမရဲစခန္းမွူး ရဲအုပ္တင္ေအာင္စိုးက ေျပာပါတယ္။
Responsive image
“ဒီလူက မနက္ဆို ဘုန္းႀကီးဝတ္ၿပီး ညဆို လူဝတ္လဲ အရက္ေသာက္ေနတဲ့သူပါ။ မလုပ္စားခ်င္လို႔ ဘုန္းႀကီးေက်ာင္း ကပ္ေနတဲ့လူ။ အရက္မေသာက္ရရင္ မေနနိုင္တဲ့သူ။ သံဃာ့ဝိနည္းနဲ႔ မညီတဲ့သူမ်ိဳး။ ျဖစ္စဥ္ျဖစ္ေတာ့လည္း ေကာင္မေလးကို အခန္းထဲမွာ ၂ ရက္ေလာက္ ပိတ္ၿပီး မုဒိမ္းက်င့္တယ္လို႔ ေကာင္မေလးက လာတိုင္ထားတယ္။ တိုင္တဲ့ေန႔ကတည္းက လူဝတ္နဲ႔ထြက္ေျပးေနတာ။ သူ႔ကို ဖမ္းဆီးရမိဖို႔ ျပည္နယ္ရဲတပ္ဖြဲ႕မွူး ညႊန္ၾကားခ်က္နဲ႔အညီ သက္ဆိုင္ရာနယ္ေၿမ အဖြဲ႕အစည္းအသီးသီးကို သူ႔ဓာတ္ပုံေပးပို႔ၿပီး ခ်ိတ္ဆက္ဖမ္းဆီးဖို႔ ေန႔စဥ္ေဆာင္ရြက္ခဲ့တယ္။ သူ႔ကိုဖမ္းမိတာလည္း ထိုင္းဘက္ကမ္းနားက ထိုင္းဘုန္းႀကီးေက်ာင္းမွာ တည္းေနရင္း ျပႆနာျဖစ္လို႔ BGF အဖြဲ႕ကို လွမ္းေျပာေတာ့ BGF အဖြဲ႕က ထိန္းသိမ္းထားလိုက္တယ္။ ဘုန္းႀကီးတုရဲ့ တူမျဖစ္တဲ့သူက က်ေနာ္တို႔ဆီဖုန္းဆက္တယ္။ သူဦးေလးကေတာ့ ဖမ္းမိထားတယ္ဆိုၿပီးေတာ့ က်ေနာ္တို႔က သြားေခၚလာၿပီး ခုခ်ဳပ္ထားတယ္။ သူ႔ကို စစ္ေဆးေနတုန္းပဲ။ သူနဲ႔အတူပါတဲ့ ႏွစ္ေယာက္ကိုေတာ့ ျဖစ္စဥ္ျဖစ္တဲ့ေန႔ကတည္းက ဖမ္းဆီးၿပီး တရားစြဲဆိုထားတယ္" လို႔ ေျပာပါတယ္။

မိန္းကေလးငယ္ကို အဓမၼျပဳက်င့္ခဲ့တဲ့ သံဃာအတုအား သိမ္ဇရပ္နယ္ေျမရဲစခန္းက ရာဇသတ္ႀကီးဥပေဒပုဒ္ ၃၇၆/ ၃၆၅/ ၁၁၄ /၃၄၂ နဲ႔ အမွုဖြင့္လွစ္ၿပီး စစ္ေဆးေနေၾကာင္း သိရွိရသည္။


Credit: DVB
#Unicode Version#
 မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာ၊ မရမ်းချိုကျောင်းတိုက်ရှိ အခန်းတခုအတွင်း အမျိုးသမီးငယ်တဦးကို ပိတ်လှောင်ကာ မုဒိမ်းကျင့်ပြီး ထွက်ပြေး တိမ်းရှောင်နေသူ သံဃာအတုအား အမှုဖြစ်ပွားပြီး ရက်ပေါင်း ၅၀ ကျော်အကြာ ဇူလိုင် ၂၂ ရက်နေ့က မြဝတီမှာ ဖမ်းဆီးရမိခဲ့ကြောင်း သိမ်ဇရပ်ရဲစခန်းမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ  ဝေါမြို့နယ်နေသူ ဘဒ္ဒန္တ ပညာဒီပ၊ လူအမည် မောင်ထွေး (၄၉)နှစ် အပါဝင် အမျိုးသား ၃ ဦးဟာ ဇွန်လ ၂ ရက်နေ့က ကျိုက်ထိုမြို့နယ်၊ ကြာအင်းလေးကျေးရွာနေသူ အသက် (၁၈)နှစ်အရွယ် မိန်းကလေးငယ်ကို ကြာအင်းကျေးရွာအနီးတွင် ကားနဲ့ အတင်းအဓမ္မ တင်ခေါ်ပြီး မရမ်းချိုကျောင်းတိုက်ရှိ အခန်းတွင်းပိတ်လှောင်ထားပြီး ၂ ရက်ခန့် သားမယားအဖြစ် ပြုကျင့်ခဲ့ကြပါတယ်။

