အတိတ္ကဘ၀အေၾကာင္းကုိ ဖြင္႔ေျပာလိုက္တဲ႔ နိုင္ငံေက်ာ္ မင္းသမီးမင္းသမီး



႐ုပ္ရွင္ဇာတ္ကားႀကီးမ်ားတြင္ အေတြ႕ရမ်ားလာၿပီး ဇာတ္ကားမ်ားတြင္လည္း ေနရာရလာသည့္ သ႐ုပ္ေဆာင္ ေဘဘီေမာင္က တစ္ခါက ရန္ကုန္ၿမိဳ႕ျပ ႐ုပ္ရွင္ ဇာတ္ကားတြင္ သ႐ုပ္ေဆာင္ စြမ္းဇာနည္၏ ခ်စ္သူအျဖစ္ သ႐ုပ္ေဆာင္ထားသည္။ အႏုပညာ ေလာကအတြင္းသို႔ ခက္ခဲစြာ ဝင္ေရာက္ခဲ့ရသည္ဟု ႐ိုးသားစြာ ရင္ဖြင့္ ေျပာျပတတ္သည့္ ေဘဘီေမာင္တစ္ေယာက္ အႏုပညာရွင္မျဖစ္မီက မိသားစု အေပၚငဲ့ညႇာရင္း ေက်ာင္းသူဘဝ အမွတ္တရမ်ားစြာကိုလည္း အလ်ဥ္းသင့္သလို ေျပာျပတတ္သူတစ္ဦး ျဖစ္သည္။
ေမး ။ ေဘဘီေမာင္ရဲ႕ လတ္တေလာ အႏုပညာ လႈပ္ရွားမႈက ဘာေတြလဲ။
ေျဖ ။ လတ္တေလာမွာ ဒါ႐ိုက္တာညိဳမင္းလြင္ရဲ႕ တစ္ခါက ရန္ကုန္ၿမိဳ႕ျပ ဇာတ္ ကားမွာ ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ အဲဒီဇာတ္ကားမွာ ကြၽန္မက မူးယစ္ေဆး ေရာင္း လည္းေရာင္းတယ္၊ သံုးလည္း သံုးတဲ့သူေပါ့။ ေယာက္်ားေလးေတာ္ေတာ္ မ်ားမ်ားက မ်က္စိက်ၾကတယ္။ ငယ္ရြယ္လွပတာေရာ မူးယစ္ေဆးေရာင္းတာ ေၾကာင့္လာၾကတယ္။ သူတို႔ထဲမွာ စြမ္းဇာနည္လည္းပါတယ္။ သူတို႔က လမ္းသရဲပံုစံ ေတြ ေနာက္ဆံုးသူနဲ႔ခ်စ္သူျဖစ္သြားၿပီး အတူတူ မူးယစ္ေဆးသံုးၾကတယ္။ အဲဒီလိုနဲ႔ ဘဝပ်က္သြားတဲ့ သင္ခန္းစာေပးတဲ့ ဇာတ္လမ္းေလးပါ။
ေမး ။ ယေန႔အခ်ိန္မွာ ေဘဘီေမာင္အေနနဲ႔ ေခါင္းေဆာင္တစ္ဦးအျဖစ္ ဇာတ္လမ္းေတြမွာ ေနရာရေနၿပီလား။ ဒါနဲ႔ ပတ္သက္ၿပီးေရာ ခံစားမႈရွိလား။
