(အမ်ားသိေအာင္ Share ေပးပါ)တစ္ေသာင္းတန္အတုမ်ား ျပန္႔ႏွံ႔ေနျခင္းေၾကာင့္ ေဒသခံမ်ား ဆံုးရႈံးနစ္နာမႈရွိ


ရခိုင္ျပည္နယ္တြင္ တစ္ေသာင္းတန္အတုမ်ား ျပန္႔ႏွံ႔ေနျခင္းေၾကာင့္ ေဒသခံမ်ား ဆံုးရႈံးနစ္နာမႈရွိေနတဲ့ သတင္းကိုေဖာ္ျပေပး လိုက္ပါတယ္။ရခိုင္ျပည္နယ္တြင္ တစ္ေသာင္းတန္ ေငြစကၠဴအတုမ်ား မ်ားစြာျပန္႔ႏွံ႔ေနျခင္းေၾကာင့္ ျမန္မာ့လယ္ယာဖြံၿဖိဳးေရး ဘဏ္သို႔ ေခ်းေငြလာဆပ္သည့္ ေတာင္သူမ်ား ေငြစကၠဴအတုမိကာ နစ္နာဆံုးရႈံးမူမ်ားရွိေနေၾကာင္း ေတာင္သူ မ်ားထံမွ သိရွိရသည္။
ေဒသခံေတာင္သူမ်ားသည္ ဘဏ္ေခ်းေငြဆပ္ရန္ စပါး၊ ကြၽဲ၊ ႏြား၊ သစ္ႏွင့္ ေရႊထည္ပစၥည္းမ်ား ေရာင္းခ်၊ ေပါင္ႏွံ ရာမွ ရရွိလာသည့္ ေငြစကၠဴမ်ားျဖင့္ ေခ်းေငြလာဆပ္ရာတြင္ အတုမ်ားပါရွိသည္ကို ေတြ႔ရွိေနရေၾကာင္း သိရသည္။
”ဘဏ္ေငြ လာဆပ္ၾကတဲ့လယ္သမားေတြ နစ္နာေနၾကတယ္၊။ တစ္ေသာင္းတန္အတုေတြ မိလာၾကတယ္။ အဲဒီေငြေတြထဲမွာ တစ္ေသာင္းတန္အတုေတြ ၾကားေဖာက္ပါလာတတ္တယ္။ မေန႔က(ဇူလိုင္ ၅) အိုင္းဝမ္းဘက္က လယ္သမားတစ္ေယာက္ တစ္ေသာင္းတန္ႏွစ္ရြက္ အတုမိလာတယ္။ မ႐ွိဆင္းရဲတဲ့ လယ္သမားေတြအတြက္ ေငြႏွစ္ေသာင္းဆိုတာ မလြယ္ပါဘူး။ အမ်ားအားျဖင့္ ေရႊဆိုင္ေတြကေနတဆင့္ ပါလာတတ္တယ္။”ဟု ျမန္မာ့လယ္ယာဖြံ႔ၿဖိဳးေရးဘဏ္(မင္းျပားဘဏ္ခဲြ)မွ ဘဏ္မန္ေနဂ်ာ ဦးစံညြန္႔ကေျပာသည္။
ရခိုင္ျပည္နယ္႐ွိ ျမန္မာလယ္ယာဖြံၿဖိဳးေရးဘဏ္ခဲြမ်ားသို႔ ေခ်းေငြလာဆပ္ၾကသည့္ ေတာင္သူမ်ား၏ ပိုက္ဆံမ်ား တြင္ ေငြစကၠဴအတုမ်ား ေရာေႏွာပါလာေနသျဖင့္ သတိထားစစ္ေဆးေနရၿပီး မင္းျပားၿမိဳ႕နယ္တြင္ ၂၀၁၇ ခုႏွစ္ ဧၿပီလမွ ဇူလိုင္ ၆ ရက္အထိ (၁)ေသာင္းတန္ေငြစကၠဴအတု အရြက္(၂၀)ေက်ာ္ကို စစ္ေဆးေတြ႔ရွိခဲ့ရေၾကာင္း ျမန္မာ့ လယ္ယာ ဖြံၿဖိဳးေရးဘဏ္ (မင္းျပားဘဏ္ခဲြ)ထံမွ သိရသည္။
ျမန္မာႏုိင္ငံတြင္ မည့္သည့္ ေဒသမွ မည္သူမ်ားက ထုတ္လုပ္ေနမွန္းမသိသည့္ ေငြစကၠဴအတုမ်ားသည္ ႏုိင္ငံအ တြင္း ျပန္႔ႏွံ႔ေနေသာ္လည္း အစုိးရက ရွာေဖြထိန္းခ်ဳပ္ႏိုင္ျခင္းမရွိေသးေၾကာင္း သိရသည္။
Source: MTG
Unicode
