ေအးေသာင္းနဲ႔ အင္တာဗ်ဴးကုိ တရား၀င္ Facebook စာမ်က္ႏွာမွာ ေဖာ္ျပၿပီးခဲ့တဲ့ေနာက္ ျပန္ၾကားေရး၀န္ႀကီးဌာနလည္း ေ၀ဖန္မႈေတြနဲ႔ရင္ဆုိင္ခဲ့ရ


ေအး၀တ္ရည္ေသာင္းနဲ႔ အင္တာဗ်ဴးကုိ တရား၀င္ Facebook စာမ်က္ႏွာမွာ ေဖာ္ျပၿပီးခဲ့တဲ့ေနာက္ ျပန္ၾကားေရး၀န္ႀကီးဌာနလည္း ေ၀ဖန္မႈေတြနဲ႔ရင္ဆုိင္ခဲ့ရ

ႏုိင္ငံေရးသတင္းေတြ၊ ျပည္သူလူထုနဲ႔ သက္ဆုိင္တဲ့ သတင္းမ်ိဳးေတြကုိသာ တင္ေလ့ရွိၿပီး အစုိးရရဲ႕ ၀န္ႀကီးဌာနေတြထဲက တစ္ခုျဖစ္တဲ့ ျပန္ၾကားေရး၀န္ႀကီးဌာနကေတာ့ သူတို႔ရဲ႕ တရား၀င္ Facebook စာမ်က္ႏွာမွာ ေအး၀တ္ရည္ေသာင္းနဲ႔ အင္တာဗ်ဴးက႑ကုိ ေဖာ္ျပၿပီးတဲ့ေနာက္ ေ၀ဖန္မႈေတြနဲ႔ ရင္ဆုိင္ေနရၿပီပဲ ျဖစ္ပါတယ္။
လူမႈကြန္ယက္စာမ်က္ႏွာေတြေပၚမွာ ေအးေသာင္း လုိ႔နာမည္ႀကီးေနတဲ့ ေအး၀တ္ရည္ေသာင္းဟာ သူမရဲ႕ ျမန္မာဆန္ဆန္အလွေတြေၾကာင့္ ပရိသတ္စိတ္၀င္စားမႈကုိ အမ်ားအျပားရရွိထားသူ တစ္ေယာက္ပါ။
ျပန္ၾကားေရး၀န္ႀကီးဌာနအေနနဲ႔ သူတုိ႔ရဲ႕ တရား၀င္ Facebook စာမ်က္ႏွာမွာ ဒီေန႔ထုတ္ျမန္မာ့အလင္းသတင္းစာမွာပါ၀င္တဲ့ “ေအးေသာင္း သုိ႔မဟုတ္ ျပန္လည္ျဖစ္တည္လာတဲ့ ေအး၀တ္ရည္ေသာင္း” ဆုိတဲ့ ေခါင္းစဥ္နဲ႔ အင္တာဗ်ဴးကုိ တင္ခဲ့ၿပီး ျပန္ၾကားေရး၀န္ႀကီးဌာနရဲ႕ တရား၀င္ေပ့ခ်္မွာ ဒီလုိ အေၾကာင္းအရာမ်ိဳး တင္သင့္ရဲ႕လားလုိ႔ စာဖတ္သူေတြက ေမးခြန္းထုတ္ခဲ့ၾကပါတယ္။
ျမန္မာ့အလင္းနဲ႔ ေၾကးမုံသတင္းစာေတြထဲက သတင္းေတြျဖစ္ၾကတဲ့ သမၼတရဲ႕ သတင္းေတြ၊ လႊတ္ေတာ္သတင္းေတြ၊ တပ္မေတာ္ရဲ႕ သတင္းေတြကုိသာ ဦးစားေပးတင္ေလ့ရွိတဲ့ ျပန္ၾကားေရး၀န္ႀကီးဌာနရဲ႕ သတင္းေတြၾကားမွာ ေအးေသာင္းနဲ႔ အင္တာဗ်ဴးဟာ အံ့အားသင့္စရာျဖစ္ခဲ့ရတာပါ။
ဒီျဖစ္ရပ္ဟာ ျပန္ၾကားေရး၀န္ႀကီးဌာနရဲ႕ သတင္းေဖာ္ျပမႈျဖစ္စဥ္မွာ ျဖစ္ေတာင့္ျဖစ္ခဲ ကိစၥလုိ႔ ေျပာရမွာျဖစ္ၿပီး ေအး၀တ္ရည္ေသာင္း အေနနဲ႔ ျပန္ၾကားေရး၀န္ႀကီးဌာနကုိေတာင္ ဆြဲေဆာင္ေနၿပီ လုိ႔ Facebook သုံးစြဲသူေတြက ေ၀ဖန္ခဲ့ၾကပါတယ္။
Trend Myanmar