ေျဖ ။ ေခါင္းေဆာင္ေနရာကေန သ႐ုပ္ေဆာင္ခြင့္ရတာ သံုးႏွစ္ေလာက္ကတည္း ကပါပဲ။ ႐ုပ္ရွင္ဇာတ္ကားႀကီးက ၁၅ ကားရွိတယ္။ ဗီဒီယိုကေတာ့ ေခါင္းေဆာင္ အေနနဲ႔ သံုးကားေလာက္ရွိတယ္။ ကြၽန္မက ဒီေလာကထဲကို မင္းသမီးတစ္ေယာက္ ျဖစ္လိုတဲ့စိတ္နဲ႔ဝင္ခဲ့တာ မဟုတ္ပါဘူး။ သ႐ုပ္ေဆာင္ျဖစ္ခ်င္တဲ့ စိတ္နဲ႔ဝင္ခဲ့တာ ဆိုေတာ့ ေဆးစက္က်ရာ အ႐ုပ္ထင္သလိုပါပဲ။ ကြၽန္မအေနနဲ႔ အႏုပညာအလုပ္ဆိုရင္ ဘယ္အခန္းက႑ကမဆို လုပ္ေဆာင္သြားမွာပါ။ ေခါင္းေဆာင္ေနရာမွဆိုၿပီး မရလို႔လည္း ခံစားေနရတာမ်ဳိး ဘာမွမရွိပါဘူး။
ေမး ။ ေဘဘီေမာင္ရဲ႕ဘဝနဲ႔ပတ္သက္ၿပီးေတာ့ေရာ ဇာတ္ကား မ႐ိုက္ဘူးလား။
ေျဖ ။ ကိုယ္တိုင္ကလည္း ႀကိဳးစားဆဲပါ။ ကိုယ္တိုင္ေတာင္ ဒါ႐ိုက္တာေတြ၊ ထုတ္လုပ္သူေတြ၊ ဆရာသမားေတြ ခ်ေပးတဲ့ ေနရာမွာပဲ လုပ္ရတာပါ။ ကိုယ့္ဘဝ အေၾကာင္းေလးေတာ့ အခြင့္ သာမယ္ဆိုရင္ ႐ိုက္ကူးခ်င္တဲ့စိတ္ရွိပါတယ္။ အဓိကက ေတာ့ မိဘအေပၚ သိတတ္ဖို႔၊ မိဘအတြက္ အၿမဲအဆင္သင့္ရွိဖို႔၊ မိသားစု စားဝတ္ ေနေရးအတြက္ ဘယ္လိုႀကိဳးစားခဲ့သလဲဆိုတာမ်ဳိး ကိုယ္ေတြ႔နဲ႔ယွဥ္ၿပီး ဇာတ္ကား ေလးတစ္ကားေတာ့ ျဖစ္လာေစခ်င္ပါတယ္။
ကြၽန္မအေဖက ဝန္ထမ္းဆိုေတာ့ ေငြေၾကးျပည့္စံုမႈ အားနည္းတယ္။ ေက်ာင္း တက္ရင္ က်ဴရွင္လခနဲ႔လိုအပ္တာေတြကို ကိုယ့္ဘာသာကိုယ္ျဖည့္ႏိုင္ေအာင္ အပိုဝင္ ေငြရွာတယ္။ အေမ က အိမ္မွာပဲ ထမင္း၊ ဟင္းေရာင္းတယ္။ မိသားစုကို ကူညီေျဖရွင္း ေပးႏိုင္တာ အၿမဲပဲ ဂုဏ္ယူစရာကိစၥရပ္ပါ။ ငယ္ငယ္က အိမ္ေရွ႕ သရက္ပင္ေတြကေန သရက္သီးေတြေရာင္းၿပီး ကုိယ္လိုခ်င္တာ ေတြ၊ ေက်ာင္းစရိတ္ေတြ ျဖည့္တင္းခဲ့ရတဲ့ အခ်ိန္ေတြက မေမ့ႏိုင္တဲ့ ဘဝရဲ႕ပံုရိပ္ေတြပါပဲ။

