နာမည်ကြီး မြန်မာမင်းသားအချို့ ၏ ပုံတူ ဆီလီကွန် Doll များကို မြန်မာအမျိုးသမီးများ ၀ယ်ယူနေ
ဆီလီကွန် Sex Doll များ ၀ယ်ယူသည့်ဈေးကွက်တွင် ပြည်တွင်းပြည်ပ သရုပ်ဆောင် မော်ဒယ်မင်းသမီးများ၏ ပုံစံတူများကို အမျိုးသားများက မှာယူမှုအပြင် လက်ရှိမြန်မာ့ထိပ်တန်း ငါးဦး စာရင်းဝင်မင်းသားအချို့ ၏ ပုံစံတူ ဆီလီကွန် Sex Doll ကိုပါ မြန်မာအမျိုးသမီးများက ၀ယ်ယူနေကြကြောင်း Myanmar Doll Lover မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဈေးကွက်အတွင်း၌ မှာယူရောင်းချပေးနေရမှုများအရ ဆီလီကွန်အရုပ်များဝယ်ယူသူ လူဦးရေ(၁၀၀)လျှင် အမျိုးသား ၈၀ ရာခိုင်နှုန်းရှိပြီး အမျိုးသမီး ၂၀ ရာခိုင်နှုန်း ရှိနေကြောင်း ၄င်းက
အမျိုးသမီးများ ၀ယ်ယူသော ဆီလီကွန်အရုပ်များမှာ အမျိုးသားများဝယ်ယူသော အရုပ်များထက် ဈေးနှုန်းကြီးမြင့်မှု မရှိဘဲ ကျပ်(၁၀)သိန်းဝန်းကျင် အရုပ်များကို မှာယူလေ့ရှိကြောင်း၊
Credit.မူရင်း
=============
နာမည်ကြီး မင်းသားအချို ့၏ ပုံတူ ဆီလီကွန် Sex Doll များကို မြန်မာအမျိုးသမီးများ ဝယ်ယူနေ
ဆီလီကွန် Sex Doll များ ဝယ်ယူသည့်စျေးကွက်တွင် ပြည်တွင်းပြည်ပ သရုပ်ဆောင် မော်ဒယ်မင်းသမီးများ၏ ပုံစံတူများကို အမျိုးသားများက မှာယူမှုအပြင် လက်ရှိမြန်မာ့ထိပ်တန်း ငါးဦး စာရင်းဝင်မင်းသားအချို ့၏ ပုံစံတူ ဆီလီကွန် Sex Doll ကိုပါ မြန်မာအမျိုးသမီးများက ဝယ်ယူနေကြကြောင်း Myanmar Doll Lover မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စျေးကွက်အတွင်း၌ မှာယူရောင်းချပေးနေရမှုများအရ ဆီလီကွန်အရုပ်များဝယ်ယူသူ လူဦးရေ(၁၀၀)လျှင် အမျိုးသား ၈၀ ရာခိုင်နှုန်းရှိပြီး အမျိုးသမီး ၂၀ ရာခိုင်နှုန်း ရှိနေကြောင်း ၄င်းက
ပြောသည်။ “ အမျိုးသားတင် မဟုတ်ပါဘူး။ အမျိုးသမီးတွေလည်း ဝယ်နေတာတော့ ကြာပါပြီ။ အဓိက ကတော့ ရန်ကုန်၊ မန္တလေးနှစ်မြို့က ဝယ်တာပါ။ ဘယ်လိုအမျိုးသမီးတွေ အများဆုံးဝယ်လဲဆိုတော့ အိမ်ထောင်နဲ့ကွဲကွာနေတဲ့ အမျိုးသမီးတွေ၊ အိမ်ထောင်ရေး အဆင်မပြေတဲ့ အမျိုးသမီးတွေ အများဆုံးဝယ်ပါတယ်။ ဝယ်တဲ့နေရာမှာ ပြည်တွင်းက မင်းသားပုံစံ အရုပ်တွေ ဝယ်သလို နိုင်ငံခြားမင်းသားပုံစံ အရုပ်တွေလဲ ဝယ်ပါတယ်။ အများဆုံးဝယ်တာကတော့ ကိုရီးယားမင်းသားပုံစံ အရုပ်တွေ ဝယ်ပါတယ် " ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။
အမျိုးသမီးများ ဝယ်ယူသော ဆီလီကွန်အရုပ်များမှာ အမျိုးသားများဝယ်ယူသော အရုပ်များထက် စျေးနှုန်းကြီးမြင့်မှု မရှိဘဲ ကျပ်(၁၀)သိန်းဝန်းကျင် အရုပ်များကို မှာယူလေ့ရှိကြောင်း၊
ယခင်က အရုပ်ဝယ်ယူလျှင် ရန်ကုန်မြို့အတွင်း အိမ်ထိအရောက်ပို့ပေးသော်လည်း နောက်ပိုင်းတွင် အမျိုးသမီးများ အရုပ်ဝယ်ယူပါက ရန်ကုန်မှ အရုပ်ဝယ်လျှင်မန္တလေးမှ အရုပ်ပို့ပေးပြီး
မန္တလေးမှ အရုပ်ဝယ်လျှင် ရန်ကုန်မှ အရုပ်ပို့ပေး၍ အရောင်းအဝယ် ပြုလုပ်ပေးကြောင်း သိရသည်။ စျေးကွက်အနေအထားအရ မြန်မာမှ ထိပ်တန်း ငါးဦးစာရင်းဝင် နာမည်ကြီး မင်းသားတစ်ဦးမှာ ရောင်းအားအကောင်းဆုံး Sex Doll ဖြစ်နေပြီး သက်ဆိုင်သူနှစ်ဦးနှစ်ဖက်လုံး၏ ဂုဏ်သိက္ခာအရ ပြင်ပသို ့ပေးမသိစေလိုကြောင်းလည်း သိရသည်။ အမျိုးသမီးတစ်ဦးအနေဖြင့်လည်း ၄င်းတို ့နှစ်သက် သဘောကျသော သရုပ်ဆောင်မင်းသား၏ ပုံစံတူဆီလီကွန်အရုပ်ကို အနီးဆုံးနေရာတွင် ထားရှိလိုသောကြောင့်သာ ဝယ်ယူခြင်းဖြစ်ဟန်ရှိပြီး နိုင်ငံတကာတွင်လည်း ယင်းကဲ့သို ့ဝယ်ယူ သိမ်းထားတတ်သည့် အနုပညာရူးသွပ်မှုများ ရှိနေကြောင်း ကြားသိရသည်။
Akonthi Media>>Ko Kyi Win
Credit.မူရင်း
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...