ကမ္ဘာ့ချန်ပီယံလုပွဲတွင် အနိုင်ရရှိမည်ဟု ယုံကြည်ကြောင်း အောင်လအန်ဆန်း ပြော







DVB
============

အောင်လအန်ဆန်းအနေနဲ့ ဇွန်လ ၃၀ ရက်နေ့ One Championship မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲမှာ ရာနှုန်းပြည့် အနိုင်ရရှိမယ်လို့ ယုံကြည်ထားကြောင်း ပြောပါတယ်။

အောင်လဟာ အခုထိုးသတ်မယ့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဗစ်တာလီဘစ်ဒက်ရှ်ကို ပထမပွဲမှာ ရှုံးနိမ့်ထားခဲ့ပါတယ်။

အခုထပ်ထိုးမယ့်ပွဲနဲ့ ပတ်သက်ပြီး “အနိုင်ရဖို့ မယုံကြည်ဘူးဆိုရင် ဘာလို့ထိုးနေမှာလဲ” လို့ အောင်လအန်ဆန်းက ပြောပါတယ်။

အောင်လဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ချန်ပီယံလုပွဲမှာ လူစားထိုး ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်လို့ လေ့ကျင့်ချိန် သိပ်မရခဲ့ဘဲ ရှုံးနိမ့်ခဲ့တာပါ။

ဒီပြိုင်ပွဲအတွက် ကိုယ်ခန္ဓာကြံ့ခိုင်မှုပိုင်းဆိုင်ရာကို အလေးပေး ပြင်ဆင်ထားပြီး တခြားဘာအလုပ်မှမလုပ်ဘဲ ၃ လကျော်ကြာ ဒီပွဲကိုပဲ အာရုံစိုက် လေ့ကျင့်ခဲ့တယ်လို့ ဆိုပါတယ်။

ပြိုင်ဘက် ဘစ်ဒက်ရှ်နဲ့ ပတ်သက်လို့လည်း သူများနဲ့မတူဘဲ အလွန်သန်မာတဲ့ပြိုင်ဘက် ဖြစ်တယ်လို့ ဆိုပါတယ်။

DVB

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...