အေးဝတ်ရည်သောင်းနဲ့ အင်တာဗျူးကို တရားဝင် Facebook စာမျက်နှာမှာ ဖော်ပြပြီးခဲ့တဲ့နောက် ပြန်ကြားရေးဝန်ကြီးဌာနလည်း ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရ
……………………………………………………………………………………
နိုင်ငံရေးသတင်းတွေ၊ ပြည်သူလူထုနဲ့ သက်ဆိုင်တဲ့ သတင်းမျိုးတွေကိုသာ တင်လေ့ရှိပြီး အစိုးရရဲ့ ဝန်ကြီးဌာနတွေထဲက တစ်ခုဖြစ်တဲ့ ပြန်ကြားရေးဝန်ကြီးဌာနကတော့ သူတို့ရဲ့ တရားဝင် Facebook စာမျက်နှာမှာ အေးဝတ်ရည်သောင်းနဲ့ အင်တာဗျူးကဏ္ဍကို ဖော်ပြပြီးတဲ့နောက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပြီပဲ ဖြစ်ပါတယ်။
လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ အေးသောင်း လို့နာမည်ကြီးနေတဲ့ အေးဝတ်ရည်သောင်းဟာ သူမရဲ့ မြန်မာဆန်ဆန်အလှတွေကြောင့် ပရိသတ်စိတ်ဝင်စားမှုကို အများအပြားရရှိထားသူ တစ်ယောက်ပါ။
ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ သူတို့ရဲ့ တရားဝင် Facebook စာမျက်နှာမှာ ဒီနေ့ထုတ်မြန်မာ့အလင်းသတင်းစာမှာပါဝင်တဲ့ “အေးသောင်း သို့မဟုတ် ပြန်လည်ဖြစ်တည်လာတဲ့ အေးဝတ်ရည်သောင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ အင်တာဗျူးကို တင်ခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာနရဲ့ တရားဝင်ပေ့ချ်မှာ ဒီလို အကြောင်းအရာမျိုး တင်သင့်ရဲ့လားလို့ စာဖတ်သူတွေက မေးခွန်းထုတ်ခဲ့ကြပါတယ်။
မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတွေထဲက သတင်းတွေဖြစ်ကြတဲ့ သမ္မတရဲ့ သတင်းတွေ၊ လွှတ်တော်သတင်းတွေ၊ တပ်မတော်ရဲ့ သတင်းတွေကိုသာ ဦးစားပေးတင်လေ့ရှိတဲ့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ သတင်းတွေကြားမှာ အေးသောင်းနဲ့ အင်တာဗျူးဟာ အံ့အားသင့်စရာဖြစ်ခဲ့ရတာပါ။
ဒီဖြစ်ရပ်ဟာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ သတင်းဖော်ပြမှုဖြစ်စဉ်မှာ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စလို့ ပြောရမှာဖြစ်ပြီး အေးဝတ်ရည်သောင်း အနေနဲ့ ပြန်ကြားရေးဝန်ကြီးဌာနကိုတောင် ဆွဲဆောင်နေပြီ လို့ Facebook သုံးစွဲသူတွေက ဝေဖန်ခဲ့ကြပါတယ်။
Trend Myanmar

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...