မင်းအတွက် လိုသုံးပါပဲလို့ ဆိုလိုက်တဲ့ ဘန်နီဖြိုး


play

ဘန်နီဖြိုးကတော့ လွန်ခဲ့တဲ့ မိနစ်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ "ငါဟာမင်းအတွက် လိုသုံး တစ်ယောက်ပါပဲ *B*" ဆိုပြီးတော့ ရေးသားထားပါတယ်။
အဲ့ဒီစာသားကို ရွှေမှုံရတီကို tag ပြီး ရေးထားတာလည်း ဖြစ်ပါတယ်။
play

သူ့ရဲ့ ပို့စ်အောက်မှာတော့ ပရိသတ်တွေက သီချင်းမှာ သရုပ်ဆောင်ခိုင်းမှာလား ဘာလားဆိုပြီးတော့ မေးခွန်းများစွာနဲ့ ရှိနေကြပါတယ်။ ဘန်နီဖြိုးရဲ့ အဲ့ဒီပို့စ်ကတော့ (၁၈)မိနစ်အတွင်း Like သုံးထောင် ကျော်သွားခဲ့ပါတယ်။ ရွှေမှုံရတီကတော့ ဘန်နီဖြိးရဲ့ ပို့စ်အောက်မှာ ဝမ်းနည်းတဲ့ ပုံလေးတွေ ပေးထားတာကိုလည်း တွေ့ရပါတယ်။
play

သီချင်းအတွက်ပဲလား ဘယ်လိုလဲဆိုတာကိုတော့ ဘန်နီဖြိုးက မပြောပြထားပါဘူး။ ပရိသတ်တွေကလည်း သိချင်နေကြမှာ ပါ။ ဘန်နီဖြိုးက လက်ရှိမှာ ဂီတပိုင်းကိုပဲ ဦးစားပေးလုပ်ကိုင်နေသူ တစ်ဦးဖြစ်သူ အချစ်ရေးနဲ့ ပတ်သက်လို့ တစ်ယောက် တည်း ဖြစ်နေတယ်လို့လည်း သိရပါတယ်။
ဂီတလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဖြစ်နေတဲ့ ဘန်နီဖြိုးကတော့ သူရဲ့ Lucky MTV ကို မွေးနေ့အမီ ထွက်နိုင်အောင် ကြိုးစားသွားချင်ပေမယ့် မှန်းထားသလို ဖြစ်မလာမှာစိုးတဲ့အတွက် ဘယ်တော့ထွက်မလဲဆိုတာကို အတိအကျ မပြောပြခဲ့ ပါဘူး။
Photo : ဘန်နီဖြိုး ဖေ့စ်ဘွတ်

Credit-DUwun

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...