ခင်ဝင့်ဝါ အမှန်တကယ် သေဆုံးပြီး လူစားထိုးခံခဲ့ရတာလား







ကိုယ်တွေ 2013လောက်က ခင်ဝင့်ဝါဟာ တကယ်ကို ရူးသွပ်မက်မောစရာ ကောင်မလေးပါ။
 သူ miss ပြိုင်ပွဲဝင်တုန်းက ကိုယ်တွေလဲ onlineကနေ Vote
ပေးခဲ့တယ်။အဲဒီက ပြန်လာတော့ ရုပ်ရှင်ကား
ဗီဒီယို ကားတွေ ရိုက်ကူးခဲ့တယ်။
အဲဒီမှာ နေတိုးနဲ့ ရိုက်တဲ့ အရုပ်ကလေးကို
ကျွန်တော်ပြန်မပေးပါ မှာ ပရိတ်သတ်တော်တော်များ
များ သိသွားကြတယ်။ ကျွန်တော်လည်း တော်တော်
ကြိုက်ခဲ့တဲ့ ကားလေးပေါ့။
       ဒါပေမဲ့ ခုနောက်ပိုင်းမှာ ထူးခြားတာလေးတွေ
တွေ့ရတယ်။
             သူ့ ပုံစံ အရင်က ကိုယ်တွေ စွဲလန်းတဲ့
ခင်ဝင့်ဝါက ပိန်ပိန်သေးသေး။ခုကျ ဝဝကစ်ကစ်
ချစ်စရာလေး။သြော် ဒါ သူဝိတ်မချဖြစ်သေးတာ
နေမှာပါလို့ တွေးခဲ့တယ်။
                  ချိုမြိန်သော လက်စားချေခြင်း ရုပ်ရှင်ကား
ကြည့်မှ သူ  အရမ်းပြောင်းလဲသွားတာပဲလို့ တွေးမိတယ်။ 
တပိုင်းလုံးမှာ သူ့နဂိုသရုပ်ဆောင်တဲ့ပုံစံ ပါမလာတော့ဘူး။


၂၀၁၆ ဟာ သူ့ အတွက် ကောလဟာလတွေ အတိုက်အခိုက်တွေအများကြီးနဲ့ ..  
စိတ်ကျရောဂါ ပြင်းပြင်းထန်ထန် ခံစားရတဲ့နှစ်... ။
ကိုယ်တွေးမိတာ ဪ ရင်ဆိုင်ရတာတွေ များပြီး သူပြောင်းလဲသွားတယ်ပေါ့။ 
ဒီလောက်ပဲ

မနေ့ကမှ Fbမှာ လူတစ်ယောက်တင်ထားတဲ့
စုသျှားထက်ဆိုတဲ့ အကောင့်ကိုတွေ့မှ သတိထားမိသွားတယ်
ခင်ဝင့်ဝါဟာ  ၂၀၁၅ ခုနှစ်ကတည်းက ရေဘေးဒုက္ခသည်ကလေးတွေကိုကူညီရင်း
သေဆုံးသွားခဲ့ပြီး လူစားထိုးခံလိုက်ရပါတယ်တဲ့။ 
အစားထိုးလိုက်တဲ့လူက ချောစုဆိုတဲ့ ခင်ဝင့်ဝါ နဲ့ရုပ်ချင်းတော်တော်ဆင်တဲ့
 ဘန်ကောက်မှာမွေးတဲ့ သူ့သူငယ်ချင်းပါတဲ့ ...
ဒါနဲ့ကိုယ်လည်း လိုက်တော့တာပေါ့ အစ အဆုံး..