MYANMAALINNNEWS 

Unicode
ရုပ်ရှင်ဇာတ်ကားကြီးများတွင် အတွေ့ရများလာပြီး ဇာတ်ကားများတွင်လည်း နေရာရလာသည့် သရုပ်ဆောင် ဘေဘီမောင်က တစ်ခါက ရန်ကုန်မြို့ပြ ရုပ်ရှင် ဇာတ်ကားတွင် သရုပ်ဆောင် စွမ်းဇာနည်၏ ချစ်သူအဖြစ် သရုပ်ဆောင်ထားသည်။ အနုပညာ လောကအတွင်းသို့ ခက်ခဲစွာ ဝင်ရောက်ခဲ့ရသည်ဟု ရိုးသားစွာ ရင်ဖွင့် ပြောပြတတ်သည့် ဘေဘီမောင်တစ်ယောက် အနုပညာရှင်မဖြစ်မီက မိသားစု အပေါ်ငဲ့ညှာရင်း ကျောင်းသူဘဝ အမှတ်တရများစွာကိုလည်း အလျဉ်းသင့်သလို ပြောပြတတ်သူတစ်ဦး ဖြစ်သည်။
မေး ။ ဘေဘီမောင်ရဲ့ လတ်တလော အနုပညာ လှုပ်ရှားမှုက ဘာတွေလဲ။
ဖြေ ။ လတ်တလောမှာ ဒါရိုက်တာညိုမင်းလွင်ရဲ့ တစ်ခါက ရန်ကုန်မြို့ပြ ဇာတ် ကားမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ အဲဒီဇာတ်ကားမှာ ကျွန်မက မူးယစ်ဆေး ရောင်း လည်းရောင်းတယ်၊ သုံးလည်း သုံးတဲ့သူပေါ့။ ယောကျာ်းလေးတော်တော် များများက မျက်စိကျကြတယ်။ ငယ်ရွယ်လှပတာရော မူးယစ်ဆေးရောင်းတာ ကြောင့်လာကြတယ်။ သူတို့ထဲမှာ စွမ်းဇာနည်လည်းပါတယ်။ သူတို့က လမ်းသရဲပုံစံ တွေ နောက်ဆုံးသူနဲ့ချစ်သူဖြစ်သွားပြီး အတူတူ မူးယစ်ဆေးသုံးကြတယ်။ အဲဒီလိုနဲ့ ဘဝပျက်သွားတဲ့ သင်ခန်းစာပေးတဲ့ ဇာတ်လမ်းလေးပါ။
မေး ။ ယနေ့အချိန်မှာ ဘေဘီမောင်အနေနဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် ဇာတ်လမ်းတွေမှာ နေရာရနေပြီလား။ ဒါနဲ့ ပတ်သက်ပြီးရော ခံစားမှုရှိလား။
ဖြေ ။ ခေါင်းဆောင်နေရာကနေ သရုပ်ဆောင်ခွင့်ရတာ သုံးနှစ်လောက်ကတည်း ကပါပဲ။ ရုပ်ရှင်ဇာတ်ကားကြီးက ၁၅ ကားရှိတယ်။ ဗီဒီယိုကတော့ ခေါင်းဆောင် အနေနဲ့ သုံးကားလောက်ရှိတယ်။ ကျွန်မက ဒီလောကထဲကို မင်းသမီးတစ်ယောက် ဖြစ်လိုတဲ့စိတ်နဲ့ဝင်ခဲ့တာ မဟုတ်ပါဘူး။ သရုပ်ဆောင်ဖြစ်ချင်တဲ့ စိတ်နဲ့ဝင်ခဲ့တာ ဆိုတော့ ဆေးစက်ကျရာ အရုပ်ထင်သလိုပါပဲ။ ကျွန်မအနေနဲ့ အနုပညာအလုပ်ဆိုရင် ဘယ်အခန်းကဏ္ဍကမဆို လုပ်ဆောင်သွားမှာပါ။ ခေါင်းဆောင်နေရာမှဆိုပြီး မရလို့လည်း ခံစားနေရတာမျိုး ဘာမှမရှိပါဘူး။
မေး ။ ဘေဘီမောင်ရဲ့ဘဝနဲ့ပတ်သက်ပြီးတော့ရော ဇာတ်ကား မရိုက်ဘူးလား။
ဖြေ ။ ကိုယ်တိုင်ကလည်း ကြိုးစားဆဲပါ။ ကိုယ်တိုင်တောင် ဒါရိုက်တာတွေ၊ ထုတ်လုပ်သူတွေ၊ ဆရာသမားတွေ ချပေးတဲ့ နေရာမှာပဲ လုပ်ရတာပါ။ ကိုယ့်ဘဝ အကြောင်းလေးတော့ အခွင့် သာမယ်ဆိုရင် ရိုက်ကူးချင်တဲ့စိတ်ရှိပါတယ်။ အဓိကက တော့ မိဘအပေါ် သိတတ်ဖို့၊ မိဘအတွက် အမြဲအဆင်သင့်ရှိဖို့၊ မိသားစု စားဝတ် နေရေးအတွက် ဘယ်လိုကြိုးစားခဲ့သလဲဆိုတာမျိုး ကိုယ်တွေ့နဲ့ယှဉ်ပြီး ဇာတ်ကား လေးတစ်ကားတော့ ဖြစ်လာစေချင်ပါတယ်။

ကျွန်မအဖေက ဝန်ထမ်းဆိုတော့ ငွေကြေးပြည့်စုံမှု အားနည်းတယ်။ ကျောင်း တက်ရင် ကျူရှင်လခနဲ့လိုအပ်တာတွေကို ကိုယ့်ဘာသာကိုယ်ဖြည့်နိုင်အောင် အပိုဝင် ငွေရှာတယ်။ အမေ က အိမ်မှာပဲ ထမင်း၊ ဟင်းရောင်းတယ်။ မိသားစုကို ကူညီဖြေရှင်း ပေးနိုင်တာ အမြဲပဲ ဂုဏ်ယူစရာကိစ္စရပ်ပါ။ ငယ်ငယ်က အိမ်ရှေ့ သရက်ပင်တွေကနေ သရက်သီးတွေရောင်းပြီး ကိုယ်လိုချင်တာ တွေ၊ ကျောင်းစရိတ်တွေ ဖြည့်တင်းခဲ့ရတဲ့ အချိန်တွေက မမေ့နိုင်တဲ့ ဘဝရဲ့ပုံရိပ်တွေပါပဲ။

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...