မန္းေရႊစက္ေတာ္ဘုရား ေအာက္စက္ေတာ္ရာ ရင္ျပင္ေပၚ ေရႏွစ္ေပေက်ာ္ခန္႔ျမင့္တက္



ဇူလိုင္ ၂၂ ရက္ေန႔ညတစ္ညလံုးမိုးရြာသြန္းသျဖင့္ ယေန႔နံနက္ ၇ နာရီမွစတင္ကာမန္းေခ်ာင္းေရႀကီးျမင့္၍ မန္းေရႊစက္ေတာ္ဘုရားေအာက္စက္ေတာ္ရာရင္ျပင္ေပၚတြင္ ေရႏွစ္ေပေက်ာ္ခန္႔ ျမင္႔တက္လ်က္ရွိေၾကာင္းသိရသည္။
ငဖဲၿမိဳ႕နယ္အတြင္းရွိမန္းေခ်ာင္းေရႏွင့္ပန္းတိမ္းေခ်ာင္းေရမ်ားသည္ ေခ်ာင္းေအာက္ပိုင္းတြင္ရွိေသာမန္းေရႊစက္ေတာ္၊အိုင္းမဆည္၊စကုျမိဳ႕အနီးသို႔ ျဖတ္သန္းစီးဆင္းလ်က္ရွိျပီးအဆိုပါ ေခ်ာင္းမ်ားအတြင္းသို႔ မိုးရြာသြန္းမႈမ်ားျပားခဲ႔၍ ေတာင္က်ေခ်ာင္းေရမ်ားစြာအရွိန္အဟုန္ျဖင့္ စီးဆင္းခဲ႔၍ မန္းေရႊစက္ေတာ္ရာဘုရားေအာက္စက္ေတာ္ရာ ရင္ျပင္အထက္သို႔ ေက်ာ္လြန္ကာစီးဆင္းခဲ႔ျခင္းျဖစ္သည္။
မန္းေရႊစက္ေတာ္ရာဘုရားသို႔ ပြဲေတာ္ခ်ိန္ကာလ မဟုတ္ေသာ္လည္းဘုရာဖူးျပည္သူမ်ား ၈ မိုင္လမ္းမွတဆင့္ ဘုရားဖူးလာေရာက္လ်က္ရွိျပီးေအာက္စက္ေတာ္ရာေျခေတာ္ရာသို႔ စက္ေလွျဖင့္ ကူးခတ္သြားလာကာဖူးေမွ်ာ္ခဲ႔ၾကသည္၊ ယခုလိုမိုးမ်ား၍ ေခ်ာင္းေရမ်ားေရႀကီးျမင့္တက္ေနခ်ိန္မ်ားတြင္ အႏၱရာယ္မ်ားသည့္အတြက္ စက္ေလွမ်ားျဖင့္သြားလာခြင့္ မျပဳေၾကာင္းမန္းေရႊစက္ေတာ္ ေဂါပကထံမွ သိရသည္။
သန္းနိုင္ဦး(ငဖဲ)
Myanmaalinn
Unicode
ဇူလိုင် ၂၂ ရက်နေ့ညတစ်ညလုံးမိုးရွာသွန်းသဖြင့် ယနေ့နံနက် ၇ နာရီမှစတင်ကာမန်းချောင်းရေကြီးမြင့်၍ မန်းရွှေစက်တော်ဘုရားအောက်စက်တော်ရာရင်ပြင်ပေါ်တွင် ရေနှစ်ပေကျော်ခန့် မြင့်တက်လျက်ရှိကြောင်းသိရသည်။
ငဖဲမြို့နယ်အတွင်းရှိမန်းချောင်းရေနှင့်ပန်းတိမ်းချောင်းရေများသည် ချောင်းအောက်ပိုင်းတွင်ရှိသောမန်းရွှေစက်တော်၊အိုင်းမဆည်၊စကုမြို့အနီးသို့ ဖြတ်သန်းစီးဆင်းလျက်ရှိပြီးအဆိုပါ ချောင်းများအတွင်းသို့ မိုးရွာသွန်းမှုများပြားခဲ့၍ တောင်ကျချောင်းရေများစွာအရှိန်အဟုန်ဖြင့် စီးဆင်းခဲ့၍ မန်းရွှေစက်တော်ရာဘုရားအောက်စက်တော်ရာ ရင်ပြင်အထက်သို့ ကျော်လွန်ကာစီးဆင်းခဲ့ခြင်းဖြစ်သည်။
မန်းရွှေစက်တော်ရာဘုရားသို့ ပွဲတော်ချိန်ကာလ မဟုတ်သော်လည်းဘုရာဖူးပြည်သူများ ၈ မိုင်လမ်းမှတဆင့် ဘုရားဖူးလာရောက်လျက်ရှိပြီးအောက်စက်တော်ရာခြေတော်ရာသို့ စက်လှေဖြင့် ကူးခတ်သွားလာကာဖူးမျှော်ခဲ့ကြသည်၊ ယခုလိုမိုးများ၍ ချောင်းရေများရေကြီးမြင့်တက်နေချိန်များတွင် အန္တရာယ်များသည့်အတွက် စက်လှေများဖြင့်သွားလာခွင့် မပြုကြောင်းမန်းရွှေစက်တော် ဂေါပကထံမှ သိရသည်။

သန်းနိုင်ဦး(ငဖဲ)
Myanmaalinn

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...