ရခိုင်ပြည်နယ်တွင် တစ်သောင်းတန်အတုများ ပြန့်နှံ့နေခြင်းကြောင့် ဒေသခံများ ဆုံးရှုံးနစ်နာမှုရှိနေတဲ့ သတင်းကိုဖော်ပြပေး လိုက်ပါတယ်။ရခိုင်ပြည်နယ်တွင် တစ်သောင်းတန် ငွေစက္ကူအတုများ များစွာပြန့်နှံ့နေခြင်းကြောင့် မြန်မာ့လယ်ယာဖွံဖြိုးရေး ဘဏ်သို့ ချေးငွေလာဆပ်သည့် တောင်သူများ ငွေစက္ကူအတုမိကာ နစ်နာဆုံးရှုံးမူများရှိနေကြောင်း တောင်သူ များထံမှ သိရှိရသည်။
ဒေသခံတောင်သူများသည် ဘဏ်ချေးငွေဆပ်ရန် စပါး၊ ကျွဲ၊ နွား၊ သစ်နှင့် ရွှေထည်ပစ္စည်းများ ရောင်းချ၊ ပေါင်နှံ ရာမှ ရရှိလာသည့် ငွေစက္ကူများဖြင့် ချေးငွေလာဆပ်ရာတွင် အတုများပါရှိသည်ကို တွေ့ရှိနေရကြောင်း သိရသည်။
”ဘဏ်ငွေ လာဆပ်ကြတဲ့လယ်သမားတွေ နစ်နာနေကြတယ်၊။ တစ်သောင်းတန်အတုတွေ မိလာကြတယ်။ အဲဒီငွေတွေထဲမှာ တစ်သောင်းတန်အတုတွေ ကြားဖောက်ပါလာတတ်တယ်။ မနေ့က(ဇူလိုင် ၅) အိုင်းဝမ်းဘက်က လယ်သမားတစ်ယောက် တစ်သောင်းတန်နှစ်ရွက် အတုမိလာတယ်။ မရှိဆင်းရဲတဲ့ လယ်သမားတွေအတွက် ငွေနှစ်သောင်းဆိုတာ မလွယ်ပါဘူး။ အများအားဖြင့် ရွှေဆိုင်တွေကနေတဆင့် ပါလာတတ်တယ်။”ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(မင်းပြားဘဏ်ခွဲ)မှ ဘဏ်မန်နေဂျာ ဦးစံညွန့်ကပြောသည်။
ရခိုင်ပြည်နယ်ရှိ မြန်မာလယ်ယာဖွံဖြိုးရေးဘဏ်ခွဲများသို့ ချေးငွေလာဆပ်ကြသည့် တောင်သူများ၏ ပိုက်ဆံများ တွင် ငွေစက္ကူအတုများ ရောနှောပါလာနေသဖြင့် သတိထားစစ်ဆေးနေရပြီး မင်းပြားမြို့နယ်တွင် ၂၀၁၇ ခုနှစ် ဧပြီလမှ ဇူလိုင် ၆ ရက်အထိ (၁)သောင်းတန်ငွေစက္ကူအတု အရွက်(၂၀)ကျော်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း မြန်မာ့ လယ်ယာ ဖွံဖြိုးရေးဘဏ် (မင်းပြားဘဏ်ခွဲ)ထံမှ သိရသည်။
မြန်မာနိုင်ငံတွင် မည့်သည့် ဒေသမှ မည်သူများက ထုတ်လုပ်နေမှန်းမသိသည့် ငွေစက္ကူအတုများသည် နိုင်ငံအ တွင်း ပြန့်နှံ့နေသော်လည်း အစိုးရက ရှာဖွေထိန်းချုပ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
Source: MTG

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...