ရုပ်ရည်နဲ့ ပြင်ပ လက္ခဏာ
တော်တော်လေးကွဲပြားသွားပါတယ်။ မေးစေ့ ၊ နှာခေါင်း ၊ ခေါင်းပုံစံ၊ သွားအစွယ်လေး ၊
 စကားပြောရင်တောင် ကော့တတ်နေတဲ့ နှုတ်ခမ်းလေး ၊ ပြီးတော့ ပါးက မှဲ့နှစ်ခု ခင်ဝင့်ဝါ ပုံအဟောင်းတွေမှာ မှဲ့လုံးဝမရှိပါ ။

အရပ်မှာ ပြဿနာတတ်တာပဲ။ ခင်ဝင့်ဝါ က 63 inches  ၊ ချောစုက 61 inches ။ ခုမြင်နေတဲ့  ချောစုက
61 inches ပါတဲ့.. ။
(ခင်ဝင့်ဝါ အရပ်ပုသွားအောင် ဘယ်လို လုပ်လိုက်ပါလိမ့်... )

ပြီးတော့ဆံပင် ခင်ဝင့်ဝါ မွေးရာပါက
အမဲရင့်ရောင် ခုချောစုရဲ့ ဆံပင်က  အနက်ရောင်တဲ့
( ဟော်မုန်းချိန်းသွားတာ ဖြစ်ပါလိမ့်မယ်)


အစားအသောက်
ခင်ဝင့်ဝါက ဒူးရင်းသိး အနံတောင်ခံမရပါ။
ချောစုက ဒူးရင်းသီးအရမ်းကြိုက်တယ်တဲ့။  
ဒါတင် မကသေးဘူး အရင်က ခင်ဝင့်ဝါက သတ်တာပုတ်တာတွေ မကြည့်ရဲပါဖူး ။
အခု ချောစုက အောင်လကိုအားပေးပါတယ်တဲ့ ။
ပြီးတော့ အရင်တုန်းက အင်တာဗျူးတစ်ခုမှာ
သူ ကြိုက်တဲ့ အရောင်က တစ်ခု
ဟိုးတစ်နေ့က Live လွှင့်တော့ ပြောတာ တစ်ခု
             ပြီးတော့ မနှစ်က Mc နဲ့ အင်တာဗျူးမှာ
 ခင်ဝင့်ဝါက ချစ်သူ ရှိ မရှိ မဖြေခဲ့ပေမယ့်
အခု ချောစုက မင်္ဂလာဝတ်စုံ ကိုယ်တိုင် ချုပ်ဝတ်မယ်
လို့ ပြောခဲ့တယ်( မယုံရင် အဲ့ဒီ အင်တာဗျူးကို
ရှာကြည့်ပါ)
တခြားကွဲပြားသွားတာတွေ အများကြီးကတော့ Fb မှာကိုယ့်ဘာသာသာရှာ ကြည့်ကြပါတော့.. ။ 
တချို့ပြောကြတာကတော့ ခင်ဝင့်ဝါက ၂၀၁၅ ခုနှစ်ကတည်းက ပရဟိတလုပ်ရင်း သေဆုံးခဲ့ပြီး
ချောစု ကို သူ့နေရာမှာ အစားထိုးထားခဲ့တာပါတဲ့။
 ခင်ဝင့်ဝါဟာ တကယ်ပဲ သေဆုံးပြီး လူစားထိုး ခံခဲ့ရသလား???
ဒါမှမဟုတ် အသက်ရှင်နေရက်နဲ့ clone တစ်ယောက် ဖန်တီးတာလား??
ခင်ဝင့်ဝါက ချောစုလား ???
ခင်ဝင့်ဝါက ခင်ဝင့်ဝါပဲလား  ???

ကိုယ်လည်းသေသေချာချာတော့မသိပါဘူး။
ဒါပေမယ့် သေချာတာကတော့ ခင်ဝင့်ဝါဟာ ကိုယ်သိပ်ချစ်တဲ့ ကိုယ့် အိမ်မက်တွေထဲက
နတ်သမီးပါပဲ

😳😳😳😳
 Credit' https://www.facebook.com/aungkyi.thutun.5?fref=nf 
https://www.facebook.com/aungkyi.thutun.5?fref=nf

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...