ဆယ်ကျော်သက် အရွယ်တွင် ဆေးခြောက် သုံးစွဲ လျှင် ဦးနှောက် စွမ်းဆောင်ရည်များကို ထာဝရ အန္တရာယ် ဖြစ်စေသည်ဟု အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။ ကြီးကောင် ဝင်ချိန် ၌ ဆေးခြောက် သုံးစွဲခြင်းကြောင့် စိတ်ကစဥ့်က လျား ဖြစ်ခြင်း၊ ပြင်းပြင်းထန်ထန် စိတ်ဖောက်ပြန်ခြင်း စသည့် စိတ်ပိုင်းဆိုင်ရာ အန္တရာယ်ဆိုးများလည်း တိုးပွားလာနိုင်သည်ဟု သုတေသနပညာရှင် အက်စ်ဆက်ဖ်ကယ်လာ က ပြောကြားသည်။
“လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက် ကတည်းက ဆယ်ကျော်သက်တွေ ဆေးခြောက် စွဲသုံးလို့ ဖြစ်လာတဲ့ အကျိုးဆက်တွေကို သက်သေသာဓကတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ အသက် ၁၆ နှစ်မပြည့်ခင် ကတည်း က ဆေးခြောက် သုံးတတ်နေတဲ့ ကလေးတွေ ဦးနှောက် အတွေးအခေါ်တွေနဲ့ ထိန်းချုပ်နိုင်မှုတွေ၊ ဦးနှောက် စွမ်းရည်တွေ ကျဆင်းလာတယ်။ စိတ်ဖောက်ပြန်တာတွေ ပိုဖြစ်လာတယ်ဆိုတာ အရင်သုတေသနတွေနဲ့ အခု သုတေသနတွေကပါ ပြသနေပါတယ်” ဟု အက်စ်ဆက်ဖ်ကယ်လာက ပြောကြားသည်။
အမေရိကန် သုတေသန ပညာရှင်များသည် ကြွက်များကို ဆေးခြောက်များ ကျွေး၍ ဦးနှောက် စွမ်းရည် စစ်ဆေးခဲ့ကြရာ ကြွက်ကြီးများတွင် ထူးခြားသည့် ပြောင်းလဲမှုမျိုး မရှိသော်လည်း ကြွက်ငယ်များ၏ မှတ် ဉာဏ်မှာ ပုံမှန်နှင့် မတူဘဲ ကစဥ့်ကလျား ဖြစ်နေသည်ကို ရှာဖွေ တွေ့ရှိခဲ့သည်။
ဦးနှောက်အရှေ့ပိုင်းနှင့် အနောက်ပိုင်းတွင် ဦးနှောက် အရှေ့ပိုင်းသည် ဆေးခြောက်ကြောင့် ပိုမိုထိခိုက် ပျက်စီးလွယ်ပြီး ဦးနှောက် စွမ်းရည်ကို လျော့ကျစေကြောင်းနှင့် စိတ်ဖောက်ပြန်ရခြင်းမှာ ဦးနှောက် အရှေ့ပိုင်း ထိခိုက်မှုများခြင်းကြောင့် ဖြစ်ကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြား သည်။
BY 7DAY NEWS
0 comments :
Post a Comment