အပြင်းဖျားလို့ ဆေးရုံတင်ထားရတဲ့ ထက်ထက်မိုးဦး


သရုပ်ဆောင် ထက်ထက်မိုးဦးတစ်ယောက် ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။
အပြင်းဖျားတာကြောင့် ဇွန်လ(၃၀)ရက်နေ့ ညပိုင်းက ဆေးရုံတင်ထားတာ ဖြစ်တယ်လို့ အကိုဖြစ်သူ ညီထက်နိုင်ရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားပါတယ်။
play
"ညီမလေး ထက်ထက် အလုပ်တွေ ပြန်လုပ်ပြီး ပင်ပန်းလို့ အပြင်းဖျား ဆေးရုံတင်ထားရတယ်ဗျာ။ ဘာမှတော့ မစိုးရိမ် ရပါဘူး။ စိတ်မပူကြနဲ့နော် " ဆိုပြီး ရေးသားထားကာ ထက်ထက်မိုးဦး ဆေးရုံတက်နေတဲ့ ဓာတ်ပုံပါ တင်ထားတာ ကိုလည်း တွေ့ရပါတယ်။
ထက်ထက်ရဲ့ ပရိသတ်တွေကလည်း အမြန်နေကောင်းပါစေလို့ ကောမန့်တွေမှာ ဆုတောင်းပေး ထားတာကိုလည်းတွေ့ရ ပါတယ်။
play

ဆယ်စုနှစ်များစွာ အောင်မြင်ခဲ့တဲ့ ပြည်သူချစ် အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ ထက်ထက်မိုးဦးဟာ  ယခုလတ်တလောမှာ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်လာတာတွေ့ရပါတယ်။
မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်က ကျင်းပတဲ့ သမိုင်းအစဉ်အဆက်ယဉ်ကျေးမှု မပျက်မြတ်နိုးဆင်ယင် ခေတ်အသွင် ဝတ်စားဆင်ယင်ထုံး ဖွဲ့မှုပြပွဲမှာလည်း ပါဝင်ထားပါသေးတယ်။
Photo : ညီထက်နိုင်ဖေ့စ်ဘွတ်

Credit_duwun

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...