ဇွန်လ ၅ ရက်နေ့မှာ မိန်းကလေးငယ်ဟာ ထွက်ပြေးလွတ်မြောက်လာပြီးနောက် သူမအား မုဒိန်းကျင့်သူတွေကို အရေးယူပေးဖို့ သိမ်ဇရပ်နယ်မြေရဲစခန်းမှာ တရားလိုပြုတိုင်းကြားခဲ့ခြင်းဖြစ်သည်။
တိုင်ကြားချက်အရ ထွက်ပြေးလွတ်မြောက်နေသူများကို လိုက်လံစုံစမ်းပြီး ဖမ်းဆီးမိတဲ့ သံဃာအတုကို ဇူလိုင် ၂၃ ရက်နေ့က ကျိုက်ထိုစခန်းမှာ ချုပ်နှောင်ထားကာ တရားစွဲနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိမ်ဇရပ်နယ်မြေရဲစခန်းမှူး ရဲအုပ်တင်အောင်စိုးက ပြောပါတယ်။

“ဒီလူက မနက်ဆို ဘုန်းကြီးဝတ်ပြီး ညဆို လူဝတ်လဲ အရက်သောက်နေတဲ့သူပါ။ မလုပ်စားချင်လို့ ဘုန်းကြီးကျောင်း ကပ်နေတဲ့လူ။ အရက်မသောက်ရရင် မနေနိုင်တဲ့သူ။ သံဃာ့ဝိနည်းနဲ့ မညီတဲ့သူမျိုး။ ဖြစ်စဉ်ဖြစ်တော့လည်း ကောင်မလေးကို အခန်းထဲမှာ ၂ ရက်လောက် ပိတ်ပြီး မုဒိမ်းကျင့်တယ်လို့ ကောင်မလေးက လာတိုင်ထားတယ်။ တိုင်တဲ့နေ့ကတည်းက လူဝတ်နဲ့ထွက်ပြေးနေတာ။ သူ့ကို ဖမ်းဆီးရမိဖို့ ပြည်နယ်ရဲတပ်ဖွဲ့မှူး ညွှန်ကြားချက်နဲ့အညီ သက်ဆိုင်ရာနယ်မြေ အဖွဲ့အစည်းအသီးသီးကို သူ့ဓာတ်ပုံပေးပို့ပြီး ချိတ်ဆက်ဖမ်းဆီးဖို့ နေ့စဉ်ဆောင်ရွက်ခဲ့တယ်။ သူ့ကိုဖမ်းမိတာလည်း ထိုင်းဘက်ကမ်းနားက ထိုင်းဘုန်းကြီးကျောင်းမှာ တည်းနေရင်း ပြဿနာဖြစ်လို့ BGF အဖွဲ့ကို လှမ်းပြောတော့ BGF အဖွဲ့က ထိန်းသိမ်းထားလိုက်တယ်။ ဘုန်းကြီးတုရဲ့ တူမဖြစ်တဲ့သူက ကျနော်တို့ဆီဖုန်းဆက်တယ်။ သူဦးလေးကတော့ ဖမ်းမိထားတယ်ဆိုပြီးတော့ ကျနော်တို့က သွားခေါ်လာပြီး ခုချုပ်ထားတယ်။ သူ့ကို စစ်ဆေးနေတုန်းပဲ။ သူနဲ့အတူပါတဲ့ နှစ်ယောက်ကိုတော့ ဖြစ်စဉ်ဖြစ်တဲ့နေ့ကတည်းက ဖမ်းဆီးပြီး တရားစွဲဆိုထားတယ်" လို့ ပြောပါတယ်။

မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့တဲ့ သံဃာအတုအား သိမ်ဇရပ်နယ်မြေရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ် ၃၇၆/ ၃၆၅/ ၁၁၄ /၃၄၂ နဲ့ အမှုဖွင့်လှစ်ပြီး စစ်ဆေးနေကြောင်း သိရှိရသည်။

Credit: DVB

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...